ပါဝင်ပစ္စည်း
ရှားစောင်းလက်ပပ်
အုန်းဆီ
ပြုလုပ်နည်း
Credit..
unicode..
ပျက်စီးနေပြီး အဖျားနှစ်ခွဖြစ်နေတဲ့ ဆံကေသာအတွက် ရှာ းစောင်းလက် ပပ် နဲ့ အုန်းဆီကို ရောသုံးနည်း
မိန်းကလေး တွေနူးညံ့ဖြောင့်စင်းတဲ့ ဆံကေသာကို လိုချင်ကြပါတယ်။
ဆံကေသာကို သင့်တော်တဲ့ ထိန်းသိမ်းစောင့်ရှောက်မှုတွေလုပ်တာဟာ ပြီပြည့်စုံပြီး
လှပတဲ့ ဆံနွယ်လေးတွေကို ပိုင်ဆိုင်ချင်တာကြောင့် ပါပဲ။
အခုဒီစာကိုဖတ်နေတဲ့ စာဖတ်သူတို့ရဲ့ ဆံကေသာ ခြောက်သွေ့ကြမ်းတမ်းပြီး အဖျားနှစ်ခွတွေဖြစ်နေတယ် ပျက်စီးနေတယ်ဆိုရင်တော့
ဒီနည်းလမ်းလေးကို လိုက်လုပ်ပေးဖို့ အကြံပြုပါရစေနော်။
ပါဝင်ပစ္စည်း
ရှားစောင်းလက်ပပ်
အုန်းဆီ
ပြုလုပ်နည်း
အရင်ဆုံး ရှားစောင်းလက်ပပ်တစ်ခတ်ကို ရေသေချာ ဆေးလိုက်ပြီး ဘေးနားက အဆူးလေးတွေကို လှီးလိုက်ပါ။
ပြီးရင်တော့ အလယ်ကနေ ထက်ခြမ်းခြမ်းပေးလိုက် ပါ။အခွံမခွာပါနဲ့။
ပြီးရင်ပြဲအောင်လုပ်လိုက်ပြီး အုန်းဆီနဲ့ ရောလိုက်ပါ။
အဲဒါပြီးရင်တော့ ဆံကေသာနဲ့ ဦးရေပြားပေါ် နှံ့စပ်အောင်လိမ်းပေးလိုက်ပြီး
မိနစ် ၂၀ ၊ နာရီဝက်လောက်ထားပြီး ခေါင်းလျှော်ချလိုက်ပါ။
ပျော့ဆေး၊ ပေါင်းဆေးထည့်ပေးဖို့မမေ့ပါနဲ့။
Credit
Leave a Reply