လည်ပင်းမှာ LINES တွေဖြစ်နေတာကို ပျောက်အောင်လုပ်ပေးနိုင်မယ့်နည်းလမ်းများ

လည်ပင်းမှာ lines တွေဖြစ်နေတာကို မကြိုက်လို့ ပျောက်အောင်လုပ်ချင်တယ်၊ လည်ပင်းမှာ အရေးအကြောင်း lines တွေပေါ်နေတာကို ပျောက်အောင်လုပ်ချင်တယ်ဆိုရင်တော့ ဒီနည်းလမ်းတွေကို လုပ်ပေးနိုင်ပါတယ်။

ဖုန်းတွေ၊ ကွန်ပြူတာတွေကိုကြည့်တဲ့အခါမှာ ငုံ့ပြီး အနီးကပ်မကြည့်ပါနဲ့။ ဒုတိယပုံမှာပြထားသလို ကြည့်ပေးပါ။

ဒီလိုပုံစံနဲ့ကြည့်တာက လည်ပင်းမှာ lines တွေ မပေါ်အောင် ကြိုတင်ကာကွယ်ပေးနိုင်ပါတယ်။

မျက်နှာသစ်သလိုပဲ လည်ပင်းကိုလည်း cleanser နဲ့ သန့်စင်ပေးဖို့ မမေ့ပါနဲ့။ ညပိုင်း၊ ညနေပိုင်းရောက်ရင် မျက်နှာသစ်ပြီး skincare လိမ်းသလိုပဲ လည်ပင်းကိုလည်း cleanser နဲ့သန့်စင်ပြီး moisturizer လိမ်းပေးပါ။

ဒီလိုလုပ်ပေးခြင်းက လည်ပင်းမှာ lines တွေ၊ အရေးအကြောင်းတွေ မြန်မြန်မဖြစ်အောင် ကြိုတင်ကာကွယ်ပေးပြီး ဖြစ်နေတဲ့ lines တွေကိုလည်း လျော့ကျသွားစေပါတယ်။

လည်ပင်းကို တစ်ပတ်တစ်ခါ exfoliate လုပ်ပေးပါ။ ဒီလိုလုပ်ပေးခြင်းက dead skin cells တွေကို ဖယ်ရှားပေးပြီး လည်ပင်းအသားအရေ ပိုကောင်းလာစေပါတယ်။

လည်ပင်းမှာရှိနေတဲ့ neck lines တွေကိုလည်း လျော့ပါးသွားစေပါတယ်။ Exfoliate လုပ်ပြီးတိုင်းမှာ မျက်နှာလိမ်းတဲ့ skincare, moisturizer တွေကို လိမ်းပေးဖို့လည်း မမေ့ပါနဲ့။

Retinoid cream ကို လိမ်းပေးခြင်းက အရေးအကြောင်းတွေကို သက်သာစေပါတယ်။

ဒါကြောင့် လည်ပင်းမှာ အရေးအကြောင်းတွေ neck lines တွေ ပေါ်နေပြီဆိုရင် retinoid cream ကို ၂ ရက် တစ်ခါ လိမ်းပေးပါ။

အများကြီးလိမ်းလိုက်ရင် အသားခြောက်တာမျိုးတွေ ဖြစ်လာနိုင်လို့ ပမာဏနည်းနည်းပဲ လိမ်းပေးပါ။

လည်ပင်းအတွက် neck yoga လုပ်ပေးရင်လည်း လည်ပင်းမှာရှိတဲ့ အရေးအကြောင်းတွေ neck lines တွေ လျော့ပါးပြီး ပျောက်စေပါတယ်။ နေ့တိုင်း neck yoga လုပ်ပေးမယ်ဆိုရင်တော့ ၅ လ အတွင်းမှာ best results ကို ရရှိမှာပါ။

ပထမ neck yoga ကတော့ ပုံမှာပြထားတဲ့အတိုင်း သွားကိုစိပြီး ပြုံးနေရပါမယ်။ အဲ့အတိုင်း ၅ စက္ကန့်နေလိုက်၊ ပြန်တည်လိုက်နဲ့ ၁၀ ကြိမ်လုပ်ပေးရပါမယ်။

ဒုတိယ neck yoga ကတော့ ပုံမှာပြထားတဲ့အတိုင်း အပေါ်ကိုမော့ပြီး နှုတ်ခမ်းကိုဆူထားပါ။ အဲ့အတိုင်း ၅ စက္ကန့်နေလိုက်၊ ပြန်တည်လိုက်နဲ့ ၁၀ ကြိမ်လုပ်ပေးပါ။

နောက်ဆုံး neck yoga ကတော့ ပုံမှာပြထားတဲ့အတိုင်း ခေါင်းတစ်ဖက်ကိုစောင်းပြီး နည်းနည်းမော့ထားပါ။

ပခုံးကြောတွေကို လျှော့ထားပြီး ၅ စက္ကန့်နေပါ။ ပြီးရင် ခေါင်းပြန်တည့်ပါ။ ပြီးရင် ပြန်လုပ်ပါ။ အဲ့အတိုင်း တစ်ခါလုပ်ရင် ၅ စက္ကန့်စီနေပြီး ဘယ် ၁၀ ကြိမ်၊ ညာ ၁၀ ကြိမ် တစ်လှည့်စီလုပ်ပေးရပါမယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*