သားတိုင္းအတြက္ သင္ခန္းစာက်န္ခဲ့သလို… အေဖတိုင္းအတြက္ ေမွ်ာ္လင့္ခ်က္ေတြ က်န္ခဲ့ေစတဲ့ လူငယ္တစ္ဦး

သားတိုင္းအတြက္ သင္ခန္းစာက်န္ခဲ့သလို… အေဖတိုင္းအတြက္ ေမွ်ာ္လင့္ခ်က္ေတြ က်န္ခဲ့ေစတဲ့ လူငယ္တစ္ဦး

တေန႔ အိုမင္းမစြမ္း ျဖစ္ေနတဲ့အေဖကို သားျဖစ္သူက စားေသာက္ဆိုင္တစ္ခုကို ေခၚသြားတယ္။ အေဖျဖစ္သူဟာ အိုမင္းမစြမ္း ျဖစ္ေနတာေၾကာင့္ စားေသာက္တဲ့အခါ အစားအစာေတြဟာ ေဘးကိုဖိတ္စင္ ကုန္တယ္။

အေဖရဲ႕ ေဘာင္းဘီနဲ႔ အက်ႌေတြေပၚမွာလဲ ေပက်ံလို႔ ေနခဲ့ပါတယ္။တျခားဝိုင္းက လူေတြဟာ အေဖျဖစ္သူကို ႐ြံရွာတဲ့အျမင္နဲ႔ ၾကည့္လို႔ေနေပမယ့္… သားျဖစ္သူကေတာ့ ေအးေအးေဆးေဆးပါပဲ။ အေဖ စားလို႔ေသာက္လို႔ အၿပီးမွာေတာ့… သူ႔အေဖ ခုလို ျဖစ္ေနတာကို

လုံးဝမရွက္မိတဲ့ သားဟာ ထိုင္ခုံကထလို႔ အေဖ့ကို တြဲကာ သန႔္စင္ခန္းကို ေခၚသြားပါတယ္။ သန႔္စင္ခန္းထဲမွာ ေပက်ံေနတာေတြကို ေသခ်ာ သုတ္တယ္။ အက်ႌကို သပ္သပ္ရပ္ျဖစ္ေအာင္ ျပန္တည့္ေပးတယ္။ ဆံပင္ကို ညီေနေအာင္ ေသခ်ာဂ႐ုစိုက္လို႔ ၿဖီးေပးတယ္။

မ်က္မွန္ကို သုတ္ၿပီး တည့္တည့္ျဖစ္ေအာင္ ျပန္တပ္ေပးတယ္။ သူတို႔ ၂ ေယာက္ သန႔္စင္ခန္းထဲက ျပန္ထြက္လာတဲ့ အခါမွာေတာ့ စားေသာက္ဆိုင္ တစ္ခုလုံးက လူေတြဟာ ေျပာမျပတတ္ေအာင္ သူတို႔ကိုယ္သူတို႔ အႀကီးအက်ယ္ ရွက္မိလို႔ ၿငိမ္သက္ ေနခဲ့တယ္။

သားျဖစ္သူဟာ က်သင့္ေငြကို ရွင္းၿပီး ျပန္ဖို႔အတြက္ သူ႔အေဖကို လွမ္းတြဲလိုက္တဲ့ အခ်ိန္မွာ ေဘးဝိုင္းက အဘိုးအိုတစ္ေယာက္ ဟာ သားျဖစ္သူကို လွမ္းေအာ္ေျပာလိုက္ ပါတယ္…။

“သားေရ.. တစ္ခုခုမ်ား က်န္ခဲ့တယ္လို႔ မထင္ဘူးလားကြယ့္။” ”မက်န္ခဲ့ပါဘူး ခင္ဗ်။” လို႔ သားျဖစ္သူ လူငယ္က ေျဖတယ္။ အဘိုးအိုက “က်န္ခဲ့တာေပါ့ကြယ္… ဒီ စားေသာက္ဆိုင္ထဲမွာ ရွိေနတဲ့ သားတိုင္းအတြက္ သင္ခန္းစာက်န္ခဲ့သလို…

အေဖတိုင္းအတြက္ ေမွ်ာ္လင့္ခ်က္ေတြ တပုံႀကီးကို က်န္ခဲ့ပါတယ္ကြယ္။” စားေသာက္ဆိုင္ တစ္ခုလုံးဟာ ေစာေစာကထက္ကို ပိုၿငိမ္သက္သြားခဲ့တယ္။

သင္ခန္းစာ… တစ္ခ်ိန္က ကိုယ့္ကို ျပဳစုပ်ိဳးေထာင္ ေပးခဲ့သူတို႔ မသန္မစြမ္းႏိုင္ေတာ့တဲ့ အခါ ျပန္လည္ ျပဳစုပ်ိဳးေထာင္ေပးရျခင္းဟာ ဘယ္ေတာ့မွ အပိုအလုပ္ မဟုတ္သလို…

နိမ့္က်စရာ အလုပ္တစ္ခု မဟုတ္ပါဘူး။ ကိုယ့္မိဘဟာ ကိုယ့္ကို ဘယ္လိုစိတ္နဲ႔ ဘယ္အထိ ျပဳစုခဲ့သလဲ ဆိုတာကို ကြၽန္ေတာ္တို႔ေတြ အသိဆုံးပါ။ ေမြးစတုန္းက ဆိုရင္ အႏွီးကအစ လဲေပးခဲ့သူေတြခ်ည္းပါပဲ။

ဒါေလးေတြကို ေက်းဇူးတင္ပါ… သိတတ္ပါ။ မျဖစ္ျဖစ္တဲ့နည္းနဲ႔ ရသေလာက္ ေက်းဇူးဆပ္သြားႏိုင္ ၾကပါေစ။

မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။

unicode..

သားတိုင်းအတွက် သင်ခန်းစာကျန်ခဲ့သလို… အဖေတိုင်းအတွက် မျှော်လင့်ချက်တွေ ကျန်ခဲ့စေတဲ့ လူငယ်တစ်ဦး

တနေ့ အိုမင်းမစွမ်း ဖြစ်နေတဲ့အဖေကို သားဖြစ်သူက စားသောက်ဆိုင်တစ်ခုကို ခေါ်သွားတယ်။ အဖေဖြစ်သူဟာ အိုမင်းမစွမ်း ဖြစ်နေတာကြောင့် စားသောက်တဲ့အခါ အစားအစာတွေဟာ ဘေးကိုဖိတ်စင် ကုန်တယ်။

အဖေရဲ့ ဘောင်းဘီနဲ့ အကျႌတွေပေါ်မှာလဲ ပေကျံလို့ နေခဲ့ပါတယ်။တခြားဝိုင်းက လူတွေဟာ အဖေဖြစ်သူကို ရွံရှာတဲ့အမြင်နဲ့ ကြည့်လို့နေပေမယ့်… သားဖြစ်သူကတော့ အေးအေးဆေးဆေးပါပဲ။ အဖေ စားလို့သောက်လို့ အပြီးမှာတော့… သူ့အဖေ ခုလို ဖြစ်နေတာကို

လုံးဝမရှက်မိတဲ့ သားဟာ ထိုင်ခုံကထလို့ အဖေ့ကို တွဲကာ သန့်စင်ခန်းကို ခေါ်သွားပါတယ်။ သန့်စင်ခန်းထဲမှာ ပေကျံနေတာတွေကို သေချာ သုတ်တယ်။ အကျႌကို သပ်သပ်ရပ်ဖြစ်အောင် ပြန်တည့်ပေးတယ်။ ဆံပင်ကို ညီနေအောင် သေချာဂရုစိုက်လို့ ဖြီးပေးတယ်။

မျက်မှန်ကို သုတ်ပြီး တည့်တည့်ဖြစ်အောင် ပြန်တပ်ပေးတယ်။ သူတို့ ၂ ယောက် သန့်စင်ခန်းထဲက ပြန်ထွက်လာတဲ့ အခါမှာတော့ စားသောက်ဆိုင် တစ်ခုလုံးက လူတွေဟာ ပြောမပြတတ်အောင် သူတို့ကိုယ်သူတို့ အကြီးအကျယ် ရှက်မိလို့ ငြိမ်သက် နေခဲ့တယ်။

သားဖြစ်သူဟာ ကျသင့်ငွေကို ရှင်းပြီး ပြန်ဖို့အတွက် သူ့အဖေကို လှမ်းတွဲလိုက်တဲ့ အချိန်မှာ ဘေးဝိုင်းက အဘိုးအိုတစ်ယောက် ဟာ သားဖြစ်သူကို လှမ်းအော်ပြောလိုက် ပါတယ်…။

“သားရေ.. တစ်ခုခုများ ကျန်ခဲ့တယ်လို့ မထင်ဘူးလားကွယ့်။” ”မကျန်ခဲ့ပါဘူး ခင်ဗျ။” လို့ သားဖြစ်သူ လူငယ်က ဖြေတယ်။ အဘိုးအိုက “ကျန်ခဲ့တာပေါ့ကွယ်… ဒီ စားသောက်ဆိုင်ထဲမှာ ရှိနေတဲ့ သားတိုင်းအတွက် သင်ခန်းစာကျန်ခဲ့သလို…

အဖေတိုင်းအတွက် မျှော်လင့်ချက်တွေ တပုံကြီးကို ကျန်ခဲ့ပါတယ်ကွယ်။” စားသောက်ဆိုင် တစ်ခုလုံးဟာ စောစောကထက်ကို ပိုငြိမ်သက်သွားခဲ့တယ်။

သင်ခန်းစာ… တစ်ချိန်က ကိုယ့်ကို ပြုစုပျိုးထောင် ပေးခဲ့သူတို့ မသန်မစွမ်းနိုင်တော့တဲ့ အခါ ပြန်လည် ပြုစုပျိုးထောင်ပေးရခြင်းဟာ ဘယ်တော့မှ အပိုအလုပ် မဟုတ်သလို…

နိမ့်ကျစရာ အလုပ်တစ်ခု မဟုတ်ပါဘူး။ ကိုယ့်မိဘဟာ ကိုယ့်ကို ဘယ်လိုစိတ်နဲ့ ဘယ်အထိ ပြုစုခဲ့သလဲ ဆိုတာကို ကျွန်တော်တို့တွေ အသိဆုံးပါ။ မွေးစတုန်းက ဆိုရင် အနှီးကအစ လဲပေးခဲ့သူတွေချည်းပါပဲ။

ဒါလေးတွေကို ကျေးဇူးတင်ပါ… သိတတ်ပါ။ မဖြစ်ဖြစ်တဲ့နည်းနဲ့ ရသလောက် ကျေးဇူးဆပ်သွားနိုင် ကြပါစေ။

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*