အသက္ကႀကီးလာ ေက်ာင္းကမၿပီးေသး ဘာလုပ္လို႔လုပ္ရမွန္းမသိ လမ္းေပ်ာက္ေနတဲ့ လူငယ္ေတြအတြက္ အႀကံျပဳခ်က္(၃)ခု

အသက္ကႀကီးလာ ေက်ာင္းကမၿပီးေသး ဘာလုပ္လို႔လုပ္ရမွန္းမသိ လမ္းေပ်ာက္ေနတဲ့ လူငယ္ေတြအတြက္ အႀကံျပဳခ်က္(၃)ခု

လက္ရွိျဖစ္ေပၚေနတဲ့ အေျခအေနေတြအရ လမ္းေပ်ာက္ေနတဲ့ လူငယ္ေတြအတြက္ အႀကံျပဳခ်က္(၃)ခု ကိုျပန္လည္မၽွေဝေပးလိုက္ပါတယ္။

ဒီအခ်ိန္မွာလူႀကီးေတြထက္စာရင္လူငယ္ေတြကိုပိုၿပီးသနားမိတယ္။ဒီေဘးဒုကၡႀကီးမွာအားလုံးကခံစားၾကရသူေတြခ်ည္းေပမယ့္ေနရာတစ္ခုရၿပီးသား၊လမ္းေၾကာင္းတစ္ခုကိုေလၽွာက္ႏွင့္ၿပီးသားလူႀကီးေတြထက္စာရင္လူငယ္ေတြမွာပိုၿပီးလမ္းေပ်ာက္ၾကရွာတယ္။

အသက္ကႀကီးလာ၊ေက်ာင္းကမၿပီးေသး၊ဘာလုပ္လို႔လုပ္ရမွန္းမသိ၊ ပုဂၢလိကေက်ာင္းေတြတက္ဖို႔ဆိုတာကလည္း ေငြေရးေၾကးေရးအရမတတ္နိုင္၊တကယ့္ကို ခါးသီးတဲ့အေတြ႕အၾကဳံပဲ။

ညီေလးတို႔ ညီမေလးတို႔ကို ၃ ခုအႀကံေပးခ်င္တယ္။

အခုကစိတ္ညစ္စရာႀကီးဆိုတာအမွန္ပဲ။ဒါေပမယ့္ဘယ္ေလာက္ျပင္းထန္တဲ့မုန္တိုင္းျဖစ္ျဖစ္အျမဲတမ္းေတာ့မရွိေနနိုင္ဘူးဆိုတာမွတ္ထားပါ။အတန္းပညာေရးဟာလုပ္ငန္းခြင္ထဲေရာက္တဲ့အခါအေရးမပါေတာ့ဘူးဆိုတာကိုယ္အာမခံတယ္။

အခုခ်ိန္မွာေတာ့ဘဝပ်က္မတတ္ခံစားေနရမွာပဲ၊ေမၽွာ္လင့္ခ်က္မဲ့ေနသလို၊အရာအားလုံးဆုံးရႈံးသြားရသလိုခံစားေနရမွာပဲ။ဒါေပမယ့္ ဒါကအဆုံးသတ္မဟုတ္ဘူးဆိုတာကိုယ့္ကိုယ္သတိေပးပါ။ေလေျပလာတဲ့အခါအဆင္သင့္ျဖစ္ေနေအာင္လုပ္ထားပါ။

လမ္းေပ်ာက္ေနတယ္ဆိုရင္ကိုယ္ (၃) ခုအႀကံေပးခ်င္တယ္။အသက္ ၂၂ ႏွစ္အရြယ္ကိုယ္လမ္းေပ်ာက္ေနခ်ိန္ဒီအခ်က္ ၃ ခ်က္ကိုပဲလုပ္ပါတယ္။

၁။အဂၤလိပ္ဘာသာစကားကို ကၽြမ္းက်င္ပိုင္နိုင္ေအာင္ သင္ယူေလ့က်င့္ပါ

ဘယ္ဘာသာစကားေတြဘယ္လိုပဲေပၚျပဴလာျဖစ္ျဖစ္အဂၤလိပ္ဘာသာစကားကကမၻာတစ္ခုလုံးကို ျမင္ရနိုင္တဲ့ျပတင္းေပါက္ပါ။အဂၤလိပ္ဘာသာစကားတစ္ခုတည္းေကာင္းေကာင္းတတ္ကၽြမ္း႐ုံနဲ႔ဘယ္ေနရာမဆိုဝင္ဆံ့လာလိမ့္မယ္။

ပညာသင္တဲ့ေနရာ၊အလုပ္လုပ္တဲ့ေနရာအဂၤလိပ္ဘာသာစကားကၽြမ္းက်င္မႈကအႀကီးအက်ယ္ကြာျခားေစလိမ့္မယ္။ဘာသာစကားတစ္ခုၿပီးတစ္ခုလိုက္တက္ေနမယ့္အစားအဂၤလိပ္ဘာသာစကားကို ကၽြမ္းက်င္ေအာင္သင္ပါ။အခ်ိန္ေပးေလ့က်င့္ပါ။

ဒါကိုတတ္ၿပီဆိုတာနဲ႔ ႀကိဳက္တဲ့ဘာသာရပ္ကိုေလ့လာနိုင္တယ္၊ႀကိဳက္တဲ့အသိပညာဗဟုသုတရွာေဖြနိုင္တယ္၊အတန္းမတက္ရေသးေပမယ့္ကိုယ့္ပညာဆက္လက္သင္ၾကားဖို႔အတြက္ကိုယ္တိုင္ေလ့လာနိုင္တယ္၊ကမၻာအႏွံ့ကလူေတြနဲ႔ဆက္သြယ္ေျပာဆိုနိုင္တယ္။

၂။ကြန္ပ်ဴတာနဲ႔ အြန္လိုင္းနည္းပညာေတြကို ေလ့လာပါ

ဘယ္အလုပ္ျဖစ္ျဖစ္ ကြန္ပ်ဴတာနဲ႔အြန္လိုင္းနည္းပညာေတြဟာမပါမျဖစ္ပါ။ပညာဆက္သင္တာ၊လုပ္ငန္းခြင္ဝင္တာအကုန္လုံးအတြက္အေရးပါလိမ့္မယ္။ကြန္ပ်ဴတာနဲ႔အကၽြမ္းဝင္ရွိေအာင္လုပ္၊အနိမ့္ဆုံး Microsoft office ျဖစ္တဲ့ Word, Powerpoint, Excel ေလာက္နဲ႔ရင္းႏွီးေအာင္လုပ္ထား။Cloud နည္းပညာနဲ႔ သုံးတတ္ေအာင္လုပ္ထား။လုံးဝအလဟႆမျဖစ္ေစရဘူး။

၃။ကိုယ္ဝါသနာပါတဲ့အရာတစ္ခုကိုမူတည္ၿပီး Personal brandတစ္ခုတည္ေဆာက္ထားပါ

ပန္းခ်ီဆြဲတာဝါသနာပါလား၊သီခ်င္းဆိုတာလား၊တူရိယာတစ္ခုခုတီးမႈတ္တတ္လား၊စကၠဴေခါက္တတ္လား၊ အကၤ်ီဒီဇိုင္းဆြဲရတာႀကိဳက္လား၊ပညာေပးေလးေတြရိုက္ရတာႀကိဳက္လား၊ပစၥည္းအသစ္အဆန္းေလးေတြ စမ္းသပ္ၾကည့္ရတာႀကိဳက္လား။

ကိုယ္ဝါသနာပါတာတစ္ခုခုရွိလိမ့္မယ္။အဲဒါနဲ႔ပတ္သက္ၿပီးကိုယ့္ကိုယ္ပိုင္ဘရန္းတစ္ခုတည္ေဆာက္ထားပါ။ေန႔စဥ္ရွင္သန္ဖို႔အတြက္ေမၽွာ္လင့္ခ်က္ေလးျဖစ္လာလိမ့္မယ္။ကိုယ့္ကိုစိတ္လႈပ္ရွားေစလိမ့္မယ္၊ အသုံးမက်ဘူးလို႔ခံစားေနရတာေတြသက္သာလိမ့္မယ္။

လူတစ္ေယာက္ကနာမည္ရွိလာရင္အသံရွိလာလိမ့္မယ္။အသံရွိလာတဲ့သူတစ္ေယာက္ကဘာလုပ္လုပ္ပိုလြယ္ကူတတ္တယ္။ကိုယ့္တုန္းကဘေလာ့တစ္ခုလုပ္တယ္။ေနာက္ေတာ့ေပ့ခ္်တစ္ခုေထာင္တယ္။ က်န္းမာေရးနဲ႔ပတ္သက္တဲ့ေဆာင္းပါးေတြေရးတယ္၊ကိုယ့္စိတ္ထဲေပၚလာတာေလးေတြေရးတယ္။

အဲဒါနဲ႔ အခုဒီေပ့ခ္်ျဖစ္လာတာပဲ။လမ္းေပ်ာက္ေနခ်ိန္ဖန္တီးထားတာေလးေတြေပါ့။ အဲဒီေနာက္ အယ္ဒီတာအလုပ္ရတယ္။ဘယ္တုန္းကမွ ငါအယ္ဒီတာျဖစ္လာလိမ့္မယ္လို႔မေမၽွာ္လင့္ထားခဲ့ရာကေန လမ္းကကိုယ့္အားထုတ္မႈေပၚမူတည္ၿပီးအလိုလိုေပၚလာတာပဲ။

လူငယ္ေတြခံစားေနရတာေတြကိုကိုယ္ခ်င္းစာတယ္။ထပ္တူမဟုတ္ေတာင္ဒီခံစားခ်က္ႀကီးနဲ႔ရင္းႏွီးတယ္။ ဒါေပမယ့္ကိုယ္တို႔ရပ္တန႔္ေနလို႔ေတာ့မရဘူး။အားထုတ္ခ်င္စိတ္သာဆက္ေမြးျမဴထား။လမ္းေၾကာင္းေတြေပၚကိုေပၚလာလိမ့္မယ္။

ဘာလုပ္ရမွန္းမသိ အခ်ိန္ေတြကုန္ စိတ္ဓာတ္ေတြက် လမ္းေတြေပ်ာက္ေနတဲ့ လူငယ္ေတြအတြက္ အေထာက္အကူျဖစ္ေစမယ္လို႔ ထင္ပါတယ္။

Credit

unicode..

အသက်ကကြီးလာ ကျောင်းကမပြီးသေး ဘာလုပ်လို့လုပ်ရမှန်းမသိ လမ်းပျောက်နေတဲ့ လူငယ်တွေအတွက် အကြံပြုချက်(၃)ခု

လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေအရ လမ်းပျောက်နေတဲ့ လူငယ်တွေအတွက် အကြံပြုချက်(၃)ခု ကိုပြန်လည်မျှဝေပေးလိုက်ပါတယ်။

ဒီအချိန်မှာလူကြီးတွေထက်စာရင်လူငယ်တွေကိုပိုပြီးသနားမိတယ်။ဒီဘေးဒုက္ခကြီးမှာအားလုံးကခံစားကြရသူတွေချည်းပေမယ့်နေရာတစ်ခုရပြီးသား၊လမ်းကြောင်းတစ်ခုကိုလျှောက်နှင့်ပြီးသားလူကြီးတွေထက်စာရင်လူငယ်တွေမှာပိုပြီးလမ်းပျောက်ကြရှာတယ်။

အသက်ကကြီးလာ၊ကျောင်းကမပြီးသေး၊ဘာလုပ်လို့လုပ်ရမှန်းမသိ၊ ပုဂ္ဂလိကကျောင်းတွေတက်ဖို့ဆိုတာကလည်း ငွေရေးကြေးရေးအရမတတ်နိုင်၊တကယ့်ကို ခါးသီးတဲ့အတွေ့အကြုံပဲ။

ညီလေးတို့ ညီမလေးတို့ကို ၃ ခုအကြံပေးချင်တယ်။

အခုကစိတ်ညစ်စရာကြီးဆိုတာအမှန်ပဲ။ဒါပေမယ့်ဘယ်လောက်ပြင်းထန်တဲ့မုန်တိုင်းဖြစ်ဖြစ်အမြဲတမ်းတော့မရှိနေနိုင်ဘူးဆိုတာမှတ်ထားပါ။အတန်းပညာရေးဟာလုပ်ငန်းခွင်ထဲရောက်တဲ့အခါအရေးမပါတော့ဘူးဆိုတာကိုယ်အာမခံတယ်။

အခုချိန်မှာတော့ဘဝပျက်မတတ်ခံစားနေရမှာပဲ၊မျှော်လင့်ချက်မဲ့နေသလို၊အရာအားလုံးဆုံးရှုံးသွားရသလိုခံစားနေရမှာပဲ။ဒါပေမယ့် ဒါကအဆုံးသတ်မဟုတ်ဘူးဆိုတာကိုယ့်ကိုယ်သတိပေးပါ။လေပြေလာတဲ့အခါအဆင်သင့်ဖြစ်နေအောင်လုပ်ထားပါ။

လမ်းပျောက်နေတယ်ဆိုရင်ကိုယ် (၃) ခုအကြံပေးချင်တယ်။အသက် ၂၂ နှစ်အရွယ်ကိုယ်လမ်းပျောက်နေချိန်ဒီအချက် ၃ ချက်ကိုပဲလုပ်ပါတယ်။

၁။အင်္ဂလိပ်ဘာသာစကားကို ကျွမ်းကျင်ပိုင်နိုင်အောင် သင်ယူလေ့ကျင့်ပါ

ဘယ်ဘာသာစကားတွေဘယ်လိုပဲပေါ်ပြူလာဖြစ်ဖြစ်အင်္ဂလိပ်ဘာသာစကားကကမ္ဘာတစ်ခုလုံးကို မြင်ရနိုင်တဲ့ပြတင်းပေါက်ပါ။အင်္ဂလိပ်ဘာသာစကားတစ်ခုတည်းကောင်းကောင်းတတ်ကျွမ်းရုံနဲ့ဘယ်နေရာမဆိုဝင်ဆံ့လာလိမ့်မယ်။

ပညာသင်တဲ့နေရာ၊အလုပ်လုပ်တဲ့နေရာအင်္ဂလိပ်ဘာသာစကားကျွမ်းကျင်မှုကအကြီးအကျယ်ကွာခြားစေလိမ့်မယ်။ဘာသာစကားတစ်ခုပြီးတစ်ခုလိုက်တက်နေမယ့်အစားအင်္ဂလိပ်ဘာသာစကားကို ကျွမ်းကျင်အောင်သင်ပါ။အချိန်ပေးလေ့ကျင့်ပါ။

ဒါကိုတတ်ပြီဆိုတာနဲ့ ကြိုက်တဲ့ဘာသာရပ်ကိုလေ့လာနိုင်တယ်၊ကြိုက်တဲ့အသိပညာဗဟုသုတရှာဖွေနိုင်တယ်၊အတန်းမတက်ရသေးပေမယ့်ကိုယ့်ပညာဆက်လက်သင်ကြားဖို့အတွက်ကိုယ်တိုင်လေ့လာနိုင်တယ်၊ကမ္ဘာအနှံ့ကလူတွေနဲ့ဆက်သွယ်ပြောဆိုနိုင်တယ်။

၂။ကွန်ပျူတာနဲ့ အွန်လိုင်းနည်းပညာတွေကို လေ့လာပါ

ဘယ်အလုပ်ဖြစ်ဖြစ် ကွန်ပျူတာနဲ့အွန်လိုင်းနည်းပညာတွေဟာမပါမဖြစ်ပါ။ပညာဆက်သင်တာ၊လုပ်ငန်းခွင်ဝင်တာအကုန်လုံးအတွက်အရေးပါလိမ့်မယ်။ကွန်ပျူတာနဲ့အကျွမ်းဝင်ရှိအောင်လုပ်၊အနိမ့်ဆုံး Microsoft office ဖြစ်တဲ့ Word, Powerpoint, Excel လောက်နဲ့ရင်းနှီးအောင်လုပ်ထား။Cloud နည်းပညာနဲ့ သုံးတတ်အောင်လုပ်ထား။လုံးဝအလဟဿမဖြစ်စေရဘူး။

၃။ကိုယ်ဝါသနာပါတဲ့အရာတစ်ခုကိုမူတည်ပြီး Personal brandတစ်ခုတည်ဆောက်ထားပါ

ပန်းချီဆွဲတာဝါသနာပါလား၊သီချင်းဆိုတာလား၊တူရိယာတစ်ခုခုတီးမှုတ်တတ်လား၊စက္ကူခေါက်တတ်လား၊ အင်္ကျီဒီဇိုင်းဆွဲရတာကြိုက်လား၊ပညာပေးလေးတွေရိုက်ရတာကြိုက်လား၊ပစ္စည်းအသစ်အဆန်းလေးတွေ စမ်းသပ်ကြည့်ရတာကြိုက်လား။

ကိုယ်ဝါသနာပါတာတစ်ခုခုရှိလိမ့်မယ်။အဲဒါနဲ့ပတ်သက်ပြီးကိုယ့်ကိုယ်ပိုင်ဘရန်းတစ်ခုတည်ဆောက်ထားပါ။နေ့စဉ်ရှင်သန်ဖို့အတွက်မျှော်လင့်ချက်လေးဖြစ်လာလိမ့်မယ်။ကိုယ့်ကိုစိတ်လှုပ်ရှားစေလိမ့်မယ်၊ အသုံးမကျဘူးလို့ခံစားနေရတာတွေသက်သာလိမ့်မယ်။

လူတစ်ယောက်ကနာမည်ရှိလာရင်အသံရှိလာလိမ့်မယ်။အသံရှိလာတဲ့သူတစ်ယောက်ကဘာလုပ်လုပ်ပိုလွယ်ကူတတ်တယ်။ကိုယ့်တုန်းကဘလော့တစ်ခုလုပ်တယ်။နောက်တော့ပေ့ခ်ျတစ်ခုထောင်တယ်။ ကျန်းမာရေးနဲ့ပတ်သက်တဲ့ဆောင်းပါးတွေရေးတယ်၊ကိုယ့်စိတ်ထဲပေါ်လာတာလေးတွေရေးတယ်။

အဲဒါနဲ့ အခုဒီပေ့ခ်ျဖြစ်လာတာပဲ။လမ်းပျောက်နေချိန်ဖန်တီးထားတာလေးတွေပေါ့။ အဲဒီနောက် အယ်ဒီတာအလုပ်ရတယ်။ဘယ်တုန်းကမှ ငါအယ်ဒီတာဖြစ်လာလိမ့်မယ်လို့မမျှော်လင့်ထားခဲ့ရာကနေ လမ်းကကိုယ့်အားထုတ်မှုပေါ်မူတည်ပြီးအလိုလိုပေါ်လာတာပဲ။

လူငယ်တွေခံစားနေရတာတွေကိုကိုယ်ချင်းစာတယ်။ထပ်တူမဟုတ်တောင်ဒီခံစားချက်ကြီးနဲ့ရင်းနှီးတယ်။ ဒါပေမယ့်ကိုယ်တို့ရပ်တန့်နေလို့တော့မရဘူး။အားထုတ်ချင်စိတ်သာဆက်မွေးမြူထား။လမ်းကြောင်းတွေပေါ်ကိုပေါ်လာလိမ့်မယ်။

ဘာလုပ်ရမှန်းမသိ အချိန်တွေကုန် စိတ်ဓာတ်တွေကျ လမ်းတွေပျောက်နေတဲ့ လူငယ်တွေအတွက် အထောက်အကူဖြစ်စေမယ်လို့ ထင်ပါတယ်။

Credit

Be the first to comment

Leave a Reply

Your email address will not be published.


*