သင့်လက်ထဲမှာပိုက်ဆံမပြတ်အောင် သေချာပေါက် ငွေစုမိစေမည့် နည်းလမ်း (၄) မျိုး…

တစ်လတာဝင်ငွေကို စုမိဖို့နေနေသာသာ လကုန်ခါနီးတာနဲ့ လက်ထဲငွေမလောက်တာမျိုး ကြုံကြိူက်ဖူးမှာပါ။

ဒါမျိုးမဖြစ်ဖို့အတွက် ငွေယိုပေါက်တွေကို သေချာရှာဖွေပြီး လစဉ်စုမယ့်ငွေပမာဏကို (အနည်းအကျဉ်းဖြစ်စေ)သတ်မှတ်သင့်ပါတယ်။

မြင်သမျှ ဝယ်ချင်နေပါက သင် တပြားမှ စုမိမှာမဟုတ်ပါဘူး။ ငွေကိုစုဆောင်းနိုင်မယ့် နည်းလမ်းတွေကိုလေ့လာကြည့်ရအောင်…(1) ၅၀/၃၀/၂၀ နည်း – ပုံမှန်ဝင်ငွေရှိပေမယ့် ငွေမစုမိသူများအတွက်သာရည်ရွယ်ပါတယ် …။

သင့်တစ်လတာဝင်ငွေကို ၃ ပုံခွဲလိုက်ပါ …။၅ဝရာနှုန်းကို လစဉ်ကုန်ကျစရိတ်အတွက် (ထမင်းစရိတ်၊ အိမ်စရိတ် ၊ဘေလ်စသည်) ဖယ်ပါ …။၃ဝရာနှုန်းကို သိပ်အရေးမကြီးပေမယ် လိူအပ်သောအရာများအတွက်သုံးစွဲပါ (အဝတ်အစား၊ အသုံးအဆောင်)၂ဝရာနှုန်းကို အနာဂတ်အတွက်စုဆောင်းပါ …။

(2) ရိုးစင်းသောနည်း – တအားစစ်စစ်စီစီ မစုချင်သူများအတွက် ရည်ရွယ်ပါတယ် …။ လစဉ်ဝင်ငွေကို ၂ပိုင်းခွဲလိုက်ပါ။တစ်ပိူင်းကိူ မဖြစ်မနေသုံးရမယ့်အရာတွေအတွက်ဖယ်ပါ။ နောက်တစ်ပိုင်းကို သင့်သွားလာလည်ပတ်စရိတ်၊ အပျော်အပါးကိစ္စများအတွက် ထားပါ။

အပျော်အပါးမက်သူများအတွက် မစုဖြစ်ရင်တောင်မှ လကုန်ထိငွေမပြတ်တော့ဘူးပေါ့ …။(3) အခြေခံဝင်ငွေနည်း – ပုံမှန်ဝင်ငွေမရှိပေမယ့် ငွေစုလိုသူများအတွက် ရည်ရွယ်ပါတယ် …။သင့်လစဉ် အနည်း ဆုံးရသော ဝင်ငွေကိုတွက်ပါ။ထို့နောက် ကုန်ကျစရိတ်ကိုတွက်ပါ။

တစ်လအတွက် အနည်းဆုံးဝင်ငွေက၂သိန်းဆိုပါစို့။ အဲ့ထဲကနေ နေ့စဉ်ကုန်ကျစရိတ်ကို စစ်စီစွာ ဖယ်ပြီး ကျန်ငွေကို စုပါ။ အချိန်ကြာရင်စုငွေတွေ များလာပါမယ် …။(4) တစ်ပတ်တစ်ကြိမ်ထုတ်နည်း – ငွေစုချင်ပေမယ့် လမကုန်ခင်ငွေပြတ်နေတတ်သူတွေအတွက်လေးပါ …။

သင့်တစ်လတာဝင်ငွေမှ ဘယ်လောက်ကို သုံးချင်လဲ ဘယ်လောက်ကို စုချင်လဲခွဲခြားပါ။ စုမယ့်ငွေကိုဖယ်ထားပါ။ သုံးဖို့ချန်ထားသောငွေကို ၄ပုံခွဲပါ။ တစ်ပတ်ကို၁ပုံစာပဲသုံးပါ။လစဉ်ဝင်ငွေကို ချိန်ဆပြီး သုံးစွဲပါ …။

Credit – Dr Jue( YGN Times )

zawgyi

တစ္လတာဝင္ေငြကို စုမိဖို႔ေနေနသာသာ လကုန္ခါနီးတာနဲ႔ လက္ထဲေငြမေလာက္တာမ်ိဳး ၾကဳံႀကိဴက္ဖူးမွာပါ။

ဒါမ်ိဳးမျဖစ္ဖို႔အတြက္ ေငြယိုေပါက္ေတြကို ေသခ်ာရွာေဖြၿပီး လစဥ္စုမယ့္ေငြပမာဏကို (အနည္းအက်ဥ္းျဖစ္ေစ)သတ္မွတ္သင့္ပါတယ္။

ျမင္သမၽွ ဝယ္ခ်င္ေနပါက သင္ တျပားမွ စုမိမွာမဟုတ္ပါဘူး။ ေငြကိုစုေဆာင္းနိုင္မယ့္ နည္းလမ္းေတြကိုေလ့လာၾကည့္ရေအာင္…(1) ၅၀/၃၀/၂၀ နည္း – ပုံမွန္ဝင္ေငြရွိေပမယ့္ ေငြမစုမိသူမ်ားအတြက္သာရည္ရြယ္ပါတယ္ …။

သင့္တစ္လတာဝင္ေငြကို ၃ ပုံခြဲလိုက္ပါ …။၅ဝရာႏႈန္းကို လစဥ္ကုန္က်စရိတ္အတြက္ (ထမင္းစရိတ္၊ အိမ္စရိတ္ ၊ေဘလ္စသည္) ဖယ္ပါ …။၃ဝရာႏႈန္းကို သိပ္အေရးမႀကီးေပမယ္ လိူအပ္ေသာအရာမ်ားအတြက္သုံးစြဲပါ (အဝတ္အစား၊ အသုံးအေဆာင္)၂ဝရာႏႈန္းကို အနာဂတ္အတြက္စုေဆာင္းပါ …။

(2) ရိုးစင္းေသာနည္း – တအားစစ္စစ္စီစီ မစုခ်င္သူမ်ားအတြက္ ရည္ရြယ္ပါတယ္ …။ လစဥ္ဝင္ေငြကို ၂ပိုင္းခြဲလိုက္ပါ။တစ္ပိူင္းကိူ မျဖစ္မေနသုံးရမယ့္အရာေတြအတြက္ဖယ္ပါ။ ေနာက္တစ္ပိုင္းကို သင့္သြားလာလည္ပတ္စရိတ္၊ အေပ်ာ္အပါးကိစၥမ်ားအတြက္ ထားပါ။

အေပ်ာ္အပါးမက္သူမ်ားအတြက္ မစုျဖစ္ရင္ေတာင္မွ လကုန္ထိေငြမျပတ္ေတာ့ဘူးေပါ့ …။(3) အေျခခံဝင္ေငြနည္း – ပုံမွန္ဝင္ေငြမရွိေပမယ့္ ေငြစုလိုသူမ်ားအတြက္ ရည္ရြယ္ပါတယ္ …။သင့္လစဥ္ အနည္း ဆုံးရေသာ ဝင္ေငြကိုတြက္ပါ။ထို႔ေနာက္ ကုန္က်စရိတ္ကိုတြက္ပါ။

တစ္လအတြက္ အနည္းဆုံးဝင္ေငြက၂သိန္းဆိုပါစို႔။ အဲ့ထဲကေန ေန႔စဥ္ကုန္က်စရိတ္ကို စစ္စီစြာ ဖယ္ၿပီး က်န္ေငြကို စုပါ။ အခ်ိန္ၾကာရင္စုေငြေတြ မ်ားလာပါမယ္ …။(4) တစ္ပတ္တစ္ႀကိမ္ထုတ္နည္း – ေငြစုခ်င္ေပမယ့္ လမကုန္ခင္ေငြျပတ္ေနတတ္သူေတြအတြက္ေလးပါ …။

သင့္တစ္လတာဝင္ေငြမွ ဘယ္ေလာက္ကို သုံးခ်င္လဲ ဘယ္ေလာက္ကို စုခ်င္လဲခြဲျခားပါ။ စုမယ့္ေငြကိုဖယ္ထားပါ။ သုံးဖို႔ခ်န္ထားေသာေငြကို ၄ပုံခြဲပါ။ တစ္ပတ္ကို၁ပုံစာပဲသုံးပါ။လစဥ္ဝင္ေငြကို ခ်ိန္ဆၿပီး သုံးစြဲပါ …။

Credit – Dr Jue( YGN Times )

Be the first to comment

Leave a Reply

Your email address will not be published.


*