အစြန္းအထင္းေတြကို မ်က္စိတစ္မွိတ္အတြင္းဖယ္ရွားပစ္ႏိုင္မယ့္ နည္းလမ္းေကာင္းမ်ား

တစ္ခါတစ္ေလက်ရင္ အစြန္းအထင္းေတြက ဘာလို႔ကိုယ္အႀကိဳက္ဆုံး အဝတ္အစားေတြက်မွ လာလာေပေနရတာလဲဆိုၿပီး ေတြးမိၾကမွာပါ။

အလုပ္ေတြရႈပ္လြန္းလို႔ အက်ီမွာ အစြန္းေတြေပသြားရင္ေတာင္ ေလွ်ာ္ဖို႔အခ်ိန္မရွိတာ ဒါမွမဟုတ္ ပင္မင္းဆိုင္ေတြပို႔လိုက္တာ စသျဖင့္ အၿမဲလုပ္တတ္ၾကပါတယ္။

ဒါေပမယ့္ ခ်က္ခ်င္းဆိုသလို အခုလိုအျပဳအမူေတြ လုပ္တာမ်ိဳးမဟုတ္ဘဲနဲ႔ အစြန္းအထင္းေတြကို ေပ်ာက္ေအာင္လုပ္ႏိုင္မယ့္ နည္းလမ္းေလးေတြကို သိထားႏိုင္ဖို႔အတြက္ ျပန္လည္ေဝမွ်ေပးခ်င္ပါတယ္။

၁။ မွင္စြန္းေတြအတြက္ ႏို႔

ေဘာပင္က်ိဳး သို႔မဟုတ္ တျခားေနရာေတြကေန အက်ီမွာမွင္ေတြစြန္းလာခဲ့မယ္ဆိုရင္ ႏို႔ကိုအသုံးျပဳၿပီး လြယ္လြယ္ကူကူေျဖရွင္းႏိုင္ပါတယ္။ ျပဳလုပ္နည္းကေတာ့ ႏြားႏို႔အနည္းငယ္ကို ပန္းကန္လုံးတစ္ခုထဲထည့္ၿပီးေတာ့ စြန္းေနတဲ့အပိုင္းအစေလးကို ထိုခြက္ထဲႏွစ္လိုက္ပါ။

စုပ္သြားေအာင္လို႔ ၁၅ မိနစ္ကေန မိနစ္ ၃၀ အထိထားပါ။ ၿပီးရင္ သြားတိုက္တံတစ္ေခ်ာင္းကိုသုံးၿပီးေတာ့ ပြတ္တိုက္ေပးၿပီး ေရနဲ႔ေဆးခ်လိုက္ပါ။

၂။ ဆီကြက္ေတြအတြက္ ဆား

ဆီကြက္ေတြက စြန္းသြားၿပီဆိုရင္ ခြၽတ္ရအင္မတန္ခက္ပါတယ္။ ဒီလိုခက္ခဲတဲ့ ဆီစြန္းကြက္ေတြအတြက္ ဆားကိုသုံးေပးလိုက္ပါ။ ျပဳလုပ္နည္းကေတာ့ ဆီကြက္ေပၚကို ဆားနည္းနည္းျဖဴးေပးၿပီး ခဏေလာက္ထားေပးပါ။

ၿပီးရင္ ပြတ္လိုက္မယ္ဆိုပါက ဆားကေန ဆီေတြကိုစုပ္သြားပါလိမ့္မယ္။ ခ်ည္သားလက္ကိုင္ပုဝါရဲ႕ေထာင့္ေနရာကိုသုံးၿပီးေတာ့ ေရနဲ႔စြတ္ၿပီး ပြတ္ေပးလိုက္ပါ။ အိမ္ျပန္ေရာက္လို႔ ပုံမွန္အတိုင္းေလွ်ာ္လိုက္မယ္ဆိုရင္ ေျပာင္သြားပါလိမ့္မယ္။

၃။ လက္သည္းနီအစြန္းအတြက္ လက္သည္းဖ်က္ေဆး

ကိုယ္ကိုယ္တိုင္ အိမ္မွာလက္သည္းနီဆိုးသူတစ္ေယာက္အတြက္ေတာ့ ဒီလိုျပႆနာက ႀကဳံေလ့ရွိၾကမွာပါ။ ဒီလိုျပႆနာအတြက္ လက္သည္းဖ်က္ေဆးက ကူညီေပးပါလိမ့္မယ္။

ျပဳလုပ္နည္းကေတာ့ လက္သည္းနီအစြန္းကြက္ကို တစ္သႉး႐ြက္အနည္းငယ္ေပၚ ေမွာက္လိုက္ၿပီးေတာ့ လက္သည္းနီဖ်က္ေဆးကို အေနာက္ဖက္မွာသုတ္ေပးလိုက္ပါ။

အရည္ေတြကို တစ္သႉး႐ြက္ေတြက စုပ္သြားၿပီဆိုရင္ အသစ္နဲ႔လဲေပးလိုက္ပါ။ ေရေအးေအးနဲ႔ ေဆးေၾကာသန႔္စင္ၿပီးရင္ အဝတ္ေလွ်ာ္စက္ထဲမွာ ထည့္ေလွ်ာ္ႏိုင္ပါတယ္။

၄။ ေသြးကြက္ေတြအတြက္ ဟိုက္ဒ႐ိုဂ်င္ပါေအာက္ဆိုဒ္

ျပဳလုပ္နည္းကေတာ့ ေဆးဆိုင္ေတြကေန ဟိုက္ဒ႐ိုဂ်င္ပါေအာက္ဆိုဒ္ ၃ ရာခိုင္ႏႈန္းရွိတဲ့ ဘူးတစ္ဘူးဝယ္ၿပီး ေသြးစြန္းကြက္အပိုင္းကို ႏွစ္လိုက္ပါ။ ေထာပတ္လွီးဓားကိုသုံးၿပီး ေသြးေတြကိုျခစ္ထုတ္လိုက္ပါ သို႔မဟုတ္ လက္နဲ႔ပြတ္လိုက္ပါ။

ၿပီးရင္ ဟိုက္ဒ႐ိုဂ်င္ပါေအာက္ဆိုဒ္ေတြေျပာင္ေအာင္လို႔ ေရနဲ႔ေဆးေၾကာၿပီးမွ တျခားအဝတ္ေတြနဲ႔အတူ ထည့္ေလွ်ာ္ပါ။

၅။ ေကာ္လံတစ္ဝိုက္ကေခ်းေတြအတြက္ ေခါင္းေလွ်ာ္ရည္

ျပဳလုပ္နည္းကေတာ့ ေကာ္လံေပၚကို ေခါင္းေလွ်ာ္ရည္တစ္စက္ႏွစ္စက္ေလာက္ခ်လိုက္ၿပီး စြန္းထင္းေနတဲ့ေနရာကို ပြတ္ေပးလိုက္ပါ။ မိနစ္ ၂၀ ေလာက္ စုပ္သြားေအာင္ထားလိုက္ၿပီး ေရနဲ႔ေဆးေၾကာသန႔္စင္လိုက္ပါ။ ၿပီးရင္ေတာ့ ပုံမွန္အတိုင္း ေလွ်ာ္ဖြပ္ႏိုင္ပါတယ္။

credit..

unicode..

တစ်ခါတစ်လေကျရင် အစွန်းအထင်းတွေက ဘာလို့ကိုယ်အကြိုက်ဆုံး အဝတ်အစားတွေကျမှ လာလာပေနေရတာလဲဆိုပြီး တွေးမိကြမှာပါ။

အလုပ်တွေရှုပ်လွန်းလို့ အကျီမှာ အစွန်းတွေပေသွားရင်တောင် လျှော်ဖို့အချိန်မရှိတာ ဒါမှမဟုတ် ပင်မင်းဆိုင်တွေပို့လိုက်တာ စသဖြင့် အမြဲလုပ်တတ်ကြပါတယ်။

ဒါပေမယ့် ချက်ချင်းဆိုသလို အခုလိုအပြုအမူတွေ လုပ်တာမျိုးမဟုတ်ဘဲနဲ့ အစွန်းအထင်းတွေကို ပျောက်အောင်လုပ်နိုင်မယ့် နည်းလမ်းလေးတွေကို သိထားနိုင်ဖို့အတွက် ပြန်လည်ဝေမျှပေးချင်ပါတယ်။

၁။ မှင်စွန်းတွေအတွက် နို့

ဘောပင်ကျိုး သို့မဟုတ် တခြားနေရာတွေကနေ အကျီမှာမှင်တွေစွန်းလာခဲ့မယ်ဆိုရင် နို့ကိုအသုံးပြုပြီး လွယ်လွယ်ကူကူဖြေရှင်းနိုင်ပါတယ်။ ပြုလုပ်နည်းကတော့ နွားနို့အနည်းငယ်ကို ပန်းကန်လုံးတစ်ခုထဲထည့်ပြီးတော့ စွန်းနေတဲ့အပိုင်းအစလေးကို ထိုခွက်ထဲနှစ်လိုက်ပါ။

စုပ်သွားအောင်လို့ ၁၅ မိနစ်ကနေ မိနစ် ၃၀ အထိထားပါ။ ပြီးရင် သွားတိုက်တံတစ်ချောင်းကိုသုံးပြီးတော့ ပွတ်တိုက်ပေးပြီး ရေနဲ့ဆေးချလိုက်ပါ။

၂။ ဆီကွက်တွေအတွက် ဆား

ဆီကွက်တွေက စွန်းသွားပြီဆိုရင် ချွတ်ရအင်မတန်ခက်ပါတယ်။ ဒီလိုခက်ခဲတဲ့ ဆီစွန်းကွက်တွေအတွက် ဆားကိုသုံးပေးလိုက်ပါ။ ပြုလုပ်နည်းကတော့ ဆီကွက်ပေါ်ကို ဆားနည်းနည်းဖြူးပေးပြီး ခဏလောက်ထားပေးပါ။

ပြီးရင် ပွတ်လိုက်မယ်ဆိုပါက ဆားကနေ ဆီတွေကိုစုပ်သွားပါလိမ့်မယ်။ ချည်သားလက်ကိုင်ပုဝါရဲ့ထောင့်နေရာကိုသုံးပြီးတော့ ရေနဲ့စွတ်ပြီး ပွတ်ပေးလိုက်ပါ။ အိမ်ပြန်ရောက်လို့ ပုံမှန်အတိုင်းလျှော်လိုက်မယ်ဆိုရင် ပြောင်သွားပါလိမ့်မယ်။

၃။ လက်သည်းနီအစွန်းအတွက် လက်သည်းဖျက်ဆေး

ကိုယ်ကိုယ်တိုင် အိမ်မှာလက်သည်းနီဆိုးသူတစ်ယောက်အတွက်တော့ ဒီလိုပြဿနာက ကြုံလေ့ရှိကြမှာပါ။ ဒီလိုပြဿနာအတွက် လက်သည်းဖျက်ဆေးက ကူညီပေးပါလိမ့်မယ်။

ပြုလုပ်နည်းကတော့ လက်သည်းနီအစွန်းကွက်ကို တစ်သှူးရွက်အနည်းငယ်ပေါ် မှောက်လိုက်ပြီးတော့ လက်သည်းနီဖျက်ဆေးကို အနောက်ဖက်မှာသုတ်ပေးလိုက်ပါ။

အရည်တွေကို တစ်သှူးရွက်တွေက စုပ်သွားပြီဆိုရင် အသစ်နဲ့လဲပေးလိုက်ပါ။ ရေအေးအေးနဲ့ ဆေးကြောသန့်စင်ပြီးရင် အဝတ်လျှော်စက်ထဲမှာ ထည့်လျှော်နိုင်ပါတယ်။

၄။ သွေးကွက်တွေအတွက် ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်

ပြုလုပ်နည်းကတော့ ဆေးဆိုင်တွေကနေ ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ် ၃ ရာခိုင်နှုန်းရှိတဲ့ ဘူးတစ်ဘူးဝယ်ပြီး သွေးစွန်းကွက်အပိုင်းကို နှစ်လိုက်ပါ။ ထောပတ်လှီးဓားကိုသုံးပြီး သွေးတွေကိုခြစ်ထုတ်လိုက်ပါ သို့မဟုတ် လက်နဲ့ပွတ်လိုက်ပါ။

ပြီးရင် ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်တွေပြောင်အောင်လို့ ရေနဲ့ဆေးကြောပြီးမှ တခြားအဝတ်တွေနဲ့အတူ ထည့်လျှော်ပါ။

၅။ ကော်လံတစ်ဝိုက်ကချေးတွေအတွက် ခေါင်းလျှော်ရည်

ပြုလုပ်နည်းကတော့ ကော်လံပေါ်ကို ခေါင်းလျှော်ရည်တစ်စက်နှစ်စက်လောက်ချလိုက်ပြီး စွန်းထင်းနေတဲ့နေရာကို ပွတ်ပေးလိုက်ပါ။ မိနစ် ၂၀ လောက် စုပ်သွားအောင်ထားလိုက်ပြီး ရေနဲ့ဆေးကြောသန့်စင်လိုက်ပါ။ ပြီးရင်တော့ ပုံမှန်အတိုင်း လျှော်ဖွပ်နိုင်ပါတယ်။

credit..

Be the first to comment

Leave a Reply

Your email address will not be published.


*