




1.Careful cleaning



2.Cream Proportion


3.Thermal Water



4.Less is better


5.Correct Posture








8.Coconut Care



Credit..

unicode..

အရမ်းလှချင်ရင် အရမ်းလိုက်နာသင့်တဲ့အခြေခံနည်းလမ်းမျာ

သင်ဟာ အလှအပပညာ ရှင်တွေနဲ့ တွေ့တဲ့ အခါမှာ သူတို့အသားအရေ အတွက် သူတို့ ဘာလုပ်တယ်၊အ ရေပြား အတွက် ဘယ်maskက အကောင်းဆုံးလဲ၊နောက် သူတို့အသားအရေကို အမြဲစိုပြေကျန်းမာနေအောင် ဘလိုထိန်းသိမ်းသလဲ?

အစရှိသဖြင့် သူတို့ရဲ့ တစ်ကိုယ်ရေ အလှအပ ရေးရာလျို့ဝှက်ချက်တွေကို သိလို ကြပါတယ်။ ဒီတစ်ခါမှာတော့ သ င့်ရဲ့

အသားအရေကို ရှယ်ထိန်းသိမ်းဖို့ အရေပြား အထူးကုတွေ၊အလှအပပညာရှင်တွေကိုယ်တိုင် အကြံပြု ထားတဲ့ နည်းလမ်းတွေကို ဖော်ပြပေ လိုက်ပါတယ်။

1.Careful cleaning

အရေပြား အတွင်းဆဲလ်တွေထိစိုစွတ်စေပြီး ကိုယ့်ရဲ့ အသားအရေ အတွက် ဘေးဥပဒ်မဖြစ်စေတဲ့ အလှထုတ်ကုန်တွေနဲ့ အသားအရေကို ဂရုတစိုက် သန့်စင်စေခြင် းဟာလည်း

သူတို့ရဲ့လျိုဝှက်နည်းတွေထဲက တစ်ခုဖြစ်ပါတယ်။အကောင်းဆုံးကတော့ အရက်ပြန်၊အက်စစ်တွေမပါတဲ့ အလှထုတ်ကုန်တွေကိုပဲ အသုံးပြုပေးတာပါ။

2.Cream Proportion

နေလောင်ဒဏ်မှ ကာကွယ်ဖို့ sunscreenလိမ်းတဲ့ အခါမျိုး မှာလည်း မှန်ကန်သော ပမာဏချင့်ချိန်ပြီး လိမ်းပေးသင့်ပါတယ်။ လက်ဖက်ရည်ဇွန်း တစ်ဝက်စာ ကတော့ သင့်အသားအရေမှာ နှစ်ထပ်တင်ဖို့ လုံလောက်ပါတယ်။

3.Thermal Water

သူတို့ဟာ ခြောက်သွေ့တဲ့ အသားအရေ အတွက်လည်း thermal water sprayတွေကို အသုံးပြုလေ့ရှိပါတယ်။

ကယ်လဆီယမ်၊ကော့ပါး၊ အိုင်းရွန်း၊ ဆိုဒီယမ်၊ ဆီလီနီယမ် အစရှိတဲ့ သတ္တုဓာတ်တွေကြွယ်ဝစွာပါဝင်တဲ့ thermal waterဟာ ခရမ်းလွန်ရောင်ခြည်ဒဏ်မှလည်း ကာကွယ်ပေးပါတယ်။

4.Less is better

ဘူးသေးတွေကိုပဲ ရွေးဝယ်ပါ။အချိန်ကြာ လာတာနဲ့ အမျှ ထုတ်ကုန်ရဲ့ အကျိုးသက်ရောက်မှု ဟာ အား နည်းလာပြီး အစတုန်းကလို အစွမ်းထက် နိုင်တော့မှာ မဟုတ်လို့ပါ။

5.Correct Posture

ပုံမှာပြ ထားတဲ့အတိုင်း သင့်ရဲ့ဦးခေါင်းကိုညွတ်ကိုင်းခြင်းဟာ သင့်ရဲ့သွေး လည်ပတ်မှုကို ပိုမိုကောင်းမွန်စေပြီး အောက်ဆီဂျင် အားဖြင့် သင့်အသားအရေကို စိုပြေတောက်ပစေ မှာပါ။

တကယ်လို့ သင်ဟာ ယောဂကို ပုံမှန်ကျင့်ပေးမယ်ဆိုရင်လည်း စိတ်ဖိစီးမှုတွေပြေလျော့ပေးမယ့်အပြင် သင့်အသားအရေ အတွက်သာမက သင့်ကျန်းမာရေး အတွက်ပါ အထောက်အကူ ပြုမှာပါ။

6.Appropriate bedclothes

အရေးကြောင်းတွေဟာ အိပ်နေစဉ် အတွင်းမှာ ဖြစ်နိုင်ပြီး သင့်ရဲ့အသားအရေ ကျန်းမာဖို့ဆိုတာ သင်အိပ်စက်တဲ့အိပ်ရာခင်း၊ ခေါင်းအုံးစွပ်နဲ့ လည်းဆိုင် ပါတယ်။

ပိုးသားခေါင်းအုံးစွပ် တွေမှာကျ အခေါက်အတွန့်မရှိလို့ သင့်ရဲ့နူးညံ့တဲ့ အသားအရေ အနေနဲ့ ချောမွတ်နေတဲ့ မျက်နှာပြင်မှာ စိတ်ကြိုက်ရွေ့လျားနေနိုင် ပါတယ်။

7.Total Care is more effective

အသားအရေအတွက် တစ်မျိုးတည်းပေါင်းသုံးတာမျိုးထက် မျက်နှာအစိတ်အပိုင်းအသီးသီးအတွက် ဆိုင်ရာဆိုင်ရာသုံးပေးခြင်းအားဖြင့် ပိုပြီးထိရောက်မှုရှိပါတယ်။

8.Coconut Care

အုန်းရည်ကတော့ အသားအရေကို မှော်ဆန်စေမယ့်နည်းဆိုတာ အလှအပပညာရှင်အားလုံးသိကြပါတယ်။

တကယ်လို့ သင်ဟာ အုန်းရည်ကိုမှန်မှန်သောက်ပေးမယ်ဆိုရင် သင့်အသားအရေအခြေအနေ နှစ်ပတ်အကြာခန့်မှာ သိသာစွာပြောင်းလဲလာမှာပါ။

Credit..

Be the first to comment

Leave a Reply

Your email address will not be published.


*