ျမင္ေအာင္ၾကည့္လိုက္ပါ

ၾကည့္ပါ..လူတစ္ေယာက္ရဲ့ အေျပာေတြထက္ သူ႔ႏွလုံးသားကို ျမင္ေအာင္ၾကည့္ပါ

ၾကည့္ပါ..လူတစ္ေယာက္ရဲ့ အျပင္ပန္းလုပ္ပုံကိုင္ပုံထက္သူ႔ေစတနာကို ျမင္ေအာင္ၾကည့္ပါ

ၾကည့္ပါ..လူတစ္ေယာက္ရဲ့ အျပစ္ေတြထက္သူေကာင္းခဲ့တာေတြကို အျမဲမေမ့ေအာင္အမွတ္ရစြာနဲ႔ ၾကည့္ပါ

ၾကည့္ပါ..ကိုယ္ၾကဳံေနရတဲ့ ေလာကဓံေတြကိုေနာင္တစ္ခ်ိန္ေကာင္းစားဖို႔ ယခုဒုကၡခံေနရတာပါလို႔အားတင္းစိတ္နဲ႔ ဒုကၡေတြကို မိတ္ေဆြလိုျမင္ေအာင္ၾကည့္ပါ

ၾကည့္ပါ…ဝမ္းနည္းစရာေတြၾကဳံလာတိုင္းေပ်ာ္ရဖို႔နီးလာၿပီလို႔ ကိုယ့္စိတ္ကိုအေကာင္းျမင္စိတ္ျဖင့္ ဘဝကို တန္ဖိုးတက္လာေအာင္ အျပဳံးေတြျဖင့္ ၾကည့္ပါ

ဘဝဆိုတာ ကိုယ့္အျမင္ ၊ သူ႔အျမင္ အျခားသူအျမင္ေတြၾကားမွာ ေနတတ္ေအာင္ေနရျခင္းပါကိုယ္က အျခားသူကို အဆိုးေတြခ်ည္းပဲျမင္ေနမယ္ဆိုရင္ မွန္တစ္ခ်ပ္လိုပဲအျခားသူေတြက ကိုယ့္ကို အဆိုးေတြပဲတန္ျပန္အျမင္ခံရတတ္ပါတယ္

လူတစ္ေယာက္ရဲ့ ကံၾကမၼာဆိုတာတစ္ခါတစ္ခါမွာ ကိုယ့္ရဲ့ စိတ္သေဘာထားအျမင္ေတြအေပၚမွာ အရိပ္တစ္ခုလိုထပ္ၾကပ္မကြာ တြယ္ကပ္ေနတတ္တာမ်ိဳးပါ

ေကာင္းေသာအျမင္ ၊ ေကာင္းေသာအေတြး ေကာင္းေသာလုပ္ရပ္ေတြနဲ႔ တန္ဆာဆင္ထားသူတစ္ေယာက္အဖို႔ ဆိုးတဲ့ကံေတြ ၾကဳံလာလည္းခဏပါ

ကိုယ့္ကံၾကမၼာကို ကိုယ့္စိတ္ဓာတ္ေကာင္းေတြနဲ႔ကိုယ့္ဘဝကို စိတ္ႀကိဳက္ တည္ ေဆာက္ခြင့္ကိုေလာကႀကီးက လူသားတိုင္းကို တန္းတူအခြင့္အေရးေပးထားတာက အမွန္တရားတစ္ခုပါပဲ။

Credit – ဇင္းနစ္ မေကြး

unicode..

ကြည့်ပါ..လူတစ်ယောက်ရဲ့ အပြောတွေထက် သူ့နှလုံးသားကို မြင်အောင်ကြည့်ပါ

ကြည့်ပါ..လူတစ်ယောက်ရဲ့ အပြင်ပန်းလုပ်ပုံကိုင်ပုံထက်သူ့စေတနာကို မြင်အောင်ကြည့်ပါ

ကြည့်ပါ..လူတစ်ယောက်ရဲ့ အပြစ်တွေထက်သူကောင်းခဲ့တာတွေကို အမြဲမမေ့အောင်အမှတ်ရစွာနဲ့ ကြည့်ပါ

ကြည့်ပါ..ကိုယ်ကြုံနေရတဲ့ လောကဓံတွေကိုနောင်တစ်ချိန်ကောင်းစားဖို့ ယခုဒုက္ခခံနေရတာပါလို့အားတင်းစိတ်နဲ့ ဒုက္ခတွေကို မိတ်ဆွေလိုမြင်အောင်ကြည့်ပါ

ကြည့်ပါ…ဝမ်းနည်းစရာတွေကြုံလာတိုင်းပျော်ရဖို့နီးလာပြီလို့ ကိုယ့်စိတ်ကိုအကောင်းမြင်စိတ်ဖြင့် ဘဝကို တန်ဖိုးတက်လာအောင် အပြုံးတွေဖြင့် ကြည့်ပါ

ဘဝဆိုတာ ကိုယ့်အမြင် ၊ သူ့အမြင် အခြားသူအမြင်တွေကြားမှာ နေတတ်အောင်နေရခြင်းပါကိုယ်က အခြားသူကို အဆိုးတွေချည်းပဲမြင်နေမယ်ဆိုရင် မှန်တစ်ချပ်လိုပဲအခြားသူတွေက ကိုယ့်ကို အဆိုးတွေပဲတန်ပြန်အမြင်ခံရတတ်ပါတယ်

လူတစ်ယောက်ရဲ့ ကံကြမ္မာဆိုတာတစ်ခါတစ်ခါမှာ ကိုယ့်ရဲ့ စိတ်သဘောထားအမြင်တွေအပေါ်မှာ အရိပ်တစ်ခုလိုထပ်ကြပ်မကွာ တွယ်ကပ်နေတတ်တာမျိုးပါ

ကောင်းသောအမြင် ၊ ကောင်းသောအတွေး ကောင်းသောလုပ်ရပ်တွေနဲ့ တန်ဆာဆင်ထားသူတစ်ယောက်အဖို့ ဆိုးတဲ့ကံတွေ ကြုံလာလည်းခဏပါ

ကိုယ့်ကံကြမ္မာကို ကိုယ့်စိတ်ဓာတ်ကောင်းတွေနဲ့ကိုယ့်ဘဝကို စိတ်ကြိုက် တည် ဆောက်ခွင့်ကိုလောကကြီးက လူသားတိုင်းကို တန်းတူအခွင့်အရေးပေးထားတာက အမှန်တရားတစ်ခုပါပဲ။

Credit – ဇင်းနစ် မကွေး

Be the first to comment

Leave a Reply

Your email address will not be published.


*