မိန္းကေလးေတြအသည္းကြဲၿပီးရင္ ပိုလွလာရတဲ့အေၾကာင္းအရင္း…

မိန္းကေလးေတြအသည္းကြဲၿပီးရင္ ပိုလွလာရတဲ့အေၾကာင္းအရင္း…

အသည္းကြဲခဲ့ဖူးတဲ့ မိန္းကေလး ေတာ္ေတာ္မ်ားမ်ားကို သတိထားၾကည့္မယ္ ဆိုရင္ အသည္းကြဲ ၿပီးရင္ အရင္ကထက္ ပိုလွလာတာကို ေတြ႕ရပါလိမ္႔မယ္ …။

ဥပမာ ျပရမယ္ဆိုရင္ Justin Bieber နဲ႔ျပတ္ၿပီးေနာက္ Selena Gomez ပိုလွလာတာမ်ိဳးပါ။ တစ္ခ်ိဳ႕ ဆိုရင္ အသည္းၿပီးေနာက္ပိုင္းမွာ သိသိသာသာႀကီးကို ကိုယ္အေလးခ်ိန္ က်၊ ဝိတ္က်သြားၿပီး အရမ္းကို လွလာတတ္ၾကပါတယ္ …။

တကယ္ေတာ့ ဒါဟာ ထင္‌ေၾကးမဟုတ္ပါဘူး။ ေလ့လာမႈတစ္ခုမွာကိုက အမ်ိဳးသမီး (၇၇) ရာခိုင္ႏႈန္းဟာ အသည္းကြဲၿပီးရင္ ကိုယ္အေလးခ်ိန္သိသိသာသာက်သြားတယ္လို႔ ဆိုထားပါတယ္။ …။

မိန္းကေလးေတြ အသည္းကြဲၿပီးရင္ ပိုလွလာရတဲ့ အေၾကာင္းအရင္းကေတာ့ ဒါေတြေၾကာင္႔ပါေနာ္ …။

(၁) စိတ္ပိုင္းဆိုင္ရာ ႀကိဳျပင္ဆင္ထားလို႔”

မိန္းကေလးေတြဟာ အၾကာႀကီးလက္တြဲလာတဲ့ relationship တစ္ခုနဲ႔ လမ္း ခြဲျပတ္စဲေတာ့မယ္ဆိုရင္ အေစာႀကီးတည္းက ႀကိဳတင္ ျပင္ဆင္ ထားတတ္ၾကလို႔ပါ …။

အမ်ားရဲ႕ အျမင္မွာေတာ့ ခ်က္ခ်င္းႀကီး ျပတ္စဲ သြားတယ္လို႔ ထင္ေကာင္း ထင္ႏိုင္ေပမယ့္ အဲ့ဒါမွားပါတယ္ …။

Relationship နဲ႔ပတ္သက္တဲ့ပညာရွင္ေတြက ေျပာခဲ့တာပါ။

မိန္းကေလးေတာ္ေတာ္မ်ားမ်ားဟာ အၾကာႀကီးတြဲလာတဲ့ ခ်စ္သူ (သို႔) ခင္ပြန္းနဲ႔ လက္တြဲမျဖဳတ္ခင္အေစာႀကီးတည္းက သူတို႔စိတ္ထဲမွာ အနည္းနဲ႔ အမ်ားႀကိဳတင္ျပင္ဆင္ထားၾကလို႔

တကယ္ႀကဳံလာတဲ့အခါ အရမ္းႀကီး မယိုင္လဲ သလို အလြယ္တကူျပန္တည္ေဆာက္ႏိုင္တာပဲ ျဖစ္ပါတယ္ …။

(၂) ပိုျပီး ရင့္က်က္သြားလို႔”

တကယ္ေတာ့ အသည္းကြဲတယ္ဆိုတာ အခက္အခဲတစ္ခုကို ေက်ာ္ျဖတ္ရတာပါ။ စိတ္မွာရသြားတဲ့ ဒဏ္ရာကို ကိုယ့္မွာရွိတဲ့ ကိုယ္ခံအားနဲ႔ ျပန္တိုက္ထုတ္ၿပီး အႏိုင္ယူရတာပါ …။

အခက္အခဲတစ္ခုကို ေက်ာ္ျဖတ္ၿပီးရင္ ကိုယ့္ကိုယ္ကို ယုံၾကည္မႈ ပိုရွိသြားသလိုမ်ိဳးပဲ အသည္းကြဲၿပီးရင္ စိတ္က ပိုရင့္က်က္၊ယုံၾကည္မႈ ပိုရွိသြားတာေၾကာင့္ ပိုလွလာတာ ျဖစ္ပါတယ္ …။

(၃) အေျပာင္းအလဲ လုပ္လိုက္လို႔”

အမ်ိဳးသားေတာ္ေတာ္မ်ားမ်ားကေတာ့ အသည္းကြဲရင္ အရက္ေသာက္၊ ဘီယာ ေသာက္ၿပီး စိတ္ေျပေအာင္လုပ္ေပမယ့္ မိန္းကေလးေတြထဲမွာေတာ့ အဲ့လိုလုပ္တာ ရွားပါတယ္ …။

အသည္းကြဲၿပီဆိုတာနဲ႔ အေျပာင္းအလဲ ျဖစ္သြားေအာင္ Shopping ထြက္တာ၊ အလွျပင္ဆိုင္သြားၿပီး ဆံပင္စတိုင္ေျပာင္းလိုက္တာ ဒါမ်ိဳးေတြ လုပ္တတ္ပါတယ္ …။

တစ္ခ်ိဳ႕က အသည္းကြဲၿပီဆိုရင္ gym ကစားတာမ်ိဳး လုပ္ၾကပါတယ္။ ေနာက္ဆုံး ကိုယ္က စိတ္မပါရင္ေတာင္မွ သူငယ္ခ်င္းေတြက ဆြယ္လို႔ ဒီလိုအရာေတြကို လုပ္ျဖစ္တတ္ပါတယ္ …။

(၄) မခံခ်င္စိတ္ေၾကာင့္”

Ex နဲ႔ ဘာေၾကာင့္ပဲ လမ္းခြဲခဲ့ပါေစ။ ေနာက္ဆုံး မ်က္ႏွာကို ျပန္မျမင္ခ်င္ေတာ့ ေလာက္ေအာင္ မုန္းေနပါေစ ex ရဲ႕ ေရွ႕မွာ ကိုယ္လွၿပီး အဆင္ေျပေနတဲ့ ပုံမ်ိဳးပဲ ျဖစ္ေနခ်င္တဲ့ စိတ္ေၾကာင့္ပါ …။

သူနဲ႔ျပတ္ၿပီးရင္ ပိုလွလာတယ္၊ ပိုအဆင္ေျပေနတယ္ ဆိုတာကို တမင္သက္သက္ သူသိေအာင္ျပခ်င္တဲ့ စိတ္ေၾကာင့္ပဲ ျဖစ္ပါတယ္ေနာ္ …။ ။

CRD

unicode..

မိန်းကလေးတွေအသည်းကွဲပြီးရင် ပိုလှလာရတဲ့အကြောင်းအရင်း…

အသည်းကွဲခဲ့ဖူးတဲ့ မိန်းကလေး တော်တော်များများကို သတိထားကြည့်မယ် ဆိုရင် အသည်းကွဲ ပြီးရင် အရင်ကထက် ပိုလှလာတာကို တွေ့ရပါလိမ့်မယ် …။

ဥပမာ ပြရမယ်ဆိုရင် Justin Bieber နဲ့ပြတ်ပြီးနောက် Selena Gomez ပိုလှလာတာမျိုးပါ။ တစ်ချို့ ဆိုရင် အသည်းပြီးနောက်ပိုင်းမှာ သိသိသာသာကြီးကို ကိုယ်အလေးချိန် ကျ၊ ဝိတ်ကျသွားပြီး အရမ်းကို လှလာတတ်ကြပါတယ် …။

တကယ်တော့ ဒါဟာ ထင်‌ကြေးမဟုတ်ပါဘူး။ လေ့လာမှုတစ်ခုမှာကိုက အမျိုးသမီး (၇၇) ရာခိုင်နှုန်းဟာ အသည်းကွဲပြီးရင် ကိုယ်အလေးချိန်သိသိသာသာကျသွားတယ်လို့ ဆိုထားပါတယ်။ …။

မိန်းကလေးတွေ အသည်းကွဲပြီးရင် ပိုလှလာရတဲ့ အကြောင်းအရင်းကတော့ ဒါတွေကြောင့်ပါနော် …။

(၁) စိတ်ပိုင်းဆိုင်ရာ ကြိုပြင်ဆင်ထားလို့”

မိန်းကလေးတွေဟာ အကြာကြီးလက်တွဲလာတဲ့ relationship တစ်ခုနဲ့ လမ်း ခွဲပြတ်စဲတော့မယ်ဆိုရင် အစောကြီးတည်းက ကြိုတင် ပြင်ဆင် ထားတတ်ကြလို့ပါ …။

အများရဲ့ အမြင်မှာတော့ ချက်ချင်းကြီး ပြတ်စဲ သွားတယ်လို့ ထင်ကောင်း ထင်နိုင်ပေမယ့် အဲ့ဒါမှားပါတယ် …။

Relationship နဲ့ပတ်သက်တဲ့ပညာရှင်တွေက ပြောခဲ့တာပါ။

မိန်းကလေးတော်တော်များများဟာ အကြာကြီးတွဲလာတဲ့ ချစ်သူ (သို့) ခင်ပွန်းနဲ့ လက်တွဲမဖြုတ်ခင်အစောကြီးတည်းက သူတို့စိတ်ထဲမှာ အနည်းနဲ့ အများကြိုတင်ပြင်ဆင်ထားကြလို့

တကယ်ကြုံလာတဲ့အခါ အရမ်းကြီး မယိုင်လဲ သလို အလွယ်တကူပြန်တည်ဆောက်နိုင်တာပဲ ဖြစ်ပါတယ် …။

(၂) ပိုပြီး ရင့်ကျက်သွားလို့”

တကယ်တော့ အသည်းကွဲတယ်ဆိုတာ အခက်အခဲတစ်ခုကို ကျော်ဖြတ်ရတာပါ။ စိတ်မှာရသွားတဲ့ ဒဏ်ရာကို ကိုယ့်မှာရှိတဲ့ ကိုယ်ခံအားနဲ့ ပြန်တိုက်ထုတ်ပြီး အနိုင်ယူရတာပါ …။

အခက်အခဲတစ်ခုကို ကျော်ဖြတ်ပြီးရင် ကိုယ့်ကိုယ်ကို ယုံကြည်မှု ပိုရှိသွားသလိုမျိုးပဲ အသည်းကွဲပြီးရင် စိတ်က ပိုရင့်ကျက်၊ယုံကြည်မှု ပိုရှိသွားတာကြောင့် ပိုလှလာတာ ဖြစ်ပါတယ် …။

(၃) အပြောင်းအလဲ လုပ်လိုက်လို့”

အမျိုးသားတော်တော်များများကတော့ အသည်းကွဲရင် အရက်သောက်၊ ဘီယာ သောက်ပြီး စိတ်ပြေအောင်လုပ်ပေမယ့် မိန်းကလေးတွေထဲမှာတော့ အဲ့လိုလုပ်တာ ရှားပါတယ် …။

အသည်းကွဲပြီဆိုတာနဲ့ အပြောင်းအလဲ ဖြစ်သွားအောင် Shopping ထွက်တာ၊ အလှပြင်ဆိုင်သွားပြီး ဆံပင်စတိုင်ပြောင်းလိုက်တာ ဒါမျိုးတွေ လုပ်တတ်ပါတယ် …။

တစ်ချို့က အသည်းကွဲပြီဆိုရင် gym ကစားတာမျိုး လုပ်ကြပါတယ်။ နောက်ဆုံး ကိုယ်က စိတ်မပါရင်တောင်မှ သူငယ်ချင်းတွေက ဆွယ်လို့ ဒီလိုအရာတွေကို လုပ်ဖြစ်တတ်ပါတယ် …။

(၄) မခံချင်စိတ်ကြောင့်”

Ex နဲ့ ဘာကြောင့်ပဲ လမ်းခွဲခဲ့ပါစေ။ နောက်ဆုံး မျက်နှာကို ပြန်မမြင်ချင်တော့ လောက်အောင် မုန်းနေပါစေ ex ရဲ့ ရှေ့မှာ ကိုယ်လှပြီး အဆင်ပြေနေတဲ့ ပုံမျိုးပဲ ဖြစ်နေချင်တဲ့ စိတ်ကြောင့်ပါ …။

သူနဲ့ပြတ်ပြီးရင် ပိုလှလာတယ်၊ ပိုအဆင်ပြေနေတယ် ဆိုတာကို တမင်သက်သက် သူသိအောင်ပြချင်တဲ့ စိတ်ကြောင့်ပဲ ဖြစ်ပါတယ်နော် …။ ။

CRD

Be the first to comment

Leave a Reply

Your email address will not be published.


*