ရေခဲသေတ္တာတွေ အဲကွန်းတွေမှာဂတ်စ်ကုန်တယ် ဆိုတာမရှိပါဘူး (ဂျင်းမထိရအောင် ဖတ်ထားဖို့တော့လိုမယ်နော်)

းလိုက်လို့ ကုန်သွားတယ် ဆိုတာမရှိပါဘူး အချိန်ကြာလို့ ကုန်သွားတယ်ဆိုတာမရှိပါဘူး၊ နေရင်းထိုင်ရင်း ကုန်သွားတယ် ဆိုတာမရှိပါဘူး။

တစ်သက်လုံးသုံး တစ်သက်လုံး မကုန်ပါဘူးတဲ့မီးဖို gas တွေလိုဖောက်ထုတ်မီးရှို့ ပစ်တာ မဟုတ်လို့ကုန်သွားစရာ အကြောင်းမရှိပါဘူး။

ဘေဘီလည်းခံရပါများလို့ တင်ပေးလိုက်ပါတယ် ဒီရေခဲသေတ္တာ၊ အဲကွန်းတွေမှာ သုံးတဲ့ Gas ဂတ်စ်ဆိုတာ refrigerant လို့ခေါ်တဲ့ အအေးပြုဓာတ်ငွေ့ တစ်မျိုး ဖြစ်ပါတယ်ဒီ refrigerant ( အအေးပြု ဓာတ်ငွေ့ ) တွေဟာရေခဲသေတ္တာတွေ၊ အဲကွန်းတွေရဲ့ ပိုက်လိုင်းတွေထဲမှာ အရည် ဖြစ်လိုက်အငွေ့ ဖြစ်လိုက်နဲ့ ကွန်ပရက်စာမော်တာရဲ့..

အကူအညီနဲ့ လှည့်ပတ်နေရင်း အပူထုတ်ခြင်း အပူစုပ်ယူခြင်းများ ပြုလုပ်ပေးခြင်းဖြင့် အအေးပြုခြင်းသံသရာကို ဖြစ်ပေါ်စေပါတယ်..၎င်း အအေးပြုခြင်းသံသရာကို စဉ်ဆက်မပြတ် လုပ်ဆောင်နေခြင်းဖြင့် ရေခဲသေတ္တာ၊ အဲကွန်းများတွင် အပူချိန်ပြောင်းလဲမှုများ ဖြစ်ပေါ်စေတာဖြစ်ပါတယ်

အဲဒီလို ပိုက်လိုင်းတွေထဲမှာပဲ လှည့်ပတ် သွားလာနေပြီး ထွက်ပေါက်မရှိ၊ အလုံပိတ်ရှိနေ တာကြောင့် ကုန်သွားစရာ အကြောင်းမရှိပါဘူး.. ကုန်သွားတယ်ဆိုရင် ဘာကြောင့်ကုန်သွားတယ် ဆိုတဲ့ အကြောင်းရင်း ရှိရပါတယ်။

ပိုက်လိုင်းတစ်နေရာက ပေါက်သွားလို့ ဂတ်စ်ယိုစိမ့်မှု ရှိလို့.. ကုန်သွားရခြင်းသာ ဖြစ်ပါတယ် အဲတော့ ဆိုလိုတာကဂတ်စ်လျော့သွားတယ်၊ ဂတ်စ်ကုန်သွားတယ် ဆိုရင်ပိုက်လိုင်း တစ်နေရာရာမှာ ပေါက်နေလို့၊ ဂတ်စ်ယိုစိမ့်မှု gas leakage ရှိနေလို့သာဖြစ်တာပါ။

အပေါက်ကြီးရင် ရုတ်တရက် အအေးလျော့သွားမယ် အပေါက်သေးရင် ဖြည်းဖြည်းခြင်း အအေးလျော့သွားမှာ ဖြစ်ပါတယ် အဲလိုဖြစ်လာပြီဆိုရင် ဘယ်နေရာက ပေါက်နေလဲ၊ ဘယ်နေရာက ယိုစိမ့်မှုရှိနေလဲ အရင်ရှာရမှာပါ။

ရှာလို့တွေ့ရင်ဖာလို့ရရင်ဖာ၊ ဖာလို့မရရင်အသစ်လဲ၊လုံအောင် လုပ်ပြီးမှဂတ်စ် ပြန်ထည့်ရမှာပါ
အဲလိုမဟုတ်ပဲ အပေါက်မဖာပဲ gas ထပ်ထည့်ရင်တော့ ပြန်ကုန်ဦးမှာပါ နော်အိမ်သုံး ရေခဲသေတ္တာတွေမှာတော့ chamber type တွေဆိုရင်အခဲခန်းထဲမှာ

ရေခဲထုတွေ ထူနေတာကိုဓားတွေ ဝက်အူလှည့်တွေနဲ့ ထိုးခွာရင်း evaporator ပိုက်ပေါက်ပြီး gas ထွက်သွားတတ်တာမျိုး မကြာခဏ ဆိုသလိုတွေ့ရတတ်ပါတယ် အိမ်သုံးအဲကွန်းတွေမှာတော့ gas ကုန်တယ် ဂတ်စ်ထပ်ထည့်ရတယ် ဆိုတာအမြဲလိုလို ကြားနေရတယ် ။

ဂတ်စ်ကုန်ရင် ဘာကြောင့်ကုန်သလဲ အဖြေအရင်ရှာရမှာပါ Indoor Outdoor အဆက် Joint တွေ၊ Outdoor မှာပါတဲ့ L key valve တွေ မှာ ယိုစိမ့်မှုတွေ ရှိနိုင်ပါတယ် indoor outdoor joint တွေ မလုံတာကတော့ services သမားတွေ မသေသပ်မှုကြောင့် အဖြစ်များပါတယ်။

ပိုက်မဆက်မှီ ပိုက်ကိုကော်လံဖော်ရာမှာ မသေသပ်ရင် ယိုစိမ့်မှု ဖြစ်တတ်ပါတယ် flare nut တွေ ကြပ်တဲ့နေရာမှာလက်ဆ များသွားရင် flare nut တွေကွဲပြီး ယိုစိမ့်မှုဖြစ်တတ်ပါတယ် L key valve တွေမလုံတာကတော့ oil seal တွေမကောင်းတာ ဖြစ်တတ်ပါတယ် oil seal လဲလို့ ရပါတယ်။

pressure gauge တပ်တဲ့ pin valve လေးမကောင်းရင်လဲ ယိုစိမ့်တတ်ပါတယ် အဲဒီ pin valve လေး လဲလို့ ရပါတယ် အဲတော့နိဂုံးချုပ် အနေနဲ့ရေခဲသေတ္တာ အဲကွန်းသုံးစွဲ သူတွေကို ပြောချင်တာက ရေခဲသေတ္တာ သို့မဟုတ် အဲကွန်းမအေးတော့ဘူး ဆိုတိုင်း gas ကုန်တာမဟုတ်ပါဘူး။

အခြားအစိတ်အပိုင်းတွေ ချို့ယွင်းမှု ရှိရင်လည်း မအေးတော့တာမျိုး ဖြစ်တတ်ပါတယ် အချို့ အတုအယောင် services အဖွဲ့ တွေဆိုရင် အလကား နေရင်း gas လျော့တယ် gas ကုန်တယ်၊ ဆိုပြီး ဟန်ဆောင် gas ထည့်ပြ၊ gasဘိုးတောင်းယူနေကြတာတွေ ရှိပါတယ်။

အဲဒီလို gas လျော့တယ်၊ gas ကုန်တယ်၊ gas လျော့လို့ gas ထပ်ထည့်လိုက်ရတယ်၊ gas ဘိုး ဘယ်လောက်ကျပါတယ်၊ ဆိုပြီး တောင်းလာ ခဲ့ရင်ဘာကြောင့် လျော့သွားတာလဲမေးပါ ဘယ်နေရာက ယိုစိမ့်မှု ရှိလို့ကုန်သွားတာလဲ မေးပါ။

ခိုင်လုံတဲ့ အဖြေ ရှိရပါမယ် အဲဒီယိုတဲ့နေရာကို လုံအောင်ဘယ်လို ဖြေရှင်းလိုက်လဲမေးပါ နောက်အချိန်တို အတွင်းအဲဒီနေရာကထပ် မဖြစ်အောင်မည်သို့ တာဝန်ယူပေးနိုင်လဲ မေးပါ ခိုင်လုံတဲ့ အဖြေ ရှိရပါမယ် အဲလိုမှမဟုတ်ရင် gas ဘိုးနဲ့ပဲ အသစ်တစ်လုံး ဝယ်တာလောက် ပြန်ကုန်သွားတတ်ပါတယ်။

Airconတပ်ဆင်သမားအားလုံးမဆိုလိုပါ နားမလည်သူအချို့ကိုရိုက်စားနေသူများကို ပြန်ပြောပြတတ်အောင်ပါရှင့် တစ်ကယ်သမာသမတ်ကျပြီး တာဝန်ယူမှု တာဝန်ခံမှုရှိတဲ့၊ ကျွမ်းကျင်တဲ့ services အဖွဲ့တွေလည်း အများကြီးရှိပါတယ်..

အဲဒီလိုကျွမ်းကျင်တဲ့ services အဖွဲ့တွေဆိုရင်တော့ အခုပြောခဲ့တဲ့ မေးခွန်းအားလုံး သင်မမေးခင်မေးစရာ မလိုအောင်အားလုံး ရှင်းပြပြောပြ ပါလိမ့်မယ်။

မသိနားမလည်တဲ့ သူတွေကို လိမ်မစားချင်ကျနဲ့ သူတစ်ပါး မျက်ရည်နှင့် ဆန်ဆေးတယ် ဆိုတာ ဝဋ်လိုက်တက်ပါတယ် ရမ်းရွှီး ရမ်းကုစက်ဆရာ အတုများရဲ့ ပါးစပ်ဖျားမှာ လမ်းမဆုံးစေရန် ရည်သန် ရေးသားလိုက် ရပါတယ်နော် လာမ+ဆဲကြနဲ့နော် ဘေဘီက စေတနာနဲ့

ခရစ်ဒစ် မူရင်းရေးသားသူ

 

Be the first to comment

Leave a Reply

Your email address will not be published.


*