မိန်းကလေးတွေရဲ့ စိတ်ကောက်တတ်တဲ့ စတိုင် ၁၀ မျိုး


၁ မာကောက်.. မာကောက်ဆိုတာက ဘာလဲဆိုတော့ သူတို့က စိတ်ကောက်ပြီဆိုတာနဲ့ တစ်ကိုယ်လုံးက မာမာတောင့်

တောင့်ကြီးဖြစ်သွားတာ။ ခင်ဗျားအဲ့အချိန် သူ့လက်ကို သွားဆွဲကြည့် မရဘူး တင်းထားတာနော်

မာမာတောင့်တောင့်ကြီး လုပ်ထားတာ သူ့ပုခုံးလေးကို ခင်ဗျားဘက်ယိမ်းအောင် အသာဆွဲပြီး တွန်းကြည့် မရဘူး တောင့်ထားတာ

အဲ့ဒီလို စိတ်ကောက်ပြီဆိုတာနဲ့ တစ်ကိုယ်လုံးကို မာတောင့်ထားတတ်တဲ့ ကောင်မလေးတွေကို မာကောက်

၂ ဖြတ်ကောက်.. ဖြတ်ကောက်ဆိုတာက ဘာလဲဆိုတော့ သူတို့က စိတ်ကောက်ပြီဆိုတာနဲ့ ခင်ဗျားနဲ့ ရှိသမျှ

အဆက်အသွယ် အကုန်ဖြတ်ပစ်တာ။ FB မှာ ဘော့မယ် Viber, Phone ရှိသမျှ အားလုံးဘော့မယ်ဗျာ

ခင်ဗျားကိုတော့ တိုးတိုးလေး စောင့်ကြည့်ချင် စောင့်ကြည့်နေမှာပေါ့လေ။ အဲ့ဒီလို စိတ်ကောက်တာနဲ့ ရှိသမျှ

အဆက်အသွယ် အကုန်ဖြတ်ပြီး ကောက်တတ်တဲ့ ကောင်မလေးတွေကို ဖြတ်ကောက်

၃ ငတ်ကောက်.. ငတ်ကောက်ဆိုတာက ဘာလဲဆိုတော့ အစာငတ်ခံဆန္ဒပြသလိုပေါ့။ သူတို့ကလည်း ကိုယ့်ချစ်သူကို

အစာငတ်ခံပြီး စိတ်ကောက်တာ ဘာကျွေးကျွေး လုံးဝမစားဘူး ရေလည်း မသောက်ဘူး၊ သေးလည်း မပေါက်ဘူး

ခင်ဗျားကွယ်ရာတော့ တီးချင်တီးမယ် ဒါပေမဲ့ ခင်ဗျားရှေ့တော့ ဘာမှမစားဘူ။း အဲ့လို ဘာမှ မစား မသောက်ဘဲ အငတ်ခံကောက်တတ်တဲ့ ကောင်မလေးတွေကို ငတ်ကောက်

၎ ရွဲ့ကောက်.. ရွဲ့ကောက်ဆိုတာက ဘာလဲဆိုတော့ ခင်ဗျားကို စိတ်ကောက်ပြီဆိုတာနဲ့ ရွဲ့ပြတာပေါ့

အဲ့အချိန် ခင်ဗျား မကြိုက်တာ အကုန်လုပ်မယ်။ ခင်ဗျားက မသွားနဲ့ဆို သွားမယ်၊ မစားနဲ့ဆို စားမယ်

ခင်ဗျားကြည့်မရတဲ့ ကောင်တွေနဲ့ ရွဲ့ပြီး ဟေးလားဝါးလား လုပ်ပြမယ်။ အဲ့လိုအချိန် ခင်ဗျားကို ဖုတ်လေတဲ့ ငါးပိ ရှိလေတယ် လို့တောင် မထင်ဘူး

သူ့ဟာသူ ပျော်ချင်ယောင်ဆောင်ပြီး ရွဲ့ပြတတ်တဲ့ ကောင်မလေးတွေကို ရွဲ့ကောက်

၅ ရစ်ကောက်.. ရစ်ကောက်ဆိုတာက ဘာလဲဆိုတော့ သူတို့က စိတ်ကောက်ပြီဆိုတာနဲ့ ခင်ဗျားကို ရစ်တော့တာ

မသောက်ဘဲနဲ့ကို ဘလိုင်းကြီး ရစ်တာနော်။ ခင်ဗျားရဲ့အတိတ်ကို တူးဆွပြီး ရစ်ရင်ရစ်

ခင်ဗျားဘေးက မိန်းကလေး သူငယ်ချင်းတွေနဲ့ ခင်ဗျားကို သမုတ်ပြီး ရစ်ရင်ရစ်နဲ့ ပြောပြီးသားတွေကိုပဲ ထပ်တလဲလဲ ချေးခြောက်ရေနှူးပြီး ရစ်တာကို ရစ်ကောက်

၆ ဆွံ့ကောက်.. ဆွံ့ကောက်ဆိုတာက ဘာလဲဆိုတော့ သူတို့က စိတ်ကောက်ပြီဆိုတာနဲ့ ဆွံ့အ နားမကြားတွေလိုပဲ

ခင်ဗျား ဘာပြောပြော ဘာဆိုဆို ဘာမှကို ပြန်မပြောတော့တာ။ ပါးစပ်ကြီးတွေပိတ်ပြီး ပြန်လဲ မပြော၊ နားလဲ မထောင်နဲ့

ဘာဆို ဘာမှ မပြောဘဲ လုပ်ချင်ရာ လုပ်တော့တဲ့ ကောင်မလေးတွေကို ဆွံ့ကောက်

၇ ငိုကောက်.. ငိုကောက်ဆိုတာက ဘာလဲဆိုတော့ သူတို့က စိတ်ကောက်ပြီဆိုတာနဲ့ သနားကမားရုပ်လေးတွေနဲ့ တန်းငိုတော့တာ

ဘေးလူကများ မသိလို့ကြည့်လိုက်ရင် ခင်ဗျားကပဲ သူ့ကို ဟိုဒင်းဟိုဟာ ကျူးလွန်မိလို့

သူ့မှာ ဒူးနဲ့ မျက်ရည် သုတ်နေရတာလိုလို ဘာလိုလို တအီးအီးနဲ့ အေးရင်ကြူးနေသလိုပဲ

ငိုလို့ကို မပြီးနိုင်တော့ဘူး၊ နှပ်ချေး တွေကို ထွက်လို့။ အဲ့လို ငိုငိုပြပြီး စိတ်ကောက်တတ်တဲ့ ကောင်မလေးတွေကို ငိုကောက်

၈ ကြမ်းကောက်.. ကြမ်းကောက်ဆိုတာက ဘာလဲဆိုတော့ သူတို့က စိတ်ကောက်ပြီဆိုတာနဲ့ ဘီလူးဆိုင်းတီးသလိုပဲ ပတ် ကြမ်းတိုက်တော့တာ

အော်မယ်၊ ဟစ်မယ်၊ ထုမယ်၊ ထောင်းမယ်၊ ရိုက်မယ်၊ နှက်မယ်၊ ဆဲမယ်၊ ဆိုမယ်၊တစ်ခါတစ်လေ ပတ်ဝန်းကျင်က မဆီမဆိုင် ခွေးကိုပါ ပြေးကန်ချင်ကန်တာ

အဲ့လိုအချိန် သူ့အနားမှာရှိတဲ့ သနပ်ခါးတုံးတို့ ငရုတ်ကျည်ပွေ့တို့ ဝေးဝေးသာရွေ့ထား ပြောရတာ မဟုတ်ဘူး ကောက်ထုချင် ထုမှာလေ

အဲဒီလို ပတ်ကြမ်းတိုက်ပြီး စိတ်ကောက်တတ်တဲ့ ကောင်မလေးတွေကို ကြမ်းကောက်

၉ လက်ကောက်.. လက်ကောက်ဆိုတာက ဘာလဲဆိုတော့ သူတို့က စိတ်ကောက်ပြီဆိုတာနဲ့ ပြန်ချော့ချင်ရင် လက်ဆောင် ဝယ်ပေးမှရတာမျိုး

လက်ဆောင်လေးဝယ်ပြီး ချော့မှ ပျော့တာမျိုးပေါ့။ အတယ်ပဲပြောရမလား အဲ့လို ကောင်မလေးတွေကို ဒါပေမဲ့ တစ်ခုရှိတာက သမီးရည်းစာ အချင်းချင်းက ပြေလည်ရင်တောင် ပတ်ဝန်းကျင်က

အဲ့လိုကောင်မလေးကို ချူတယ် ပိုင်းတယ်လို့ အထင်ရောက်သွားနိုင်တာတော့ ရှိတာပေါ့လေ အဲ့ဒီလို လက်ဆောင်ဝယ်ပေး ပြီး ချော့မှ အဆင်ပြေတဲ့ ကောင်မလေးတွေကို လက်ကောက်

၁၀ ဖျားကောက်.. ဖျားကောက်ဆိုတာက ဘာလဲဆိုတော့ သူတို့က စိတ်ကောက်ပြီဆိုတာနဲ့ ဖျားတော့တာ

နေမကောင်းတန်းဖြစ်တော့တာ။ ဟိုနားက နာရတာနဲ့ ဒီနားက အောင့်ရတာနဲ့ ကိုက်ရတာနဲ့ ခဲရတာနဲ့ လူမမာရုပ်နဲ့

ပလာစတာလေး နားထင်မှာကပ်လို့ အဟွတ် အဟွတ်နဲ့ ဖြစ်တော့တာ။ အဲ့ဒီလို စိတ်ကောက်ပြီဆိုတာနဲ့ ဖျားတတ်တဲ့

ကောင်မလေးတွေကို ဖျားကောက်။ ကဲ အဲ့ဆယ်မျိုးအပြင် တခြား စတိုင်တွေနဲ့ ကောက်တတ်တဲ့ ကောင်မလေးတွေ ရှိသေး ရင်တော့ ခင်ဗျားတို့ပဲ မီးချောင်းထွန်းပြကြပါတော့ဗျာ..

Be the first to comment

Leave a Reply

Your email address will not be published.


*