အိမ္တိုင္း…အိမ္တိုင္းမွာ မုရိုးပင္ တပင္ေလာက္ေတာ့ စိုက္ထားသင့္တဲ့ အေၾကာင္းအရင္း…

အိမ္တိုင္း…အိမ္တိုင္းမွာ မုရိုးပင္ တပင္ေလာက္ေတာ့ စိုက္ထားသင့္တဲ့ အေၾကာင္းအရင္း…

အရိုးတစ္ေခ်ာင္းမွာ အရြက္က တစ္ဖက္တစ္ခ်က္ ထြက္ၿပီး အကိုင္းဖ်ားအထိ အရြက္က အစိမ္းေရာင္ရင့္ရင့္၊ အေမႊးႏုပါတဲ့ဖက္က အျဖဴေရာင္ဖက္ကို နဲနဲယိမ္းပါတယ္။ အသီးက စိမ္တစ္လုံး သရက္လို ပုံသဏၭာန္ရွိတယ္။

ဒါေပမဲ့ အထဲမွာက ေလအပြသီး ဝတ္ဆံအနက္နဲ႔၊ အေမႊးမၽွင္မၽွင္ေတြ ေလမွာပ်ံၿပီး မ်ိဳးပြားတယ္။ ACID ဓါတ္မ်ားပါတယ္… ကၽြဲမရိုးလည္း ေခၚတယ္… ေတာင္မရိုးပင္လည္း ေခၚတယ္။ အညာေဒသမွာေတာ့

မရိုးပင္လို႔ ေခၚပါတယ္။ ကၽြဲေပါက္ပင္လို႔လည္း ေခၚပါတယ္။ ရခိုင္ေဒသမွာ မုရိုးပင္ကို ျဖဴႀကီးပင္လို႔ေခၚတယ္။ ငျဖဴ ႀကီးပင္လို႔လည္းေခၚပါတယ္။ျပည္ဘက္မွာေတာ့ ႏြားျဖဴႀကီးပင္(ႏြားနို႔ခဲ) အပင္လို႔ ေခၚပါသည္။

ေဆးနည္းမ်ား…

(၁) ဒူးနာ ခါးနာျဖစ္ရင္ အရြက္ကို ေရနဲ႔ ေသခ်ာေဆးပါ။ ၿပီးေတာ့ အရြက္ကို မီးကင္ၿပီး ၂ည ၃ည ပတ္စီးေပးရင္ ယူပစ္သလို ေပ်ာက္ပါတယ္။

(၂) ေလးဘက္နာေပ်ာက္တယ္… အပင္ေရာ အျမစ္ပါမက်န္ႏူတ္ၿပီး အိုးထဲမွာထည့္… အေပၚကေန ေဆးရြက္ႀကီးအုပ္… ေရထည့္ျပဳတ္ပါ။ အဲဒီေရကို ခ်ိဳးေပးပါ။ ေနာက္တနည္းကေတာ့… မရိုး အျမစ္နဲ႔ ဆန္ေဆးရည္ ေသြးၿပီး လိမ္းရင္လည္း အဆစ္အျမစ္ေရာင္ ေလးဖက္နာ ေပ်ာက္ပါတယ္။

(၃) ေျခေထာက္ေခါက္လဲလို႔ မ်က္သြားၿပီး ေယာင္ကိုင္းေနရင္… မုရိုးေစးကို အသာေလး ပြတ္လိမ္းေပးၿပီး အရြက္ကို မီးကင္ လက္ေလးနဲ႔ အသာေလးေခ် အျပန႔္လိုက္ ကပ္ၿပီး… ပိတ္စနဲ႔ စည္းထားလိုက္ပါ။

(၄) ႂကြက္နို႔ကိုျဖတ္ၿပီး အေစးနဲ႔ တို႔ထားရင္ အျမစ္ပါ စားၿပီး က်င္းခြက္လို ျဖစ္သြားတယ္။ ၿပီးေတာ့ ေပ်ာက္သြားတယ္။ ငါးမ်က္စိ ေပါက္ေနသူမ်ား… မုရိုးရြက္ကို ခ်ိဳးလိုက္တဲ့အခါ ထြက္လာေသာ အေစးနဲ႔ ခဏခဏ တို႔ေပးပါ။ အလိုလို ထြက္က်လာမည္။

(၅) ေျခေထာက္မွာ ဝတ္ဆံတည္တာကို ေျခပူနာလို႔ ေခၚပါသည္။ ၾကက္ဆူး ထည့္သြားၿပီဆိုရင္ ခဲနင္းမိပါက အမေလး ‘တ’ ရတဲ့ အနာပါ။ အနာထိပ္ကို ဓားႏွင့္ လွီးၿပီး အေစးကို သုတ္လိမ္းေပးပါက ေပ်ာက္ပါသည္။

(၆) အမ်ိဳးသမီးမ်ား သားအိမ္အတြင္း ေသြးလုံး ေလလုံးျဖစ္ခဲ့ပါလၽွင္ မုရိုး၅ပြင့္ကို ႏွမ္းဆီႏွင့္ေၾကာ္စား၊ ဝမ္းဗိုက္ကို မုရိုးေစးႏွင့္ ဆႏြင္းမႈန႔္ ဆတူေရာစပ္ လိမ္းေပးပါက တျဖည္းျဖည္း

ေသးငယ္ၿပီး သက္သာေပ်ာက္ကင္းေစပါတယ္။ ဓမၼတာမမွန္တာ ေသြးမေပၚတာဆိုရင္ အရည္ညႇစ္ၿပီး ႏွစ္ေခါင္းထဲကို တစ္စက္ဆီ ထဲ့ေပးပါ။ ေသြးခ်က္ခ်င္း ဆင္းပါတယ္။

(၇)ပန္းနာ ရင္ၾကပ္ ေရာဂါ ေပ်ာက္ပါတယ္…

မရိုးပင္ကို ၃လကၼ ေလာက္ျဖတ္ၿပီး ေနလွမ္းပါ။ ေျခာက္ေသြ႕တဲ့အခါ မီးရွို႔ျပာခ်ပါ။ ျပာကို ေရစိမ္ ေမႊေပးၿပီး အနယ္ထိုင္ရင္ အေရၾကည္ကို ဆားခ်က္ပါ။ မုရိုးႀကီး႐ုကၡမူ ဆားရမယ္။ အဲဒီဆား တစ္ပဲသားကို ပ်ားရည္ တစ္ဆယ္သားနဲ႔ ေရာသမေမႊ သုံးေဆာင္ပါ။

(၈) ဆူး စူးၿပီး ဆူးကိုထြင္လို႔ မရတဲ့အခါ ဒီအပင္ရဲ့အေစးကို ထည့္လိုက္ပါ။ နာရီ အနည္းငယ္ၾကာတဲ့အခါ ဆူးက သူ႔အလိုလို အျပင္ကို ထြက္လာပါတယ္။ ဆူး စူးၿပီး အနာဝ ပိတ္သြားလို႔ ဆူးက်န္ၿပီး အထဲက နာေနလၽွင္လည္း အနာဝကို ဖြင့္ၿပီး အေစးခ်… အရြက္မီးကင္ ကပ္လိုက္တာ ေညာင့္ထြက္လာပါတယ္။

ေျခေထာက္မွာ ဆူးစူးလို႔ ရွာမရျဖစ္ေနရင္ အေစးကို အနာဝေပၚ တို႔ၿပီး အရြက္ကို မီးကင္ကပ္ရင္ ဆူးထြက္ပါတယ္။ ပတ္တီးဖြဖြေလး စည္းထားရင္လည္း အဆင္ေျပပါတယ္။

ကႏၲာရဆူး စူးၿပီး ေတာ္ေတာ္နာေနတာ အပ္နဲ႔ေကာ္ထုတ္လဲ မရပါ။ အသိတစ္ေယာက္ကေျပာလို႔ မုရိုးအေစးနဲ႔ ကပ္လိုက္တာ ေနာက္ေန႔ အနာကိုညႇစ္လိုက္ေတာ့ ဆူးပါသြားတယ္။

(၉) ေခ်ာင္းဆိုး တီဘီ အဆုတ္နာ… မုရိုးရြက္ တစ္ရြက္၊ ကြမ္းရြက္တစ္ရြက္၊ ဆားအနည္းငယ္ ထည့္ၿပီး ျပာခ်ပါ။ အဲဒီျပာကို လၽွက္ဆားလို တစ္ေန႔ အနည္းငယ္ လၽွက္ေပး ပါ ေပ်ာက္ပါတယ္။

(၁၀) အနာစိမ္း ေမႊးကၽြတ္နာ အနာလုံးမ်ားေပါက္ရင္… အနာေပၚမွာ အရြက္ကို မီးေလးျပၿပီး ကပ္ထားပါက အလၽွင္အျမန္ ေပ်ာက္ကင္းပါသည္။

(၁၀) ထိပ္ကပ္နာေခၚတဲ့ ႏွာပိတ္ေရာဂါကို မရိုးအေစးျဖဴေလး ႏွာေခါင္းထိပ္ထဲ ထည့္ေပးၿပီး ၁၀မိနစ္ေလာက္ေနရင္ ႏွာဆက္တိုက္ေခ်ၿပီး ႏွပ္ပုတ္မ်ား ထြက္လာကာ သက္သာ-ေပ်ာက္ကင္းပါသည္။ ထိတ္ခတ္နာကို အရြက္ကိုေနလွန္း ေဆးလိပ္လိုလိပ္၍ မီးရွို႔ၿပီး ရႉပါ။

ၿပီးေတာ့ ႏွာေခါင္းမွ ျပန္ထုတ္ပါ။ ေပ်ာက္ကင္းပါသည္။ ထိပ္ကပ္နာ နားေခါင္းယားလၽွင္ အရြက္ကို ေခ်ၿပီး ရႉေပးပါ။ မရိုးရြက္ကို အေျခာက္လွမ္း ေဆးလိပ္တြင္ ထည့္ကာ မီးခိုးကို ရႉပါက

ႏွာရည္မ်ားက်ကာ ပြင့္သြားပါသည္။ တစ္သက္လုံး မယားေတာ့ပါ။ ႏွာေခါင္းပိတ္(ထိပ္ကပ္နာ) အသက္ရႉၾကပ္ေရာဂါရွိသူမ်ား မရိုးရြက္မီးကင္ကို ႏွာေခါင္းအတြင္းေမာ့၍ ညႇစ္ထည့္ပါ။

ခဏအၾကာတြင္ ႏွာေခ်၍ ႏွာေခါင္းအတြင္းမွ အဝါေရာင္ အညစ္ေၾကးမ်ား ထြက္လာၿပီး လုံးဝေကာင္းသြားပါမည္။

ေဆးလိပ္ အေသာက္မ်ားသူမ်ား… မရိုး အရိုးအေျခာက္ကို ေဆးလိပ္ေသာက္သကဲ့သို႔ တစ္ဖက္မွမီးရွို႔၍ တစ္ဖက္မွရႉေပးလၽွင္ ေဆးလိပ္ခ်ိဳး ေခ်းမ်ား ျပန္အန္ထြက္လာပါလိမ့္မည္။ ႏွာေခါင္း ခဏခဏ ပိတ္ရင္ မုရိုးရြက္ အေျခာက္ကို မီးခဲေပၚတင္ ရႉပါက သက္သာတယ္။

မုရိုးေခၚ မေရြး တစ္နည္း ျဖဴႀကီးရြက္ ၇ ရြက္ ဖင္ျပန္ ေခါင္းျပန္ ထပ္ပါ။ ထပ္ၿပီးရင္ ကေတာ့ထိုးပါ။ ကေတာ့ထဲမွာ ဆားထည့္ၿပီး မီးျဖင့္ဖုတ္ပါ။ ရလာေသာ ဆားမီးဖုတ္ကို တစ္ေန႔ သုံးႀကိမ္ ေရြးေစ့ငယ္ခန႔္ လၽွက္ေပးပါက ပန္းနာရင္ၾကပ္ လုံးဝ အျမစ္ျပတ္ ေပ်ာက္ပါတယ္။ တစ္လေလာက္ သီးခံလၽွက္ေပးပါ။

(၁၁) အစာအိမ္ေရာဂါ ျဖစ္ပါက… မုရိုးရြက္တစ္ရြက္ကို အရင္းအဖ်ား စတိပယ္ပါ။ ေရွာက္ရြက္ ခုနစ္ရြက္၊ အိမ္သုံးဆား ခုနစ္က်ပ္သား ေရာၿပီး အိုးထဲထည့္ အလုံပိတ္ မီးဖုတ္။ ျပာက် သြားပါက အစာစားၿပီးတိုင္း လၽွက္ေပးပါ။ ေပ်ာက္ကင္း၏။

(၁၂) သြားကိုက္ရင္ သြားအေခါင္းထဲကို ဂြမ္းစေလးနဲ႔ သူ႔အေစးကိုတို႔ၿပီး သိပ္ထားပါ။ ခဏနဲ႔ ေပ်ာက္ပါတယ္။ သြားအေျခကို အေစးတို႔ၿပီး ငါးမိနစ္ခန႔္အၾကာမွာ အဲဒီသြားကိုႏႈတ္ရင္ အလြယ္တကူ ကၽြတ္ပါတယ္။

အသံမထြက္တဲ့လူမ်ား အသံ ထြက္လာပါလိမ့္မယ္။ ေဆးနည္းကေတာ့… အရြက္ကို ေျခာက္ေအာင္ေနလွမ္းပါ။ ေျခာက္တဲ့အရြက္ကို မီးကင္ပါ။ ျပာျဖစ္ေအာင္ ကင္ရမွာပါ။ အဲဒီကင္ၿပီးသား အရြက္ကို

အမႈန႔္ႀကိတ္ၿပီး ပ်ားေရနဲ႔ နယ္ကာ လက္ဖက္စားဇြန္းနဲ႔ တစ္ေန႔ သုံးႀကိမ္ နံနက္ ေန႔ ညေန စားေပးပါ။ ၃လၾကာရင္ အသံထြက္လာပါမယ္(ေမြးရာပါ စကားမေျပာနိုင္တဲ့ လူမ်ား မပါပါ။)

ျမင္းစဂုံနီျမစ္ မရိုးျမစ္ မိုးနံျမစ္တို႔ကို ေသြးၿပီး လိမ္းပါက အနာမ်ိဳးစုံေပ်ာက္ပါသည္။ သံနဲ႔ ထိခိုက္မိရင္ ခ်က္ခ်င္း သူရဲ့အေစး အျဖဴေရာင္ကို အနာမွာထည့္ပါ။

မူရင္းေရးသားသူမ်ားအားေလး စားစြာခရက္ဒစ္ေပးပါသည္။

unicode..

အိမ်တိုင်း…အိမ်တိုင်းမှာ မုရိုးပင် တပင်လောက်တော့ စိုက်ထားသင့်တဲ့ အကြောင်းအရင်း…

အရိုးတစ်ချောင်းမှာ အရွက်က တစ်ဖက်တစ်ချက် ထွက်ပြီး အကိုင်းဖျားအထိ အရွက်က အစိမ်းရောင်ရင့်ရင့်၊ အမွှေးနုပါတဲ့ဖက်က အဖြူရောင်ဖက်ကို နဲနဲယိမ်းပါတယ်။ အသီးက စိမ်တစ်လုံး သရက်လို ပုံသဏ္ဌာန်ရှိတယ်။

ဒါပေမဲ့ အထဲမှာက လေအပွသီး ဝတ်ဆံအနက်နဲ့၊ အမွှေးမျှင်မျှင်တွေ လေမှာပျံပြီး မျိုးပွားတယ်။ ACID ဓါတ်များပါတယ်… ကျွဲမရိုးလည်း ခေါ်တယ်… တောင်မရိုးပင်လည်း ခေါ်တယ်။ အညာဒေသမှာတော့

မရိုးပင်လို့ ခေါ်ပါတယ်။ ကျွဲပေါက်ပင်လို့လည်း ခေါ်ပါတယ်။ ရခိုင်ဒေသမှာ မုရိုးပင်ကို ဖြူကြီးပင်လို့ခေါ်တယ်။ ငဖြူ ကြီးပင်လို့လည်းခေါ်ပါတယ်။ပြည်ဘက်မှာတော့ နွားဖြူကြီးပင်(နွားနို့ခဲ) အပင်လို့ ခေါ်ပါသည်။

ဆေးနည်းများ…

(၁) ဒူးနာ ခါးနာဖြစ်ရင် အရွက်ကို ရေနဲ့ သေချာဆေးပါ။ ပြီးတော့ အရွက်ကို မီးကင်ပြီး ၂ည ၃ည ပတ်စီးပေးရင် ယူပစ်သလို ပျောက်ပါတယ်။

(၂) လေးဘက်နာပျောက်တယ်… အပင်ရော အမြစ်ပါမကျန်နူတ်ပြီး အိုးထဲမှာထည့်… အပေါ်ကနေ ဆေးရွက်ကြီးအုပ်… ရေထည့်ပြုတ်ပါ။ အဲဒီရေကို ချိုးပေးပါ။ နောက်တနည်းကတော့… မရိုး အမြစ်နဲ့ ဆန်ဆေးရည် သွေးပြီး လိမ်းရင်လည်း အဆစ်အမြစ်ရောင် လေးဖက်နာ ပျောက်ပါတယ်။

(၃) ခြေထောက်ခေါက်လဲလို့ မျက်သွားပြီး ယောင်ကိုင်းနေရင်… မုရိုးစေးကို အသာလေး ပွတ်လိမ်းပေးပြီး အရွက်ကို မီးကင် လက်လေးနဲ့ အသာလေးချေ အပြန့်လိုက် ကပ်ပြီး… ပိတ်စနဲ့ စည်းထားလိုက်ပါ။

(၄) ကြွက်နို့ကိုဖြတ်ပြီး အစေးနဲ့ တို့ထားရင် အမြစ်ပါ စားပြီး ကျင်းခွက်လို ဖြစ်သွားတယ်။ ပြီးတော့ ပျောက်သွားတယ်။ ငါးမျက်စိ ပေါက်နေသူများ… မုရိုးရွက်ကို ချိုးလိုက်တဲ့အခါ ထွက်လာသော အစေးနဲ့ ခဏခဏ တို့ပေးပါ။ အလိုလို ထွက်ကျလာမည်။

(၅) ခြေထောက်မှာ ဝတ်ဆံတည်တာကို ခြေပူနာလို့ ခေါ်ပါသည်။ ကြက်ဆူး ထည့်သွားပြီဆိုရင် ခဲနင်းမိပါက အမလေး ‘တ’ ရတဲ့ အနာပါ။ အနာထိပ်ကို ဓားနှင့် လှီးပြီး အစေးကို သုတ်လိမ်းပေးပါက ပျောက်ပါသည်။

(၆) အမျိုးသမီးများ သားအိမ်အတွင်း သွေးလုံး လေလုံးဖြစ်ခဲ့ပါလျှင် မုရိုး၅ပွင့်ကို နှမ်းဆီနှင့်ကြော်စား၊ ဝမ်းဗိုက်ကို မုရိုးစေးနှင့် ဆနွင်းမှုန့် ဆတူရောစပ် လိမ်းပေးပါက တဖြည်းဖြည်း

သေးငယ်ပြီး သက်သာပျောက်ကင်းစေပါတယ်။ ဓမ္မတာမမှန်တာ သွေးမပေါ်တာဆိုရင် အရည်ညှစ်ပြီး နှစ်ခေါင်းထဲကို တစ်စက်ဆီ ထဲ့ပေးပါ။ သွေးချက်ချင်း ဆင်းပါတယ်။

(၇)ပန်းနာ ရင်ကြပ် ရောဂါ ပျောက်ပါတယ်…

မရိုးပင်ကို ၃လက္မ လောက်ဖြတ်ပြီး နေလှမ်းပါ။ ခြောက်သွေ့တဲ့အခါ မီးရှို့ပြာချပါ။ ပြာကို ရေစိမ် မွှေပေးပြီး အနယ်ထိုင်ရင် အရေကြည်ကို ဆားချက်ပါ။ မုရိုးကြီးရုက္ခမူ ဆားရမယ်။ အဲဒီဆား တစ်ပဲသားကို ပျားရည် တစ်ဆယ်သားနဲ့ ရောသမမွှေ သုံးဆောင်ပါ။

(၈) ဆူး စူးပြီး ဆူးကိုထွင်လို့ မရတဲ့အခါ ဒီအပင်ရဲ့အစေးကို ထည့်လိုက်ပါ။ နာရီ အနည်းငယ်ကြာတဲ့အခါ ဆူးက သူ့အလိုလို အပြင်ကို ထွက်လာပါတယ်။ ဆူး စူးပြီး အနာဝ ပိတ်သွားလို့ ဆူးကျန်ပြီး အထဲက နာနေလျှင်လည်း အနာဝကို ဖွင့်ပြီး အစေးချ… အရွက်မီးကင် ကပ်လိုက်တာ ညောင့်ထွက်လာပါတယ်။

ခြေထောက်မှာ ဆူးစူးလို့ ရှာမရဖြစ်နေရင် အစေးကို အနာဝပေါ် တို့ပြီး အရွက်ကို မီးကင်ကပ်ရင် ဆူးထွက်ပါတယ်။ ပတ်တီးဖွဖွလေး စည်းထားရင်လည်း အဆင်ပြေပါတယ်။

ကန္တာရဆူး စူးပြီး တော်တော်နာနေတာ အပ်နဲ့ကော်ထုတ်လဲ မရပါ။ အသိတစ်ယောက်ကပြောလို့ မုရိုးအစေးနဲ့ ကပ်လိုက်တာ နောက်နေ့ အနာကိုညှစ်လိုက်တော့ ဆူးပါသွားတယ်။

(၉) ချောင်းဆိုး တီဘီ အဆုတ်နာ… မုရိုးရွက် တစ်ရွက်၊ ကွမ်းရွက်တစ်ရွက်၊ ဆားအနည်းငယ် ထည့်ပြီး ပြာချပါ။ အဲဒီပြာကို လျှက်ဆားလို တစ်နေ့ အနည်းငယ် လျှက်ပေး ပါ ပျောက်ပါတယ်။

(၁၀) အနာစိမ်း မွှေးကျွတ်နာ အနာလုံးများပေါက်ရင်… အနာပေါ်မှာ အရွက်ကို မီးလေးပြပြီး ကပ်ထားပါက အလျှင်အမြန် ပျောက်ကင်းပါသည်။

(၁၀) ထိပ်ကပ်နာခေါ်တဲ့ နှာပိတ်ရောဂါကို မရိုးအစေးဖြူလေး နှာခေါင်းထိပ်ထဲ ထည့်ပေးပြီး ၁၀မိနစ်လောက်နေရင် နှာဆက်တိုက်ချေပြီး နှပ်ပုတ်များ ထွက်လာကာ သက်သာ-ပျောက်ကင်းပါသည်။ ထိတ်ခတ်နာကို အရွက်ကိုနေလှန်း ဆေးလိပ်လိုလိပ်၍ မီးရှို့ပြီး ရှူပါ။

ပြီးတော့ နှာခေါင်းမှ ပြန်ထုတ်ပါ။ ပျောက်ကင်းပါသည်။ ထိပ်ကပ်နာ နားခေါင်းယားလျှင် အရွက်ကို ချေပြီး ရှူပေးပါ။ မရိုးရွက်ကို အခြောက်လှမ်း ဆေးလိပ်တွင် ထည့်ကာ မီးခိုးကို ရှူပါက

နှာရည်များကျကာ ပွင့်သွားပါသည်။ တစ်သက်လုံး မယားတော့ပါ။ နှာခေါင်းပိတ်(ထိပ်ကပ်နာ) အသက်ရှူကြပ်ရောဂါရှိသူများ မရိုးရွက်မီးကင်ကို နှာခေါင်းအတွင်းမော့၍ ညှစ်ထည့်ပါ။

ခဏအကြာတွင် နှာချေ၍ နှာခေါင်းအတွင်းမှ အဝါရောင် အညစ်ကြေးများ ထွက်လာပြီး လုံးဝကောင်းသွားပါမည်။

ဆေးလိပ် အသောက်များသူများ… မရိုး အရိုးအခြောက်ကို ဆေးလိပ်သောက်သကဲ့သို့ တစ်ဖက်မှမီးရှို့၍ တစ်ဖက်မှရှူပေးလျှင် ဆေးလိပ်ချိုး ချေးများ ပြန်အန်ထွက်လာပါလိမ့်မည်။ နှာခေါင်း ခဏခဏ ပိတ်ရင် မုရိုးရွက် အခြောက်ကို မီးခဲပေါ်တင် ရှူပါက သက်သာတယ်။

မုရိုးခေါ် မရွေး တစ်နည်း ဖြူကြီးရွက် ၇ ရွက် ဖင်ပြန် ခေါင်းပြန် ထပ်ပါ။ ထပ်ပြီးရင် ကတော့ထိုးပါ။ ကတော့ထဲမှာ ဆားထည့်ပြီး မီးဖြင့်ဖုတ်ပါ။ ရလာသော ဆားမီးဖုတ်ကို တစ်နေ့ သုံးကြိမ် ရွေးစေ့ငယ်ခန့် လျှက်ပေးပါက ပန်းနာရင်ကြပ် လုံးဝ အမြစ်ပြတ် ပျောက်ပါတယ်။ တစ်လလောက် သီးခံလျှက်ပေးပါ။

(၁၁) အစာအိမ်ရောဂါ ဖြစ်ပါက… မုရိုးရွက်တစ်ရွက်ကို အရင်းအဖျား စတိပယ်ပါ။ ရှောက်ရွက် ခုနစ်ရွက်၊ အိမ်သုံးဆား ခုနစ်ကျပ်သား ရောပြီး အိုးထဲထည့် အလုံပိတ် မီးဖုတ်။ ပြာကျ သွားပါက အစာစားပြီးတိုင်း လျှက်ပေးပါ။ ပျောက်ကင်း၏။

(၁၂) သွားကိုက်ရင် သွားအခေါင်းထဲကို ဂွမ်းစလေးနဲ့ သူ့အစေးကိုတို့ပြီး သိပ်ထားပါ။ ခဏနဲ့ ပျောက်ပါတယ်။ သွားအခြေကို အစေးတို့ပြီး ငါးမိနစ်ခန့်အကြာမှာ အဲဒီသွားကိုနှုတ်ရင် အလွယ်တကူ ကျွတ်ပါတယ်။

အသံမထွက်တဲ့လူများ အသံ ထွက်လာပါလိမ့်မယ်။ ဆေးနည်းကတော့… အရွက်ကို ခြောက်အောင်နေလှမ်းပါ။ ခြောက်တဲ့အရွက်ကို မီးကင်ပါ။ ပြာဖြစ်အောင် ကင်ရမှာပါ။ အဲဒီကင်ပြီးသား အရွက်ကို

အမှုန့်ကြိတ်ပြီး ပျားရေနဲ့ နယ်ကာ လက်ဖက်စားဇွန်းနဲ့ တစ်နေ့ သုံးကြိမ် နံနက် နေ့ ညနေ စားပေးပါ။ ၃လကြာရင် အသံထွက်လာပါမယ်(မွေးရာပါ စကားမပြောနိုင်တဲ့ လူများ မပါပါ။)

မြင်းစဂုံနီမြစ် မရိုးမြစ် မိုးနံမြစ်တို့ကို သွေးပြီး လိမ်းပါက အနာမျိုးစုံပျောက်ပါသည်။ သံနဲ့ ထိခိုက်မိရင် ချက်ချင်း သူရဲ့အစေး အဖြူရောင်ကို အနာမှာထည့်ပါ။

မူရင်းရေးသားသူများအားလေး စားစွာခရက်ဒစ်ပေးပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*