ျပည္သူ႔ေတာ္လွန္ေရးစစ္သည္မ်ား စစ္ေျမျပင္တြင္ လိုက္နာရမည့္ အခ်က္မ်ား NUG ေၾကျငာ

ျပည္သူ႔ေတာ္လွန္ေရးစစ္သည္မ်ား စစ္ေျမျပင္တြင္ လိုက္နာရမည့္ အခ်က္မ်ား NUG ေၾကျငာ
မဇၩိမ

စက္တင္ဘာ ၇ရက္မွ စၿပီး စစ္ေကာင္စီႏွင့္ေဒါက္တိုင္မ်ားကို ေတာ္လွန္ရန္ အမ်ိဳးသားညီညြန္ေရးအစိုးရ ေၾကညာလိုက္ၿပီးေနာက္ ျပည္သူ႔ေတာ္လွန္ေရးစစ္သည္မ်ား စစ္ေျမျပင္တြင္ လိုက္နာရမည့္စည္းကမ္းမ်ားကို အမ်ိဳးသားညီညြတ္ေရးအစိုးရ ကာကြယ္ေရးဝန္ႀကီးဌာနက ထုတ္ျပန္လိုက္သည္။

ျပည္သူ႔ကာကြယ္ေရးတပ္မေတာ္၊ ျပည္သူ႔ကာကြယ္ေရးအဖြဲ႕မ်ား၊ အထူးတပ္ဖြဲ႕မ်ားအေနျဖင့္ “အထက္အမိန႔္ကိုနာခံပါ၊ မိမိတပ္ဖြဲ႕အေပၚ သစၥာရွိပါ၊ မိမိလက္နက္ကို မိမိအသက္ကဲ့သို႔ တန္ဖိုးထားပါ၊ အေရးေပၚ လိုအပ္ခ်က္အရ

အရပ္သားျပည္သူပိုင္ပစၥည္းမ်ားကို အသုံးျပဳရပါက တန္ရာတန္ဖိုးေပးပါ၊ သုံ႔ပန္းမ်ားကို ညႇဥ္းပန္းျခင္း၊ သတ္ျဖတ္ျခင္းမျပဳရ၊ သင့္ေလ်ာ္ေသာေနရာတြင္ ထိန္းသိမ္းထားရမည္၊ မိမိရဲေမမ်ားအေပၚတြင္ ျဖစ္ေစ၊ အရပ္သူအမ်ိဳးသမီးမ်ားအေပၚ

တြင္ျဖစ္ေစ လိင္ပိုင္းဆိုင္ရာ ထိပါးေႏွာက္ယွက္ျခင္း မျပဳရ၊ ရန္သူ႔ထံမွ သိမ္းဆည္းရမိသည့္ ေငြ၊ လက္နက္၊ ပစၥည္းမ်ားကို ဆိုင္ရာတပ္မႉးထံ စာရင္းႏွင့္တကြ အပ္ႏွံရမည္” ဆိုသည့္ အခ်က္ ခုႏွစ္ခ်က္ကို ထုတ္ျပန္လိုက္သည္။

တနိုင္ငံလုံး အတိုင္းအတာျဖင့္ လွည္းေန ေလွေအာင္း ျမင္းေဇာင္းမက်န္ ေတာ္လွန္ရန္ အေရးေပၚအေျခအေနသတ္မွတ္ၿပီး ရက္အကန႔္အသတ္မရွိ အလုပ္ပိတ္ရက္အျဖစ္ သတ္မွတ္ေၾကာင္းလည္း NUG အစိုးရက ယေန႔ နံနက္ ေၾကညာသည္။

unicode..

ပြည်သူ့တော်လှန်ရေးစစ်သည်များ စစ်မြေပြင်တွင် လိုက်နာရမည့် အချက်များ NUG ကြေငြာ
မဇ္ဈိမ

စက်တင်ဘာ ရရက်မှ စပြီး စစ်ကောင်စီနှင့်ဒေါက်တိုင်များကို တော်လှန်ရန် အမျိုးသားညီညွန်ရေးအစိုးရ ကြေညာလိုက်ပြီးနောက် ပြည်သူ့တော်လှန်ရေးစစ်သည်များ စစ်မြေပြင်တွင် လိုက်နာရမည့်စည်းကမ်းများကို အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၊ အထူးတပ်ဖွဲ့များအနေဖြင့် “အထက်အမိန့်ကိုနာခံပါ၊ မိမိတပ်ဖွဲ့အပေါ် သစ္စာရှိပါ၊ မိမိလက်နက်ကို မိမိအသက်ကဲ့သို့ တန်ဖိုးထားပါ၊ အရေးပေါ် လိုအပ်ချက်အရ

အရပ်သားပြည်သူပိုင်ပစ္စည်းများကို အသုံးပြုရပါက တန်ရာတန်ဖိုးပေးပါ၊ သုံ့ပန်းများကို ညှဉ်းပန်းခြင်း၊ သတ်ဖြတ်ခြင်းမပြုရ၊ သင့်လျော်သောနေရာတွင် ထိန်းသိမ်းထားရမည်၊ မိမိရဲမေများအပေါ်တွင် ဖြစ်စေ၊ အရပ်သူအမျိုးသမီးများအပေါ်

တွင်ဖြစ်စေ လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်ခြင်း မပြုရ၊ ရန်သူ့ထံမှ သိမ်းဆည်းရမိသည့် ငွေ၊ လက်နက်၊ ပစ္စည်းများကို ဆိုင်ရာတပ်မှူးထံ စာရင်းနှင့်တကွ အပ်နှံရမည်” ဆိုသည့် အချက် ခုနှစ်ချက်ကို ထုတ်ပြန်လိုက်သည်။

တနိုင်ငံလုံး အတိုင်းအတာဖြင့် လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် တော်လှန်ရန် အရေးပေါ်အခြေအနေသတ်မှတ်ပြီး ရက်အကန့်အသတ်မရှိ အလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ကြောင်းလည်း NUG အစိုးရက ယနေ့ နံနက် ကြေညာသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*