unicode..
မိန်းမတစ်ယောက်ရဲ့ ဦးနှောက်ကိုရှေ့တန်းတင်တာဟာ သစ္စာမဲ့တာမဟုတ်ပါ
မိန်းမတစ်ယောက် ဟာသူ့အချစ် ကိုအသိအမှတ် မပြုတဲ့ယောက်ျားတစ်ယောက် အတွက်ကြေကွဲနေမယ့် အစားသူ့အချစ်ကိုတန်ဖိုးထားတဲ့ယောက်ျားကို ရွေးချယ်တာ သူမှန်တယ်။
မိန်းမတစ်ယောက်က သူ့အနစ်နာခံမူတွေ ကိုတန်ဖိုးမထားတဲ့ယောက်ျာ းတစ်ယောက်ကို ခယအောက်ကျို့နေမယ့် အစားသူ့အနစ်နာခံမူတွေကို အလေးထားတဲ့ယောက်ျား ကိုရွေးချယ်တာ သူမှန်တယ်။
မိန်းမဆိုတာယောက်ျားတစ်ယောက်ရဲ့ ဥပေက္ခာထက်အကြင်နာကို သာလိုချင်ကြတာပါ။ မိန်းမဆိုတာယောက်ျား တစ်ယောက်ကအရာအားလုံးထက် ကိုယ့်ကိုပဲဦးစားပေးတာကို ခံယူချင်ကြတာပါ။
မိန်းမဆိုတာယောက်ျားတစ်ယောက်က ကိုယ်မှကိုယ်ပဲဖြစ်တဲ့သူရဲ့ရင်ခွင် မှာခိုလူံချင်ကြတာပါ။ ဒါကြောင့်ကိုယ့် အချစ်ကိုတန်ဖိုးထားပြီးကိုယ့်အပေါ်ဂရုစိုက်ကြင်နာ တတ်တဲ့သူတစ်ယောက် ကိုရွေးချယ်တာ သူ မမှားဘူး။
မိန်းမသားတွေရဲ့ ဘဝမှာတခါတလေ နှလုံးသားထက်ဦးနှောက်ကိုရှေ့တန်းတင်တာသစ္စာမဲ့ တာမဟုတ်ဘူး။ကိုယ်ကဘယ်လောက်ပဲအနစ်နာခံလို့ပေးဆပ်နေနေ တန်ဖိုးမသိသူ တစ်ယောက်လက်ထဲမှာ တန်ဖိုးဆိုတာဖြစ်လာမှာမဟုတ်တော့ဘူးလေ…
ဒါကြောင့်တစ်ခါတစ်ရံနှလုံးသား နဲ့ဦးနှောက်ကလွန်ဆွဲတဲ့အခါ ဦးနှောက်ကိုရှေ့တန်းတင်လို့ ဖြစ်ချင်တာထက်ဖြစ်သင့်တာကို ဦးစားပေးတာပိုကောင်းပါတယ်။Credit
Be the first to comment
Leave a Reply
Your email address will not be published.
*