စိုေသာလက္ကို မေျခာက္ပါေစနဲ႔

တခါတုန္းက လယ္သမား ညီအကို ႏွစ္ေယာက္ ရွိၾကတယ္။ သူတို႔က ၿခံျခင္း ကပ္ရပ္ ေနထိုင္ ၾကတယ္။ ဒါေပမယ့္ တေန႔မွာေတာ့ ကိစၥတခုေၾကာင့္ ညီအကိုႏွစ္ေယာက္ဟာ ရန္ျဖစ္ၿပီး မေခၚ မေျပာနိုင္ ျဖစ္ၾကသတဲ့။

အဲဒီ အခ်ိန္မွာ လက္သမား တေယာက္က အကိုျဖစ္သူ အိမ္ကို ေရာက္လာၿပီး အလုပ္ လာေတာင္း ပါတယ္။ “လက္သမား အလုပ္ေလးမ်ား ရွိရင္ က်ေနာ့္ကို ခိုင္းပါ။ က်ေနာ္ ဘာမဆို ကၽြမ္းကၽြမ္း က်င္က်င္ လုပ္တတ္ ပါတယ္”

အကိုျဖစ္သူလည္း လက္သမားဆရာကို ေခၚၿပီး ညီျဖစ္သူ ေနထိုင္တဲ့ တဖက္ၿခံကို ျပပါတယ္။ “ဟိုမယ္ ေတြ႕လား။ ဟိုဖက္ၿခံက ၿခံႏွစ္ၿခံ ၾကားမွာ ေျမာင္းေဖာ္ထားတာ။ အဲဒါ က်ေနာ့္ကို သူက ကင္းကင္း ေနခ်င္ေၾကာင္း ျပေနတာ။

က်ေနာ္ လုပ္ခ်င္တာက အဲ့ၿခံကို မျမင္ရေအာင္ ကာခ်င္တယ္။ အဲဒါ ခင္ဗ်ား လုပ္ေပးနိုင္ မလား။ လိုတာ အားလုံး က်ေနာ္ ဝယ္ေပးမယ္” “ဟုတ္ကဲ့ ရပါတယ္။ တညအတြင္း က်ေနာ္ အၿပီး လုပ္ေပးပါမယ္”

အကိုျဖစ္သူလည္း လက္သမားဆရာ လိုအပ္တယ္ ေျပာတဲ့ သစ္သား၊ သံ စသျဖင့္ အကုန္ ဝယ္ေပးလိုက္ ပါတယ္။ ေနာက္တေန႔ နံနက္ လင္းေတာ့ အကိုျဖစ္သူက အိမ္အျပင္ ထြက္ၾကည့္လိုက္ၿပီး အံ့ၾသသြားပါတယ္။

သူျမင္လိုက္ရ တာက နံရံႀကီး ျဖစ္ရမယ့္ အစား ေျမာင္းကို ေက်ာ္တဲ့ သစ္သားတံတား လွလွေလး ျဖစ္ေနပါတယ္။ တဖက္ၿခံက ညီျဖစ္သူက ျပဳံးရႊင္စြာနဲ႔ တံတားကို ျဖစ္ေက်ာ္လာၿပီး

“အကိုရယ္။ က်ေနာ္ မွားပါတယ္။ က်ေနာ္ အကို႔ကို စိတ္ဆိုးၿပီး ေျမာင္းေဖာက္ ထားတာေတာင္ အကိုက အဆက္အသြယ္ မျပတ္ေအာင္ တံတား ေဆာက္ခဲ့တယ္။

အကို႔ရဲ့ ေမတၱာတရားကို က်ေနာ္ သေဘာေပါက္ ပါၿပီ။ က်ေနာ့္ အျပဳအမူ ကိုလည္း အကို ခြင့္လြတ္ေပးပါ” လို႔ ေျပာၿပီး ညီအကိုႏွစ္ေယာက္ ဖက္လိုက္ၾကပါတယ္။

အကိုျဖစ္သူက လက္သမားဆရာကို ေက်းဇူးတင္စြာ ၾကည့္လိုက္ေတာ့ လက္သမားဆရာက သူ႔ပစၥည္းေတြကို သိမ္းဆည္း ေနပါတယ္။ “လက္သမားဆရာ။ ေနပါဦးဗ်ာ။ က်ေနာ္ အလုပ္ေတြ အပ္ခ်င္ ပါေသးတယ္”

ထိုအခါ လက္သမားဆရာက “က်ေနာ္ ေနခ်င္ ပါတယ္ဗ်ာ။ ဒါေပမယ့္ က်ေနာ္ တံတားေတြ ထပ္ေဆာက္ရဦး မယ္ဗ်” လို႔ ေျပာၿပီး ထြက္ခြာသြား ပါေတာ့တယ္။

ဘဝမွာ အေရးပါတဲ့ ေရြးခ်ယ္မႈေတြ အမ်ားႀကီး ျပဳလုပ္ရ မွာပါ။ နံရံ ေဆာက္မွာလား၊ တံတား ေဆာက္မွာလား ဆိုတဲ့ ေရြးခ်ယ္မႈေပၚ မူတည္ၿပီး ရလဒ္ေတြကလည္း ကြဲျပားသြားမွာပါ။

Credit – မူရင္းေရးသူအား ေလးစားစြာျဖင့္

unicode..

တခါတုန်းက လယ်သမား ညီအကို နှစ်ယောက် ရှိကြတယ်။ သူတို့က ခြံခြင်း ကပ်ရပ် နေထိုင် ကြတယ်။ ဒါပေမယ့် တနေ့မှာတော့ ကိစ္စတခုကြောင့် ညီအကိုနှစ်ယောက်ဟာ ရန်ဖြစ်ပြီး မခေါ် မပြောနိုင် ဖြစ်ကြသတဲ့။

အဲဒီ အချိန်မှာ လက်သမား တယောက်က အကိုဖြစ်သူ အိမ်ကို ရောက်လာပြီး အလုပ် လာတောင်း ပါတယ်။ “လက်သမား အလုပ်လေးများ ရှိရင် ကျနော့်ကို ခိုင်းပါ။ ကျနော် ဘာမဆို ကျွမ်းကျွမ်း ကျင်ကျင် လုပ်တတ် ပါတယ်”

အကိုဖြစ်သူလည်း လက်သမားဆရာကို ခေါ်ပြီး ညီဖြစ်သူ နေထိုင်တဲ့ တဖက်ခြံကို ပြပါတယ်။ “ဟိုမယ် တွေ့လား။ ဟိုဖက်ခြံက ခြံနှစ်ခြံ ကြားမှာ မြောင်းဖော်ထားတာ။ အဲဒါ ကျနော့်ကို သူက ကင်းကင်း နေချင်ကြောင်း ပြနေတာ။

ကျနော် လုပ်ချင်တာက အဲ့ခြံကို မမြင်ရအောင် ကာချင်တယ်။ အဲဒါ ခင်ဗျား လုပ်ပေးနိုင် မလား။ လိုတာ အားလုံး ကျနော် ဝယ်ပေးမယ်” “ဟုတ်ကဲ့ ရပါတယ်။ တညအတွင်း ကျနော် အပြီး လုပ်ပေးပါမယ်”

အကိုဖြစ်သူလည်း လက်သမားဆရာ လိုအပ်တယ် ပြောတဲ့ သစ်သား၊ သံ စသဖြင့် အကုန် ဝယ်ပေးလိုက် ပါတယ်။ နောက်တနေ့ နံနက် လင်းတော့ အကိုဖြစ်သူက အိမ်အပြင် ထွက်ကြည့်လိုက်ပြီး အံ့သြသွားပါတယ်။

သူမြင်လိုက်ရ တာက နံရံကြီး ဖြစ်ရမယ့် အစား မြောင်းကို ကျော်တဲ့ သစ်သားတံတား လှလှလေး ဖြစ်နေပါတယ်။ တဖက်ခြံက ညီဖြစ်သူက ပြုံးရွှင်စွာနဲ့ တံတားကို ဖြစ်ကျော်လာပြီး

“အကိုရယ်။ ကျနော် မှားပါတယ်။ ကျနော် အကို့ကို စိတ်ဆိုးပြီး မြောင်းဖောက် ထားတာတောင် အကိုက အဆက်အသွယ် မပြတ်အောင် တံတား ဆောက်ခဲ့တယ်။

အကို့ရဲ့ မေတ္တာတရားကို ကျနော် သဘောပေါက် ပါပြီ။ ကျနော့် အပြုအမူ ကိုလည်း အကို ခွင့်လွတ်ပေးပါ” လို့ ပြောပြီး ညီအကိုနှစ်ယောက် ဖက်လိုက်ကြပါတယ်။

အကိုဖြစ်သူက လက်သမားဆရာကို ကျေးဇူးတင်စွာ ကြည့်လိုက်တော့ လက်သမားဆရာက သူ့ပစ္စည်းတွေကို သိမ်းဆည်း နေပါတယ်။ “လက်သမားဆရာ။ နေပါဦးဗျာ။ ကျနော် အလုပ်တွေ အပ်ချင် ပါသေးတယ်”

ထိုအခါ လက်သမားဆရာက “ကျနော် နေချင် ပါတယ်ဗျာ။ ဒါပေမယ့် ကျနော် တံတားတွေ ထပ်ဆောက်ရဦး မယ်ဗျ” လို့ ပြောပြီး ထွက်ခွာသွား ပါတော့တယ်။

ဘဝမှာ အရေးပါတဲ့ ရွေးချယ်မှုတွေ အများကြီး ပြုလုပ်ရ မှာပါ။ နံရံ ဆောက်မှာလား၊ တံတား ဆောက်မှာလား ဆိုတဲ့ ရွေးချယ်မှုပေါ် မူတည်ပြီး ရလဒ်တွေကလည်း ကွဲပြားသွားမှာပါ။

Credit – မူရင်းရေးသူအား လေးစားစွာဖြင့်

Be the first to comment

Leave a Reply

Your email address will not be published.


*