အိမ်ရှင်မလောင်းတစ်ယောက်၏ အတွေး



ကျွန်မလား….?ယောက္ခမ ကို ကျွန်မက မိဘလို သဘောထားပါရဲ့နဲ့ကျွန်မအပေါ်ဆိုးနေရင်လည်း ကျွန်မခင်ပွန်းလောင်းကကျွန်မအပေါ်နားလည် သဘောပေါက်ပြီးကြားကနေ အကောင်းဆုံး ညှိနှိုင်းပေးမယ်ဆိုတာ ယုံကြည်တယ်။

ကျွန်မလား….?အိမ်ထောင်ပြုတယ်ဆိုတာက ယောက်ျားတစ်ယောက်ကိုလိုအပ်လို့ ယူတာမဟုတ်ဘဲ ဘဝအသစ်တည်ဆောက်ရန်လူသားတစ်ယောက်တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်ပီးကိုယ့်ခြေထောက်အပေါ်ကိုယ်ရပ်တည်နိုင်တဲ့ အတွက် ယောက္ခမလောင်းကကျွန်မအပေါ် အနိုင်ယူမှာ မဟုတ်ဘူးလို့ ယူဆထားတယ်။

ကျွန်မလား….?ကိုယ့်ခြေထောက်အပေါ် ကိုယ်ရပ်တည်နိုင်ပေမယ့်ကိုယ်ရွေးချယ်ထားတဲ့ ခင်ပွန်းလောင်းကို အိမ်ဦးနတ်လိုလေးစားစွာ ဆက်ဆံမှာဖြစ်လို့ ယောက္ခမလောင်းက
ကျွန်မအပေါ် နိုင့်ထက်စီးနင်း လုပ်ရဲမဟုတ်ဘူးလို့ယုံကြည်ထားတယ်။

ကျွန်မလား….?ကိုယ့်ကိုယ်ကိုယ် အရည်အချင်းရှိအောင် ကြိုးစားထားသလိုမြန်မာအိမ်ရှင်မတစ်ယောက် ထားသင့်တဲ့ စိတ်နေသဘောထားကိုအကောင်းဆုံးကြိုးစားထားတဲ့အတွက် လင်ယောက်ျားကောင်းရနိုင်သလို ယောက္ခမဆိုးနဲ့ မကြုံရဘူးလို့ယုံကြည်ထားတယ်။



လေးစားစွာဖြင့် ♥ ♥ ♥
ဇင်းနစ်​မကွေး

Photo——-crd
unicode
အိမ်ရှင်မလောင်းတစ်ယောက်၏ အတွေး
ကျွန်မလား..?ယောက္ခမနဲ့ မတည့်စရာမရှိပါဘူးကျွန်မ ယောက္ခမကို မိဘလို သဘောထားမှခင်ပွန်းလောင်းက ကျွန်မမိဘတွေကို
သူ့မိဘလို သဘောထားလာမှာပါ

ကျွန်မလား…?”သင် ကောင်းရင် ကျွန်ုပ်မဆိုးပါ”ဆိုတဲ့ စကားကိုလက်မခံပါဘူး ကျွန်မ ခုသိလိုက်တာကသင် ကောင်းကောင်းမကောင်းကောင်းကျွန်မ ကောင်းနေဖို့လိုတယ်ဆိုတာကိုပါ။

ကျွန်မလား….?ယောက္ခမ ကို ကျွန်မက မိဘလို သဘောထားပါရဲ့နဲ့ကျွန်မအပေါ်ဆိုးနေရင်လည်း ကျွန်မခင်ပွန်းလောင်းကကျွန်မအပေါ်နားလည် သဘောပေါက်ပြီးကြားကနေ အကောင်းဆုံး ညှိနှိူင်းပေးမယ်ဆိုတာ ယုံကြည်တယ်။

ကျွန်မလား….?အိမ်ထောင်ပြုတယ်ဆိုတာက ယောက်ျားတစ်ယောက်ကိုလိုအပ်လို့ ယူတာမဟုတ်ဘဲ ဘဝအသစ်တည်ဆောက်ရန်လူသားတစ်ယောက်တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်ပီးကိုယ့်ခြေထောက်အပေါ်ကိုယ်ရပ်တည်နိူင်တဲ့ အတွက် ယောက္ခမလောင်းကကျွန်မအပေါ် အနိူင်ယူမှာ မဟုတ်ဘူးလို့ ယူဆထားတယ်။

ကျွန်မလား….?ကိုယ့်ခြေထောက်အပေါ် ကိုယ်ရပ်တည်နိူင်ပေမယ့်ကိုယ်ရွေးချယ်ထားတဲ့ ခင်ပွန်းလောင်းကို အိမ်ဦးနတ်လိုလေးစားစွာ ဆက်ဆံမှာဖြစ်လို့ ယောက္ခမလောင်းက
ကျွန်မအပေါ် နိူင့်ထက်စီးနင်း လုပ်ရဲမဟုတ်ဘူးလို့ယုံကြည်ထားတယ်။

ကျွန်မလား….?ကိုယ့်ကိုယ်ကိုယ် အရည်အချင်းရှိအောင် ကြိုးစားထားသလိုမြန်မာအိမ်ရှင်မတစ်ယောက် ထားသင့်တဲ့ စိတ်နေသဘောထားကိုအကောင်းဆုံးကြိုးစားထားတဲ့အတွက် လင်ယောက်ျားကောင်းရနိူင်သလို ယောက္ခမဆိုးနဲ့ မကြုံရဘူးလို့ယုံကြည်ထားတယ်။

ကျွန်မလား….?လူတိုင်း တော်တော်များများမှာ ကိုယ်နဲ့ထိုက်တန်တာကိုပိုင်ဆိုင်ကြရတဲ့ အတွက်ကြောင့် ကျွန်မနဲ့ ထိုက်တန်သူက
ကျွန်မ ကောင်းရင် လူကောင်းရမှာဖြစ်သလိုကျွန်မအောက်တန်းကျနေရင်တော့ ယောက်ျားဆိုး ၊

ယောက္ခမဆိုးနဲ့ တွေ့ကြုံရမယ်ဆိုတာ ယုံကြည်ထားတယ်။ကျွန်မကောင်းအောင် ကြိုးစားနေရဲ့သားနဲ့ လူဆိုးတွေနဲ့တွေ့ကြုံခဲ့ရင်လည်း ကျွန်မ”နောင်တ “ရလာမှာမဟုတ်ဘူး။ညီမငယ်များအတွက် အသိတစ်ခုခုရစေချင်လို့ခံယူချက်ကောင်းတွေ ချပြခြင်းပါ

လေးစားစွာဖြင့် ♥ ♥ ♥
ဇင်းနစ်မကွေး

Photo——-crd

Be the first to comment

Leave a Reply

Your email address will not be published.


*