ဘဝမွာ သူမ်ားအသုံးခ်ခံ လူမျဖစ္ေစဖို့အတြက္ အဓိကက်တဲ့ အခ်က္(၅) ခ်က္ကို ေရွာင္ပါ….

ဘဝမွာ သူမ်ားအသုံးခ်ခံ လူမျဖစ္ေစဖို့အတြက္ အဓိကက်တဲ့ အခ်က္(၅) ခ်က္ကို ေရွာင္ပါ….

(1) သူတပါးအေပၚ သနားတတ္လြန္း တဲ့စိတ္ကိုေလ်ာ့ပါ…

ငါသာလၽွင္ သူ႔ေနရာမွာဆိုတဲ့စိတ္နဲ႔ လူတိုင္းအေပၚ သနားတတ္တဲ့ လူေတြကပဲ အျမဲတမ္း အဲ့ဒီစိတ္ေၾကာင့္ သူတပါးရဲ့ အသုံးခ်ခံအျဖစ္နဲ႔ ဘဝမွာ ရွင္သန္ေနရတတ္ပါတယ္။

ဒါေၾကာင့္ လူတိုင္းအေပၚ မၽွတစြာ ေတြးေပးၿပီး သနားၾကင္နာတတ္ျခင္းက လူတခ်ိဳ့အတြက္ လိုအပ္ခ်က္တခု ဆိုေပမယ့္ လူတခ်ိဳ့အတြက္ သင့္ရဲ့သနားတတ္တဲ့စိတ္ကို ဟန္ေဆာင္မ်က္ ႏွာဖုံးနဲ႔ခ်နင္းသြားမယ့္ လူေတြရွိေနတတ္ၾကပါတယ္။

(2) ကိုယ္ခ်င္းစာစိတ္ကို လူတိုင္းကိုမေပးပါနဲ႔ ျပန္သုံးသပ္ပါ…

လူတဖတ္သားအေပၚ အျမဲတမ္း ကိုယ္ခ်င္းစာစိတ္နဲ႔ ေတြးေပးတတ္တဲ့ သူေတြဟာ တခုခုဆိုရင္ သူမ်ားရဲ့အသုံးခ်ခံ အျဖည့္ခံ လူသားေတြပါပဲ…

အဲ့ဒီစိတ္ကို အခြင့္ေကာင္းယူၿပီး ကိုယ့္သိကၡာ ကို ခ်နင္းၾကမယ့္ သူေတြအတြက္ အဓိက အားသာခ်က္တခုပါ။ ဒါေၾကာင့္ လူတိုင္းအေပၚ ကိုယ္ခ်င္းစာနာတတ္တဲ့ စိတ္နဲ႔ျမင္ေပးတာေကာင္းေပမယ့္ ေပးသင့္တဲ့လူလား မေပးသင့္တဲ့လူလားဆိုတာ ျပန္လည္သုံးသပ္ဖို့လိုပါတယ္။

(3) အားနာတတ္တဲ့ အက်င့္ကိုေဖ်ာက္ပါ…

လူတိုင္းအေပၚ အားနာတတ္တဲ့ စိတ္ေၾကာင့္ ကိုယ့္ဘက္က ဘယ္လိုအေျခေနမ်ိဳးပဲေရာက္ေရာက္ ကူညီတတ္ၾကတဲ့ လူေတြရွိတတ္ၾကပါတယ္… ဒီလိုကူညီလိုက္လို့ သူအဆင္ေျပသြားေပမယ့္ကိုယ္အေရးၾကဳံလါတဲ့အခါ ကိုယ့္ဘက္ကအဆင္မေျပပဲ က်န္ေနခဲ့တဲ့ အခ်ိန္ေတြ မ်ားေနမွာပါ

ဒီလိုအေျခေနမ်ိဳးက တႀကိမ္တစ္ခါဆိုတာထက္ အႀကိမ္ႀကိမ္ အခါခါ ျဖစ္ေနတတ္တာမ်ိဳးပါ။ ဒါက ကိုယ့္ရဲ့အားနာတတ္တဲ့စိတ္ေၾကာင့္ သူတပါးရဲ့ခ်နင္းျခင္းကို မသိလိုက္ပဲ ကိုယ့္စိတ္ရင္းကိုက ကူညီခ်င္တတ္တဲ့ သူေတြရဲ့အားနည္းခ်က္တစ္ခုပါပဲ ။

ဒီအားနည္းခ်က္ကိုပဲ အခြင့္ေကာင္းယူၿပီးကိုယ့္သိကၡာ ခ်နင္းသြားမယ့္ လူေတြအမ်ားႀကီးရွိေနတတ္တာမေမ့ပါနဲ႔။

(4) အယုံ မလြယ္ပါနဲ႔…

အျပဳံးေတြရဲ့ ေနာက္ကြယ္က ဝွက္ထားတဲ့ ဓားသြားေတြကို ကၽြန္ေတာ္တို့မျမင္နိူင္ပါဘူး။ ဒီလိုပဲ ဘဝမွာ ကိုယ္ယုံၾကည္ရတဲ့လူေတြကပဲ ကိုယ့္ေနာက္ေက်ာကို ဓားနဲ႔ထိုးသြားတာခ်ည္းပဲမဟုတ္လား???

ကိုယ့္ဒူးေတာင္ ကိုယ္မယုံၾကည္ရတဲ့ေခတ္ႀကီးထဲမွာ အယုံလြယ္ၿပီး သနားတတ္တဲ့ သင့္ကို ခ်နင္းမယ့္ ဟန္ေဆာင္မ်က္ႏွာဖုံးေတြ နဲ႔လူေတြ ေနရာတိုင္းမွာ ရွိေနတယ္ဆိုတာ မေမ့ပါနဲ႔ ။

(5) ရိုးသားပါ။ မတုံးအပါနဲ႔…

ရိုးသားသည့္ဂုဏ္ စား၍မကုန္ဆိုတဲ့ ဆိုရိုးစကားက မွန္တယ္ဆိုေပမယ့္ ရိုးသားျခင္းဆိုတဲ့ ေနာက္က
တုံးအျခင္းကို တြဲမထားပါနဲ႔… လူတိုင္းက ကိုယ့္လိုစိတ္မ်ိဳး ရွိခ်င္မွ ရွိနိူင္တဲ့အတြက္ လူတိုင္းအေပၚ အရိုးခံနဲ႔ ေပါင္းသင္းဆက္ဆံျခင္းမ်ိဳးက

လူတခ်ိဳ့အတြက္ေ ကာင္းေပမယ့္ လူတခ်ိဳ့အတြက္ သင့္ရဲ့ရိုးသားျခင္းကို အခြင့္ေကာင္းယူၿပီးကိုယ့္သိကၡာ က်ဆင္းေအာင္ ေခ်ာက္တြန္းဖို့ ေစာင့္ေနတဲ့ လူေတြရွိေနတတ္ပါတယ္။

ဒါေၾကာင့္ ရိုးသားျခင္းက ဂုဏ္ယူစရာဆိုေပမယ့္ “တုံးအ”ၿပီး လူတကားခ်နင္းမယ္ ခပ္ႏုံႏုံ လူအတစ္ေယာက္ေတာ့မျဖစ္ပါေစနဲ႔။ ဘဝမွာ ကိုယ္ေကာင္းေနသ၍ ကိုယ့္ေခါင္းဘယ္မွ မေရြ႕ဘူးဆိုေပမယ့္

ကိုယ့္အနား ေရာက္လာသူတိုင္းက ကိုယ့္အေပၚ ေကာင္းဖို့ဆိုတာထက္ သူတို့အေပၚ ေကာင္းေနလို့သာ ကိုယ့္အနားမွာ ရွိေနျခင္းလည္း ျဖစ္နိူင္ပါတယ္။

ဒါေၾကာင့္ဘဝမွာ အသုံးခ်ခံ ခ်နင္းခံရမယ့္ လူမျဖစ္ေစဖို့အတြက္အဓိကက်တဲ့ အခ်က္(5)ခ်က္ကို တင္ျပေပးလိုက္ပါတယ္။

မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။

unicode..

ဘဝမှာ သူများအသုံးချခံ လူမဖြစ်စေဖို့အတွက် အဓိကကျတဲ့ အချက်(၅) ချက်ကို ရှောင်ပါ….

(1) သူတပါးအပေါ် သနားတတ်လွန်း တဲ့စိတ်ကိုလျော့ပါ…

ငါသာလျှင် သူ့နေရာမှာဆိုတဲ့စိတ်နဲ့ လူတိုင်းအပေါ် သနားတတ်တဲ့ လူတွေကပဲ အမြဲတမ်း အဲ့ဒီစိတ်ကြောင့် သူတပါးရဲ့ အသုံးချခံအဖြစ်နဲ့ ဘဝမှာ ရှင်သန်နေရတတ်ပါတယ်။

ဒါကြောင့် လူတိုင်းအပေါ် မျှတစွာ တွေးပေးပြီး သနားကြင်နာတတ်ခြင်းက လူတချို့အတွက် လိုအပ်ချက်တခု ဆိုပေမယ့် လူတချို့အတွက် သင့်ရဲ့သနားတတ်တဲ့စိတ်ကို ဟန်ဆောင်မျက် နှာဖုံးနဲ့ချနင်းသွားမယ့် လူတွေရှိနေတတ်ကြပါတယ်။

(2) ကိုယ်ချင်းစာစိတ်ကို လူတိုင်းကိုမပေးပါနဲ့ ပြန်သုံးသပ်ပါ…

လူတဖတ်သားအပေါ် အမြဲတမ်း ကိုယ်ချင်းစာစိတ်နဲ့ တွေးပေးတတ်တဲ့ သူတွေဟာ တခုခုဆိုရင် သူများရဲ့အသုံးချခံ အဖြည့်ခံ လူသားတွေပါပဲ…

အဲ့ဒီစိတ်ကို အခွင့်ကောင်းယူပြီး ကိုယ့်သိက္ခာ ကို ချနင်းကြမယ့် သူတွေအတွက် အဓိက အားသာချက်တခုပါ။ ဒါကြောင့် လူတိုင်းအပေါ် ကိုယ်ချင်းစာနာတတ်တဲ့ စိတ်နဲ့မြင်ပေးတာကောင်းပေမယ့် ပေးသင့်တဲ့လူလား မပေးသင့်တဲ့လူလားဆိုတာ ပြန်လည်သုံးသပ်ဖို့လိုပါတယ်။

(3) အားနာတတ်တဲ့ အကျင့်ကိုဖျောက်ပါ…

လူတိုင်းအပေါ် အားနာတတ်တဲ့ စိတ်ကြောင့် ကိုယ့်ဘက်က ဘယ်လိုအခြေနေမျိုးပဲရောက်ရောက် ကူညီတတ်ကြတဲ့ လူတွေရှိတတ်ကြပါတယ်… ဒီလိုကူညီလိုက်လို့ သူအဆင်ပြေသွားပေမယ့်ကိုယ်အရေးကြုံလါတဲ့အခါ ကိုယ့်ဘက်ကအဆင်မပြေပဲ ကျန်နေခဲ့တဲ့ အချိန်တွေ များနေမှာပါ

ဒီလိုအခြေနေမျိုးက တကြိမ်တစ်ခါဆိုတာထက် အကြိမ်ကြိမ် အခါခါ ဖြစ်နေတတ်တာမျိုးပါ။ ဒါက ကိုယ့်ရဲ့အားနာတတ်တဲ့စိတ်ကြောင့် သူတပါးရဲ့ချနင်းခြင်းကို မသိလိုက်ပဲ ကိုယ့်စိတ်ရင်းကိုက ကူညီချင်တတ်တဲ့ သူတွေရဲ့အားနည်းချက်တစ်ခုပါပဲ ။

ဒီအားနည်းချက်ကိုပဲ အခွင့်ကောင်းယူပြီးကိုယ့်သိက္ခာ ချနင်းသွားမယ့် လူတွေအများကြီးရှိနေတတ်တာမမေ့ပါနဲ့။

(4) အယုံ မလွယ်ပါနဲ့…

အပြုံးတွေရဲ့ နောက်ကွယ်က ဝှက်ထားတဲ့ ဓားသွားတွေကို ကျွန်တော်တို့မမြင်နိူင်ပါဘူး။ ဒီလိုပဲ ဘဝမှာ ကိုယ်ယုံကြည်ရတဲ့လူတွေကပဲ ကိုယ့်နောက်ကျောကို ဓားနဲ့ထိုးသွားတာချည်းပဲမဟုတ်လား???

ကိုယ့်ဒူးတောင် ကိုယ်မယုံကြည်ရတဲ့ခေတ်ကြီးထဲမှာ အယုံလွယ်ပြီး သနားတတ်တဲ့ သင့်ကို ချနင်းမယ့် ဟန်ဆောင်မျက်နှာဖုံးတွေ နဲ့လူတွေ နေရာတိုင်းမှာ ရှိနေတယ်ဆိုတာ မမေ့ပါနဲ့ ။

(5) ရိုးသားပါ။ မတုံးအပါနဲ့…

ရိုးသားသည့်ဂုဏ် စား၍မကုန်ဆိုတဲ့ ဆိုရိုးစကားက မှန်တယ်ဆိုပေမယ့် ရိုးသားခြင်းဆိုတဲ့ နောက်က
တုံးအခြင်းကို တွဲမထားပါနဲ့… လူတိုင်းက ကိုယ့်လိုစိတ်မျိုး ရှိချင်မှ ရှိနိူင်တဲ့အတွက် လူတိုင်းအပေါ် အရိုးခံနဲ့ ပေါင်းသင်းဆက်ဆံခြင်းမျိုးက

လူတချို့အတွက်ေ ကာင်းပေမယ့် လူတချို့အတွက် သင့်ရဲ့ရိုးသားခြင်းကို အခွင့်ကောင်းယူပြီးကိုယ့်သိက္ခာ ကျဆင်းအောင် ချောက်တွန်းဖို့ စောင့်နေတဲ့ လူတွေရှိနေတတ်ပါတယ်။

ဒါကြောင့် ရိုးသားခြင်းက ဂုဏ်ယူစရာဆိုပေမယ့် “တုံးအ”ပြီး လူတကားချနင်းမယ် ခပ်နုံနုံ လူအတစ်ယောက်တော့မဖြစ်ပါစေနဲ့။ ဘဝမှာ ကိုယ်ကောင်းနေသ၍ ကိုယ့်ခေါင်းဘယ်မှ မရွေ့ဘူးဆိုပေမယ့်

ကိုယ့်အနား ရောက်လာသူတိုင်းက ကိုယ့်အပေါ် ကောင်းဖို့ဆိုတာထက် သူတို့အပေါ် ကောင်းနေလို့သာ ကိုယ့်အနားမှာ ရှိနေခြင်းလည်း ဖြစ်နိူင်ပါတယ်။

ဒါကြောင့်ဘဝမှာ အသုံးချခံ ချနင်းခံရမယ့် လူမဖြစ်စေဖို့အတွက်အဓိကကျတဲ့ အချက်(5)ချက်ကို တင်ပြပေးလိုက်ပါတယ်။

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*