အေၾကာ္တစ္ခုကို ၅ဝ ပါ ၂၀၀ ဖိုး ၅ ခုေတာ့ထားလိုက္ပါလို႔ ေျပာလိုက္ေသာအခါ…

အေၾကာ္တစ္ခုကို ၅ဝ ပါ။ ၁ဝဝ ဖိုးကို ၃ ခု ထားလိုက္ပါလို႔‌ေျပာလိုက္‌ေတာ့ (မရလို႔ပါကြယ္) ၂၀၀ ဖိုး ၅ ခုေတာ့ထားလိုက္ပါလို႔ ေျပာလိုက္ေသာအခါ…

အမွတ္တမဲ့ပါပဲ နားထဲခပ္သဲ့သဲ့ၾကားလိုက္တာပါ။ အေၾကာ္တစ္ခုကိုဘယ္ေလာက္လဲ။ ကေလးတစ္ေယာက္ကိုလက္ဆြဲၿပီးေတာ့ အမ်ိဳးသမီးတစ္ေယာက္ (ေငြေၾကးျပည့္စုံတဲ့ အသိုင္းအဝိုင္းက ပုံစံမ်ိဳးပါပဲ) အေၾကာ္ဝယ္ဖို႔ေမးေနတဲ့အသံပါ။

အေၾကာ္တစ္ခုကို ၅ဝ ပါ။ ၁ဝဝ ဖိုးကို ၃ ခု ထားလိုက္။ (မရလို႔ပါကြယ္) ၂၀၀ ဖိုး ၅ ခုေတာ့ထား… ( ေဈးဆစ္ေနျခင္းျဖစ္သည္ ) တေအာင့္ေလာက္ေနေတာ့ ေနာက္ထပ္ၾကားလိုက္ရတယ္။ “လာ… သား၊ အေၾကာ္ေတြကညစ္တီးညစ္ပတ္နဲ႔ မသန႔္ရွင္းဘူး။ မစားခ်င္နဲ႔သား” ဆိုၿပီး ကေလးကိုဆြဲေခၚသြားတယ္။

ကၽြန္ေတာ္စိတ္ဝင္စားသြားတယ္။ ေသခ်ာလွမ္းၾကည့္လိုက္ေတာ့ အသက္ (၆၀) ေက်ာ္အေမႀကီးတစ္ေယာက္ အေၾကာ္ေရာင္းေနတာကို အမ်ိဳးသမီးတစ္ေယာက္က ေဈးဆစ္ေနတာ။ ေၾသာ္… လူေတြမ်ားခက္လိုက္တာဗ်ာအေၾကာ္ဝယ္ဖို႔ေဈးဆစ္လို႔မရေတာ့ ညစ္ပတ္တယ္မစားနဲ႔လို႔ေျပာသြားတယ္။

ထိုအမ်ိဳးသမီးရဲ့ စိတ္ဓာတ္နဲ႔အဆင့္အတန္းကို မေဝဖန္ခ်င္ေတာ့ မစဥ္းစားခ်င္ေတာ့။ အေၾကာ္သည္အေမႀကီးကိုၾကည့္လိုက္ေတာ့ အားငယ္သြားတဲ့ မ်က္ႏွာေလးနဲ႔ထြက္သြားတယ္။ “ေဟာဒီက… အေၾကာ္ပူပူေလး” ရင္ထဲမွာေတာ္ေတာ္ေလးစိတ္မေကာင္းျဖစ္သြားတယ္။

ကၽြန္ေတာ္ကမန္းကတန္းလွမ္းေခၚလိုက္တယ္။ အေမႀကီး… ခဏေနပါအုံးဗ် အေၾကာ္ဝယ္ခ်င္လို႔။ ျပန္လွည့္လာၿပီး အေၾကာ္ဗန္းကိုခ်ေပးတယ္ ၾကည့္လိုက္ေတာ့မုန႔္ေပါင္းနဲ႔ အေၾကာ္ေလးေတြက အစီအရီ။ ဗန္းထဲမွာစားခ်င္စဖြယ္ သန႔္သန႔္ရွင္းရွင္းလုပ္ထားတာပါ။

စဥ္းစားမိတယ္ ေနရဲ့အပူရွိန္ေအာက္မွာ အေၾကာ္ေတြကမနက္ကတည္းက ေၾကာ္ထားတာျဖစ္နိုင္ေပမယ့္ အပူရွိန္ေၾကာင့္ အေၾကာ္ေတြကပူေနမွာမလြဲ အေၾကာ္ပူပူေလးလို႔ ေအာ္ေရာင္းတာနဲ႔အကိုက္ပဲ။ ေၾသာ္… ဒီအသက္အရြယ္နဲ႔ ေနပူပူမွာ ဘယ္ေလာက္ပင္ပမ္းရွာေလမလဲ။

ငါ့အေမမ်ား ဒီလိုဆိုရင္ဆိုတဲ့အေတြးနဲ႔ ကိုယ္ခ်င္းစာစိတ္မေကာင္းျဖစ္မိတယ္။ အေမႀကီး… “အေၾကာ္တစ္ခုဘယ္ေလာက္လဲ” သိေပမယ့္ ထပ္ေမးလိုက္တယ္။

အေၾကာ္တစ္ခု (၅၀) ပါသားေလးရယ္။ ေနာက္ထပ္ေဈးဆစ္မွာ ေရာင္းမေကာင္းမွာ စိုးရိမ္ေနပုံပါပဲ။ မ်က္ႏွာေပၚကေခၽြးစက္ေတြကို သဘက္နဲ႔သုတ္ရင္း ခပ္တိုးတိုးေျဖတယ္။

“အေမႀကီးအေၾကာ္ေတြက စားခ်င္စရာပဲ စားေကာင္းမယ့္ပုံပဲဗ်” ဆိုၿပီးအေၾကာ္တစ္ခုကို ေကာက္ဝါးလိုက္တယ္။ သူ႔ခမ်ာအေမာေၿပ သေဘာက်သြားပုံပဲ ညႇိုးငယ္ေနတဲ့ မ်က္ႏွာခ်က္ျခင္းျပဳံးလာတယ္ ဝမ္းသာသြားပုံပဲ။

“အရသာရွိတယ္… အေမႀကီး ႐ုံးကလူေတြလည္းေကၽြးခ်င္လို႔ အကုန္လုံးဆိုရင္ဘယ္ေလာက္က်လဲ” လို႔ေမးၿပီး… ငါးေထာင္တန္တစ္ရြက္ ထုတ္ေပးလိုက္တယ္။ အေၾကာ္ေတြထည့္ရင္းနဲ႔… ဗန္းေအာက္က ငါးရာတန္နဲ႔ႏွစ္ရာတန္ အႏြမ္းေလးေတြတုန္တုန္ရီရီနဲ႔ ထုတ္ေရၿပီးျပန္အမ္းဖို႔ ႀကိဳးစားေနတယ္။ “ရတယ္အေမႀကီး ျပန္မအမ္းပါနဲ႔ေတာ့” ဆိုေတာ့…

မဟုတ္တာသားေလးရယ္တဲ့။ “ ရတယ္ပိုတာကို ကုသိုလ္လုပ္တာပါလို႔ေျပာလိုက္ေရာ” ေက်းဇူးတင္လိုက္တာ စိတ္ေကာင္းရွိလိုက္တာသားေလးရယ္။ အိမ္ကသားေတြမ်ား ဒီလိုသိတတ္ရင္ဆိုၿပီး ပုခုံးေပၚတင္ထားတဲ့ သဘက္အႏြမ္းေလးနဲ႔ မ်က္ရည္စတခ်ိဳ႕ကို ဖ်တ္ခနဲသုတ္ရွာတယ္။

“ရင္ထဲမွာမေကာင္း မိဘခ်င္းကိုယ္ခ်င္းစာစိတ္နဲ႔ မ်က္ရည္လည္မိတယ္” အေမႀကီး အသက္ဘယ္ေလာက္ရွိၿပီလဲဆိုေတာ့ (၆၅) ႏွစ္တဲ့ကၽြန္ေတာ့္အေမနဲ႔ အသက္သိပ္မကြာ။ ေလာကဒဏ္ရဲ့ရိုက္ပုတ္မႈပင္ပမ္းဆင္းရဲမႈေတြေၾကာင့္ အေမ့ထက္ေတာင္ အမ်ားႀကီးအိုစာေနပါလား။

တကယ္ဆိုဒီအရြယ္က ဘုရားရိပ္တရားရိပ္မွာ တရားအားထုတ္ၿပီး ေအးေအးခ်မ္းခ်မ္းေနရမယ့္အရြယ္ေလ။ သားသမီးေတြ ရွိလားလို႔လည္း ကၽြန္ေတာ္မေမးခ်င္ေတာ့ပါ။ သားသမီးေတြက မေထာက္ပံ့ၾကဘူးလားလို႔လည္း မေမးခ်င္ေတာ့ပါ။

ဒီလိုပင္ပင္ပန္းပန္း ေဈးေရာင္းေနၾကရတဲ့ အေမမ်ိဳးေတြ ျမန္မာျပည္မွာဘယ္ေလာက္ေတာင္ရွိေနမလဲ။

ကၽြန္ေတာ္ကေကာ ဘယ္ႏွစ္ခါဘယ္ေလာက္ကူညီနိုင္မွာမို႔လဲ။ တကယ္ေတာ့… လူတိုင္းရဲ့ရင္ထဲမွာ ကိုယ္ခ်င္းစာ နားလည္တတ္တဲ့စိတ္ သားသမီးတိုင္းရဲ့ရင္ထဲမွာ မိဘေက်းဇူးကို သိတတ္နားလည္လုပ္ေကၽြးျပဳစုခ်င္တဲ့စိတ္ လူသားတိုင္းရဲ့ရင္ထဲမွာ ကိုယ္စီတာဝန္ေက်နားလည္မႈေတြ ရွိေနၾကမယ္ဆိုရင္ မိဘကိုေကၽြးေမြးျပဳစုေစာင့္ေရွာက္ၾကပါ။

Credit

unicode..

အကြော်တစ်ခုကို ၅ဝ ပါ။ ၁ဝဝ ဖိုးကို ၃ ခု ထားလိုက်ပါလို့‌ပြောလိုက်‌တော့ (မရလို့ပါကွယ်) ၂၀၀ ဖိုး ၅ ခုတော့ထားလိုက်ပါလို့ ပြောလိုက်သောအခါ…

အမှတ်တမဲ့ပါပဲ နားထဲခပ်သဲ့သဲ့ကြားလိုက်တာပါ။ အကြော်တစ်ခုကိုဘယ်လောက်လဲ။ ကလေးတစ်ယောက်ကိုလက်ဆွဲပြီးတော့ အမျိုးသမီးတစ်ယောက် (ငွေကြေးပြည့်စုံတဲ့ အသိုင်းအဝိုင်းက ပုံစံမျိုးပါပဲ) အကြော်ဝယ်ဖို့မေးနေတဲ့အသံပါ။

အကြော်တစ်ခုကို ၅ဝ ပါ။ ၁ဝဝ ဖိုးကို ၃ ခု ထားလိုက်။ (မရလို့ပါကွယ်) ၂၀၀ ဖိုး ၅ ခုတော့ထား… ( ဈေးဆစ်နေခြင်းဖြစ်သည် ) တအောင့်လောက်နေတော့ နောက်ထပ်ကြားလိုက်ရတယ်။ “လာ… သား၊ အကြော်တွေကညစ်တီးညစ်ပတ်နဲ့ မသန့်ရှင်းဘူး။ မစားချင်နဲ့သား” ဆိုပြီး ကလေးကိုဆွဲခေါ်သွားတယ်။

ကျွန်တော်စိတ်ဝင်စားသွားတယ်။ သေချာလှမ်းကြည့်လိုက်တော့ အသက် (၆၀) ကျော်အမေကြီးတစ်ယောက် အကြော်ရောင်းနေတာကို အမျိုးသမီးတစ်ယောက်က ဈေးဆစ်နေတာ။ သြော်… လူတွေများခက်လိုက်တာဗျာအကြော်ဝယ်ဖို့ဈေးဆစ်လို့မရတော့ ညစ်ပတ်တယ်မစားနဲ့လို့ပြောသွားတယ်။

ထိုအမျိုးသမီးရဲ့ စိတ်ဓာတ်နဲ့အဆင့်အတန်းကို မဝေဖန်ချင်တော့ မစဉ်းစားချင်တော့။ အကြော်သည်အမေကြီးကိုကြည့်လိုက်တော့ အားငယ်သွားတဲ့ မျက်နှာလေးနဲ့ထွက်သွားတယ်။ “ဟောဒီက… အကြော်ပူပူလေး” ရင်ထဲမှာတော်တော်လေးစိတ်မကောင်းဖြစ်သွားတယ်။

ကျွန်တော်ကမန်းကတန်းလှမ်းခေါ်လိုက်တယ်။ အမေကြီး… ခဏနေပါအုံးဗျ အကြော်ဝယ်ချင်လို့။ ပြန်လှည့်လာပြီး အကြော်ဗန်းကိုချပေးတယ် ကြည့်လိုက်တော့မုန့်ပေါင်းနဲ့ အကြော်လေးတွေက အစီအရီ။ ဗန်းထဲမှာစားချင်စဖွယ် သန့်သန့်ရှင်းရှင်းလုပ်ထားတာပါ။

စဉ်းစားမိတယ် နေရဲ့အပူရှိန်အောက်မှာ အကြော်တွေကမနက်ကတည်းက ကြော်ထားတာဖြစ်နိုင်ပေမယ့် အပူရှိန်ကြောင့် အကြော်တွေကပူနေမှာမလွဲ အကြော်ပူပူလေးလို့ အော်ရောင်းတာနဲ့အကိုက်ပဲ။ သြော်… ဒီအသက်အရွယ်နဲ့ နေပူပူမှာ ဘယ်လောက်ပင်ပမ်းရှာလေမလဲ။

ငါ့အမေများ ဒီလိုဆိုရင်ဆိုတဲ့အတွေးနဲ့ ကိုယ်ချင်းစာစိတ်မကောင်းဖြစ်မိတယ်။ အမေကြီး… “အကြော်တစ်ခုဘယ်လောက်လဲ” သိပေမယ့် ထပ်မေးလိုက်တယ်။

အကြော်တစ်ခု (၅၀) ပါသားလေးရယ်။ နောက်ထပ်ဈေးဆစ်မှာ ရောင်းမကောင်းမှာ စိုးရိမ်နေပုံပါပဲ။ မျက်နှာပေါ်ကချွေးစက်တွေကို သဘက်နဲ့သုတ်ရင်း ခပ်တိုးတိုးဖြေတယ်။

“အမေကြီးအကြော်တွေက စားချင်စရာပဲ စားကောင်းမယ့်ပုံပဲဗျ” ဆိုပြီးအကြော်တစ်ခုကို ကောက်ဝါးလိုက်တယ်။ သူ့ခမျာအမောပြေ သဘောကျသွားပုံပဲ ညှိုးငယ်နေတဲ့ မျက်နှာချက်ခြင်းပြုံးလာတယ် ဝမ်းသာသွားပုံပဲ။

“အရသာရှိတယ်… အမေကြီး ရုံးကလူတွေလည်းကျွေးချင်လို့ အကုန်လုံးဆိုရင်ဘယ်လောက်ကျလဲ” လို့မေးပြီး… ငါးထောင်တန်တစ်ရွက် ထုတ်ပေးလိုက်တယ်။ အကြော်တွေထည့်ရင်းနဲ့… ဗန်းအောက်က ငါးရာတန်နဲ့နှစ်ရာတန် အနွမ်းလေးတွေတုန်တုန်ရီရီနဲ့ ထုတ်ရေပြီးပြန်အမ်းဖို့ ကြိုးစားနေတယ်။ “ရတယ်အမေကြီး ပြန်မအမ်းပါနဲ့တော့” ဆိုတော့…

မဟုတ်တာသားလေးရယ်တဲ့။ “ ရတယ်ပိုတာကို ကုသိုလ်လုပ်တာပါလို့ပြောလိုက်ရော” ကျေးဇူးတင်လိုက်တာ စိတ်ကောင်းရှိလိုက်တာသားလေးရယ်။ အိမ်ကသားတွေများ ဒီလိုသိတတ်ရင်ဆိုပြီး ပုခုံးပေါ်တင်ထားတဲ့ သဘက်အနွမ်းလေးနဲ့ မျက်ရည်စတချို့ကို ဖျတ်ခနဲသုတ်ရှာတယ်။

“ရင်ထဲမှာမကောင်း မိဘချင်းကိုယ်ချင်းစာစိတ်နဲ့ မျက်ရည်လည်မိတယ်” အမေကြီး အသက်ဘယ်လောက်ရှိပြီလဲဆိုတော့ (၆၅) နှစ်တဲ့ကျွန်တော့်အမေနဲ့ အသက်သိပ်မကွာ။ လောကဒဏ်ရဲ့ရိုက်ပုတ်မှုပင်ပမ်းဆင်းရဲမှုတွေကြောင့် အမေ့ထက်တောင် အများကြီးအိုစာနေပါလား။

တကယ်ဆိုဒီအရွယ်က ဘုရားရိပ်တရားရိပ်မှာ တရားအားထုတ်ပြီး အေးအေးချမ်းချမ်းနေရမယ့်အရွယ်လေ။ သားသမီးတွေ ရှိလားလို့လည်း ကျွန်တော်မမေးချင်တော့ပါ။ သားသမီးတွေက မထောက်ပံ့ကြဘူးလားလို့လည်း မမေးချင်တော့ပါ။

ဒီလိုပင်ပင်ပန်းပန်း ဈေးရောင်းနေကြရတဲ့ အမေမျိုးတွေ မြန်မာပြည်မှာဘယ်လောက်တောင်ရှိနေမလဲ။

ကျွန်တော်ကကော ဘယ်နှစ်ခါဘယ်လောက်ကူညီနိုင်မှာမို့လဲ။ တကယ်တော့… လူတိုင်းရဲ့ရင်ထဲမှာ ကိုယ်ချင်းစာ နားလည်တတ်တဲ့စိတ် သားသမီးတိုင်းရဲ့ရင်ထဲမှာ မိဘကျေးဇူးကို သိတတ်နားလည်လုပ်ကျွေးပြုစုချင်တဲ့စိတ် လူသားတိုင်းရဲ့ရင်ထဲမှာ ကိုယ်စီတာဝန်ကျေနားလည်မှုတွေ ရှိနေကြမယ်ဆိုရင် မိဘကိုကျွေးမွေးပြုစုစောင့်ရှောက်ကြပါ။

Credit

Be the first to comment

Leave a Reply

Your email address will not be published.


*