တစ်နေ့ ၇ ခေါက် ပုံမှန်ရွတ်ပေးပါက ထူးခြားလာပါလိမ့်မည်…

တစ်နေ့ ၇ ခေါက် ပုံမှန်ရွတ်ပေးပါက ထူးခြားလာပါလိမ့်မည်…

အခက်အခဲများ ရှိလို့ပဲ ဖြစ်ဖြစ် ဒီတိုင်းပဲ ဖြစ်ဖြစ် တစ်နေ့(၇)ခေါက် ပုံမှန်ရွတ်ရုံနဲ့ ထူးခြားပါလိမ့်မယ်နော်။

သိကြားမင်း ဂါထာတော်…..

“ဝေဒါသာကု ၊ ကုသာဒါဝေ ဒါယသာတ ၊ တသာယဒါ၊ သာသာဓိကု ၊ ကုဓိသာသာ ကုတကုဘု ၊ ဘုကုတကု”

ဝေ = ငါ၏ရန်သူဟူသမျှတို့သည် ဒါ = ဝေးစွာသော အရပ်သို့သာ = လျင်စွာ ကု = ပြေးကုန်သတည်

ကု = ငါ့အားမကောင်းသဖြင့် ကြံကုန်သောသူတို့သည် သာ = မိမိအလိုလို ဒါ = အကြံအစည် ပျက်သောအားဖြင့် ဝေ = ပျောက်စေကုန်သတည်း။

ဒါ = ငါ၏ ဒါန စေတနာတို့ကြောင့် ယသာ=အခြံအရံ အကျော်အမော်တို့သည် တ = ပွါးများ စေကုန်သတည်း။

တသာ=ငါပြုမိသော အကုသိုလ်( ၁၀)ပါးတို့သည် ယ = ငါပြုမိသောကုသိုလ် ၁၀ပါး၏ တန်ခိုးတော်တို့ကြောင့်ဒါ =ပြေပျောက်စေကုန် သတည်း။

သာ = စက်ဆုပ်ဖွယ်သောသူတို့အားလည်းကောင်း သာ = အမျက်မာန ဒေါသရှိသော သူတို့အားလည်းကောင်း ဓိ = ဆုံးမသြဝါဒ ပေးခြင်းဖြင့်သာလျှင် ကု = အောင်မြင်စေသတည်း။

သိကြားမင်း ဂါထာတော်_ကု= ထိုထိုသော အမျက်မာန မာန်တက်သူတို့နှင့် ဓိ = ရှည်မြင့်စွာ သာ =မပေါင်းဖော်ရသည်။

သာ = ဖြစ်ပါစေသတည်း။ကု= ကုသိုလ်စရိုက် ပြုကျင့်လေ့ရှိသော တ = သူတော်ကောင်းတို့နှင့်သာလျှင် ကု = ဖြစ်လေရာ သံသရာ ဘဝ အဆက်ဆက်၌ ဘု = တွေ့ဆုံပေါင်းဖော်ခြင်းကိုပြုရစေသတည်း။

ဘု= အကုသိုလ်ဒုစရိုက် ပွါးများသူတို့ နှင့် ကု= ဖြစ်လေရာသံသရာ ဘဝအဆက်ဆက်၌ တ= အခါ ခပ်သိမ်း ကု = တွေ့ဆုံပေါင်းဖော်ခြင်း မပြုရသည်ဖြစ်ပါစေသတည်း။

စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။

စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

ခရက်တစ်- မူရင်း














စာဖတျသူပရိတျသတျကွီး သဘောကနြှဈသကျခဲ့ရငျ (Share)မြှဝပေေးခဲ့ကွဖို့မတေ်တာရပျခံပါတယျ။


Be the first to comment

Leave a Reply

Your email address will not be published.


*