တန်းဖိုးရှိတဲ့ အရာကို ဖုံးကွယ်ထားပါ.

တန်းဖိုးရှိတဲ့ အရာကို ဖုံးကွယ်ထားပါ.

အစည်းအဝေးတစ်ခုကို အမျိုးသမီးနှစ်ယောက်ဟာ မလုံမခြုံ အဝတ်အစားတွေနဲ့တက်ရောက်ခဲ့တယ်။ အဲဒီအချိန်မှာ သဘာပတိကြီးက အခုလိုပဲပြောခဲ့တယ်

သဘာပတိကြီးက အဲဒီအမျိုးသမီးနှစ်ယောက်ကို ကြည့်ပြီး အရင်ဆုံးထိုင်ခိုင်းလိုက်တယ်။

ပြီးတဲ့အခါမှာတော့ အဲဒီအမျိုးသမီးတွေရဲ့ ဘဝမှာ မမေ့နိုင်မယ့် စကားတွေကို ပြောလိုက်တယ်။ သဘာပတိကြီးက အဲဒီအမျိုးသမီးတွေကို မျက်လုံးတည့်တည့်ကို ကြည့်ပြီး၊ ဘုရားသခင်ဟာ ဒီကမ္ဘာကြီးထဲမှာ တန်ဖိုးရှိတဲ့ အရာတွေကို ဖန်ဆင်းတဲ့အခါမှာ သေချာ ဖုံးအုပ်ကွယ်ကာတားပြီး မြင်ဖို့၊ တွေ့ဖို့၊ ရနိုင်ဖို့ခက်ခဲတဲ့ အရာတွေအဖြစ် ဖန်ဆင်းခဲ့တာဖြစ်တယ်။

၁။ စိန်တွေကို ဘယ်မှာ တွေ့နိုင်ပါသလဲ။ မြေပြင်အောက် အနက်ကြီးထဲမှာ ဖုံးအုပ် ကာကွယ်ထားတဲ့ နေရာမှာပါပဲ။

၂။ ပုလဲတွေကို ဘယ်မှာတွေ့နိုင်ပါသလဲ။ ပင်လယ်ရေပြင်အောက် အနက်ကြီးထဲမှာ လှပတဲ့ ကမာခွံလေးတွေ ဖုံးအုပ်ကာကွယ်ထားတဲ့ နေရာမှာပါပဲ။

၃။ ရွှေတွေကို ဘယ်မှာတွေ့နိုင်ပါသလဲ။

ကျောက်တွင်းအောက်ဘက်မှာ ကျောက်အလွှာပေါင်းများစွာနဲ့ ဖုံးအုပ် ကာကွယ်ထားတဲ့ နေရာမှာပါပဲ။ အဲဒီရွှေတွေဆီရောက်ဖို့ဆိုရင် ကြိုးစားပမ်းစားနဲ့ တွင်းနက်ကြီးတွေတူးရပါတယ်။
သဘာပတိကြီးက အဲဒီအမျိုးသမီးတွေကို မျက်လုံးတည့်တည့်ကို စူးစိုက်ကြည့်ပြီး

မင်းတို့ရဲ့ခန္ဓာကိုယ်ဟာ ထူးခြားပြီး အလေးအမြတ်ထားသင့်တဲ့ အရာတစ်ခုပါပဲ။ မင်းတို့ဟာ စိန်တွေ၊ ရွှေတွေ၊ ပုလဲတွေထက် အများကြီးပိုပြီး တန်ဖိုးရှိပါတယ်။ အဲလိုတန်ဖိုးရှိတဲ့ အရာတွေကိုလည်း ဖုံးအုပ်ကာကွယ်ထားသင့်ပါတယ်။ မင်းတို့ရဲ့တန်ဖိုးရှိတဲ့ အရာတွေကို စိန်တွေ၊ ရွှေတွေ၊ ပုလဲတွေလိုပဲ တန်ဖိုးထားမယ်ဆိုရင် ဂုဏ်အသရေရှိတဲ့ သတ္တုတူးဖော်တဲ့ အဖွဲ့တစ်ဖွဲ့ဟာ လိုအပ်တဲ့ စက်ယန္တယားတွေနဲ့ကျယ်ပြောလှတဲ့ စူးစမ်းရှာဖွေမှုတွေကို ပြုလုပ်မှာပဲဖြစ်တယ်။

ပထမဦးဆုံးအနေနဲ့ သင်တို့ရဲ့စီမံခန့်ခွဲသူ(မိသားစု) ကို ဆက်သွယ်လာမယ်။ ပြီးရင် တရားဝင်လုပ်ငန်းလုပ်ကိုင်ရန် စာချုပ်စာတမ်း (ထိမ်းမြားမင်္ဂလာ) ကို လက်မှတ်ရေးထိုးမယ်။ အဲဒီနောက်မှာတော့ ကျွမ်းကျင်စွာဖြင့် သတ္တုတူးဖော်ခြင်း (တရားဝင် လက်ထပ်ပြီး အိမ်ထောင်ပြုခြင်း) တွေကို ပြုလုပ်လာမှာပဲဖြစ်တယ်။

ဒါပေမယ့် မင်းတို့ရဲ့တန်ဖိုးရှိတဲ့ အရာတွေကို မြေမျက်နှာပြင်ပေါ်မှာပဲ ဖော်ပြထားမယ်ဆိုရင်တော့ တရားမဝင်တဲ့ မိုင်းအလုပ်သမားတွေဟာ တရားမဝင်တဲ့ နည်းလမ်းတွေနဲ့ သတ္တုတူးဖော်ခြင်းတွေကို တွေကို ပြုလုပ်လာမှာပါပဲ။ လူတိုင်း ဟာလည်းပဲ သူတို့ဆီမှာရှိနေတဲ့ အကြမ်းထည် ပစ္စည်းကိရိယာတွေနဲ့ပဲ စိတ်ကြိုက်တူးယူမှာပဲဖြစ်တယ်။

ဒါကြောင့် ဂုဏ်အသရေရှိတဲ့ သတ္တုတူးဖော်သူတွေနဲ့သာ ဆုံတွေ့ဖို့ရန် မိမိရဲ့တန်ဖိုးရှိတဲ့ အရာတွေကို ဖုံးအုပ်ကာကွယ်ထားဖို့ လိုတယ်။
ကဲ ကိုယ့်ရဲ့ဇနီး၊ သမီးနဲ့သူငယ်ချင်းတွေကို အခြေအနေနဲ့အချိန်အခါအလိုက် သင့်တင့်လျောက်ပတ်စွာ ဝတျဆငျဖို့အားပေးကွရအောငျနျော။

အင်တာနက်ကဖတ်ရတဲ့အကြောင်းအရာလေးကို ဘာသာပြန်ဆိုခြင်းသာဖြစ်ပါတယ်။Credit >>> မောင်(စွယ်စုံကျမ်း)

Be the first to comment

Leave a Reply

Your email address will not be published.


*