ၾကက္ဟင္းခါးသီးပမာ က်င့္သုံးပါ

တခါတုန္းက လင္မယား ႏွစ္ေယာက္ ရွိတယ္။ ေယာက္်ားက ၾကက္ဟင္းခါးသီး သိပ္ႀကိဳက္တယ္။ မိန္းမက သိပ္မႀကိဳက္ဘူး။ မႀကိဳက္ေတာ့ သူဟင္းခ်က္တဲ့ အခါ ၾကက္ဟင္းခါးသီး ခ်က္ေလ့ မရွိဘူး။

ေယာက္်ားက ႀကိဳက္ေတာ့ သူကိုယ္တိုင္ မီးဖိုေခ်ာင္ဝင္ရင္ ၾကက္ဟင္းခါးသီး ဟင္းက ပါကို ပါတယ္။ ၾကက္ဟင္းခါးသီး စားရင္ ေကာင္းတယ္လို႔ ေယာက္်ားက အျမဲ ေျပာတယ္။

မိန္းမမီးဖိုေခ်ာင္ဝင္လို႔ ၾကက္ဟင္းခါးသီးဟင္း မပါရင္ ေယာက္်ားက အျပစ္ မေျပာဘူး။ မခ်က္ရ ေကာင္းလား လို႔လည္း မဆူဘူး။ ၾကက္ဟင္းခါးသီး စားရင္ ေကာင္းတယ္ လို႔ပဲ ေျပာတယ္။

ကေလး ရလာေတာ့ ကေလးကလည္း ၾကက္ဟင္းခါးသီး မႀကိဳက္ဘူး။ ဒါေပမဲ့ အေမနဲ႔ ေဈးသြားတဲ့ အခါ “ေမေမ ၾကက္ဟင္းခါးသီး ဝယ္ပါ။ ေဖေဖ ႀကိဳက္တယ္” လို႔ ေျပာတတ္တယ္။

တေန႔မွာ မိန္းမက မီးဖိုေခ်ာင္ ဝင္တယ္။ အသားနဲ႔ င႐ုတ္ပြကို သူေၾကာ္ၿပီး သားနဲ႔ သူ႔အတြက္ ဟင္းတဝက္ကို အရင္ ဖယ္ထားလိုက္တယ္။ က်န္တဲ့ တဝက္ထဲ ၾကက္ဟင္းခါးသီး ေရာထည့္ ေၾကာ္တယ္။ ေယာက္်ားအတြက္ေပါ့။

ဒါကို ေယာက္်ားက ေတြ႕ေတာ့ ဘာလို႔ ခြဲေၾကာ္သလဲ ေမးတယ္။ “သားက ၾကက္ဟင္းခါးသီး မႀကိဳက္ေတာ့ အတူ ေရာေၾကာ္ရင္ အသားေတြပါ ခါးသြားမွာ စိုးလို႔” လို႔ မိန္းမက ေျပာတယ္။ မိန္းမေျပာတာကို နားေထာင္ၿပီး ေယာက္်ားက ရယ္တယ္။

အဲဒီေနာက္ ေယာက္်ားက ေျပာတယ္။ “ၾကက္ဟင္းခါးသီးဟာ ဘာနဲ႔ ေရာေၾကာ္ေၾကာ္ သူ႔အခါးဓာတ္ကို သူနဲ႔ ေရာေၾကာ္တဲ့ အရာထဲ ထည့္မေပးဘူး၊ အခါးဓာတ္ ကူးမေပးဘူး။ သူက လူႀကီးလူေကာင္း လိုမ်ိဳး အသီးပါ” တဲ့။

ၾကက္ဟင္းခါးသီးက သူ႔အခါးဓာတ္ကို သူနဲ႔ ေရာေၾကာ္တဲ့ အရာထဲ ကူးမေပးဘူး ဆိုတာကို မိန္းမက ယုံတဝက္ မယုံတဝက္ျဖစ္ၿပီး အတူ ေရာေၾကာ္ထားတဲ့ အသားကို စားၾကည့္လိုက္တာ အဲဒီအသားက ခါးမေနတာကို ေတြ႕ရတယ္။

ဒါကို သားက သိေတာ့ “ေဖေဖဟာလည္း လူႀကီးလူေကာင္းပါ။ သူႀကိဳက္တာကို မလုပ္ေပးလည္း ေမေမ့ကို တခါမွ အျပစ္ မဆိုခဲ့ဘူး” တဲ့။

ကိုယ့္ေဒါသ၊ ကိုယ့္ စိတ္ခံစားခ်က္၊ အပ်က္ဓာတ္၊ ကိုယ့္ရဲ့ မေကာင္းတာကို ကိုယ့္ဆီမွာပဲ ခ်ဳပ္ၿငိမ္းသြားေစၿပီး တျခားသူကို ကူးစက္ မေပးတာဟာ လူႀကီးလူေကာင္းပါပဲ။

လူႀကီးလူေကာင္းမ်ားႏွင့္သာ အျမဲ ေတြ႕ဆုံနိုင္ ၾကပါေစ၊ ကိုယ္တိုင္ကလည္း လူႀကီးလူေကာင္းကဲ့သို႔ က်င့္ႀကံ ေနထိုင္နိုင္ ၾကပါေစလို႔ ဆႏၵျပဳပါတယ္။

Credit – မူရင္းေရးသူအား ေလးစားစြာျဖင့္

unicode..

တခါတုန်းက လင်မယား နှစ်ယောက် ရှိတယ်။ ယောက်ျားက ကြက်ဟင်းခါးသီး သိပ်ကြိုက်တယ်။ မိန်းမက သိပ်မကြိုက်ဘူး။ မကြိုက်တော့ သူဟင်းချက်တဲ့ အခါ ကြက်ဟင်းခါးသီး ချက်လေ့ မရှိဘူး။

ယောက်ျားက ကြိုက်တော့ သူကိုယ်တိုင် မီးဖိုချောင်ဝင်ရင် ကြက်ဟင်းခါးသီး ဟင်းက ပါကို ပါတယ်။ ကြက်ဟင်းခါးသီး စားရင် ကောင်းတယ်လို့ ယောက်ျားက အမြဲ ပြောတယ်။

မိန်းမမီးဖိုချောင်ဝင်လို့ ကြက်ဟင်းခါးသီးဟင်း မပါရင် ယောက်ျားက အပြစ် မပြောဘူး။ မချက်ရ ကောင်းလား လို့လည်း မဆူဘူး။ ကြက်ဟင်းခါးသီး စားရင် ကောင်းတယ် လို့ပဲ ပြောတယ်။

ကလေး ရလာတော့ ကလေးကလည်း ကြက်ဟင်းခါးသီး မကြိုက်ဘူး။ ဒါပေမဲ့ အမေနဲ့ ဈေးသွားတဲ့ အခါ “မေမေ ကြက်ဟင်းခါးသီး ဝယ်ပါ။ ဖေဖေ ကြိုက်တယ်” လို့ ပြောတတ်တယ်။

တနေ့မှာ မိန်းမက မီးဖိုချောင် ဝင်တယ်။ အသားနဲ့ ငရုတ်ပွကို သူကြော်ပြီး သားနဲ့ သူ့အတွက် ဟင်းတဝက်ကို အရင် ဖယ်ထားလိုက်တယ်။ ကျန်တဲ့ တဝက်ထဲ ကြက်ဟင်းခါးသီး ရောထည့် ကြော်တယ်။ ယောက်ျားအတွက်ပေါ့။

ဒါကို ယောက်ျားက တွေ့တော့ ဘာလို့ ခွဲကြော်သလဲ မေးတယ်။ “သားက ကြက်ဟင်းခါးသီး မကြိုက်တော့ အတူ ရောကြော်ရင် အသားတွေပါ ခါးသွားမှာ စိုးလို့” လို့ မိန်းမက ပြောတယ်။ မိန်းမပြောတာကို နားထောင်ပြီး ယောက်ျားက ရယ်တယ်။

အဲဒီနောက် ယောက်ျားက ပြောတယ်။ “ကြက်ဟင်းခါးသီးဟာ ဘာနဲ့ ရောကြော်ကြော် သူ့အခါးဓာတ်ကို သူနဲ့ ရောကြော်တဲ့ အရာထဲ ထည့်မပေးဘူး၊ အခါးဓာတ် ကူးမပေးဘူး။ သူက လူကြီးလူကောင်း လိုမျိုး အသီးပါ” တဲ့။

ကြက်ဟင်းခါးသီးက သူ့အခါးဓာတ်ကို သူနဲ့ ရောကြော်တဲ့ အရာထဲ ကူးမပေးဘူး ဆိုတာကို မိန်းမက ယုံတဝက် မယုံတဝက်ဖြစ်ပြီး အတူ ရောကြော်ထားတဲ့ အသားကို စားကြည့်လိုက်တာ အဲဒီအသားက ခါးမနေတာကို တွေ့ရတယ်။

ဒါကို သားက သိတော့ “ဖေဖေဟာလည်း လူကြီးလူကောင်းပါ။ သူကြိုက်တာကို မလုပ်ပေးလည်း မေမေ့ကို တခါမှ အပြစ် မဆိုခဲ့ဘူး” တဲ့။

ကိုယ့်ဒေါသ၊ ကိုယ့် စိတ်ခံစားချက်၊ အပျက်ဓာတ်၊ ကိုယ့်ရဲ့ မကောင်းတာကို ကိုယ့်ဆီမှာပဲ ချုပ်ငြိမ်းသွားစေပြီး တခြားသူကို ကူးစက် မပေးတာဟာ လူကြီးလူကောင်းပါပဲ။

လူကြီးလူကောင်းများနှင့်သာ အမြဲ တွေ့ဆုံနိုင် ကြပါစေ၊ ကိုယ်တိုင်ကလည်း လူကြီးလူကောင်းကဲ့သို့ ကျင့်ကြံ နေထိုင်နိုင် ကြပါစေလို့ ဆန္ဒပြုပါတယ်။

Credit – မူရင်းရေးသူအား လေးစားစွာဖြင့်

Be the first to comment

Leave a Reply

Your email address will not be published.


*