ငွေတစ်ရာ နှစ်ရာဆိုတာ ပိုနေတဲ့အခါ မသိသာပေမယ့် လိုနေတဲ့အခါအရမ်းသိသာတယ်

တစ်ချိန်ကငွေကို ရှိရင်ရှိသလိုသုံးခဲ့ဖူးတယ်။ လက်ထဲမှာ ငွေလေးရှိတာနဲ့ လိုအပ်တာရော မလိုအပ်တာတွေကိုရော အကုန်စုပြုံပြီးဝယ်ခဲ့ဖူးတယ်။ အစားအသောက်ဆိုလည်း မကုန်မခမ်းတွေဝယ်ပြီး မကုန်တဲ့အခါလွှင့်ပစ်လိုက်တာလဲရှိတယ်။

အဝတ်အစားတွေပေါနေရဲ့သားနဲ့လည်း တစ်ထည်ပြီးတစ်ထည်ဝယ်တယ်။ ချွေတာစုဆောင်း သူဌေးလောင်းဆိုတဲ့အတိုင်းကိုယ်ကငွေကိုချစ်မှ ငွေကလည်းကိုယ့်ကိုချစ်ပြီးကိုယ့်အနားမှာနေမှာပါ။

ကိုယ်ကငွေကို တန်ဖိုးမထားပဲ ရှိရင်ရှိသလိုသုံးနေမယ်ဆိုရင်တော့ အရေးအကြောင်းကြုံတဲ့အခါသုံးစရာမရှိပဲ ဒုက္ခရောက်တတ်တယ်။ ကိုယ့်မှာရှိတဲ့ငွေလေးကို မလိုအပ်တဲ့နေရာတွေမှာ ဖြုန်းနေမယ့်အစားတစ်ခုခုကြိုးစားလုပ် ဒါမှမဟုတ်ရင်းနှီးမြှပ်နှံလိုက်တာကမှ

ကိုယ့်မှာရှိတဲ့ငွေကိုသိမ်းပြီးသားလည်းဖြစ်သလို တိုးပွားပြီးသားလည်းဖြစ်တယ်။ ရေရှားတဲ့နေရာမှာနေဖူးမှ ရေတစ်စက်ရဲ့တန်ဖိုးကိုသိသလို ငွေရှိတဲ့အချိန်တုန်းက ထင်သလိုသုံးခဲ့ပြီး ဒုက္ခရောက်တဲ့အချိန်မှ ငွေရဲ့တန်ဖိုးကို

ပိုနားလည်လာခဲ့တယ်ငွေတစ်ရာနှစ်ရာ ပိုနေတဲ့အခါမှာမသိသာပေမယ့် လိုနေတဲ့အခါ အရမ်းသိသာတယ်တန်ဖိုးထားတတ်ပါစေ။ အားလုံးဘဲငွေကို လိုအပ်တာမှာသုံးပြီး မလိုအပ်တာမှာ မဖြုန်းမိကြပါစေနဲ့။

Credit to original writer

zawgyi..

တစ္ခ်ိန္ကေငြကို ရွိရင္ရွိသလိုသုံးခဲ့ဖူးတယ္။ လက္ထဲမွာ ေငြေလးရွိတာနဲ႔ လိုအပ္တာေရာ မလိုအပ္တာေတြကိုေရာ အကုန္စုျပဳံၿပီးဝယ္ခဲ့ဖူးတယ္။ အစားအေသာက္ဆိုလည္း မကုန္မခမ္းေတြဝယ္ၿပီး မကုန္တဲ့အခါလႊင့္ပစ္လိုက္တာလဲရွိတယ္။

အဝတ္အစားေတြေပါေနရဲ့သားနဲ႔လည္း တစ္ထည္ၿပီးတစ္ထည္ဝယ္တယ္။ ေခၽြတာစုေဆာင္း သူေဌးေလာင္းဆိုတဲ့အတိုင္းကိုယ္ကေငြကိုခ်စ္မွ ေငြကလည္းကိုယ့္ကိုခ်စ္ၿပီးကိုယ့္အနားမွာေနမွာပါ။

ကိုယ္ကေငြကို တန္ဖိုးမထားပဲ ရွိရင္ရွိသလိုသုံးေနမယ္ဆိုရင္ေတာ့ အေရးအေၾကာင္းၾကဳံတဲ့အခါသုံးစရာမရွိပဲ ဒုကၡေရာက္တတ္တယ္။ ကိုယ့္မွာရွိတဲ့ေငြေလးကို မလိုအပ္တဲ့ေနရာေတြမွာ ျဖဳန္းေနမယ့္အစားတစ္ခုခုႀကိဳးစားလုပ္ ဒါမွမဟုတ္ရင္းႏွီးျမႇပ္ႏွံလိုက္တာကမွ

ကိုယ့္မွာရွိတဲ့ေငြကိုသိမ္းၿပီးသားလည္းျဖစ္သလို တိုးပြားၿပီးသားလည္းျဖစ္တယ္။ ေရရွားတဲ့ေနရာမွာေနဖူးမွ ေရတစ္စက္ရဲ့တန္ဖိုးကိုသိသလို ေငြရွိတဲ့အခ်ိန္တုန္းက ထင္သလိုသုံးခဲ့ၿပီး ဒုကၡေရာက္တဲ့အခ်ိန္မွ ေငြရဲ့တန္ဖိုးကို

ပိုနားလည္လာခဲ့တယ္ေငြတစ္ရာႏွစ္ရာ ပိုေနတဲ့အခါမွာမသိသာေပမယ့္ လိုေနတဲ့အခါ အရမ္းသိသာတယ္တန္ဖိုးထားတတ္ပါေစ။ အားလုံးဘဲေငြကို လိုအပ္တာမွာသုံးၿပီး မလိုအပ္တာမွာ မျဖဳန္းမိၾကပါေစနဲ႔။

Credit to original writer

Be the first to comment

Leave a Reply

Your email address will not be published.


*