ငွေစုဖို့ ကြိုးစားနေသူတွေအတွက် အသုံးတည့်စေမယ့် ငွေစုနည်း

ဝန်ထမ်းပဲဖြစ်ဖြစ်၊ ကိုယ်ပိုင်စီးပွားရေး လုပ်ကိုင်နေသူတွေပဲဖြစ်ဖြစ် မိမိရဲ့နောင်ရေးအတွက် တလတလကို ငွေစုဖို့အတွက်တော့ ခေါင်းထဲရှိကြမယ့် ကိစ္စတခုပါ။

ငွေကြေးစီမံခန့်ခွဲမှုဆိုတာကလည်း ထင်သလောက် မလွယ်ကူတဲ့ ကိစ္စဖြစ်တာကြောင့် အကြောင်းရင်းအမျိုးမျိုးနဲ့ ငွေမစုမိလိုက်တာမျိုးတွေလည်း ရှိနေကြမှာပါ။

မသုံးမဖြစ် သုံးလိုက်ရတဲ့ အသုံးစရိတ်တွေနဲ့ မိမိလိုချင်တာ၊ လိုအပ်တာတွေကို သုံးစွဲလိုက်ရတာကြောင့် ငွေမစုမိလိုက်တာမျိုးက လစဉ်လိုလို ဖြစ်နေပြီဆိုရင်တော့ အခုဖော်ပြပေးမယ့် နည်းလမ်းက သင့်ကို အထောက်အကူဖြစ်စေနိုင်မှာ ဖြစ်ပါတယ်။

(၁) လစဉ်ဝင်ငွေရဲ့ ၅၀ ရာခိုင်နှုန်းကို မဖြစ်မနေ အသုံးစရိတ်ထဲ ထည့်ပါ

ဒီနည်းလမ်းမှာ ပထမဦးဆံုံးအနေနဲ့ သင့်ဝင်ငွေရဲ့ ၅၀ ရာခိုင်နှုန်းကို မဖြစ်မနေ ကုန်ကျစရိတ်တွေ ဖြစ်တဲ့ အိမ်လခ၊ ရေဖိုး၊ မီတာခနဲ့ စားစရိတ်ထဲကို ထည့်ရမှာ ဖြစ်ပါတယ်။

တကယ်လို့ သင်က တစုံတယောက်ဆီက ငွေချေးထားတယ်ဆိုရင်လည်း ပြန်ပေးရမယ့် ငွေပမာဏကို ဒီမဖြစ်မနေ အသုံးစရိတ်ထဲကို ထည့်ရမှာ ဖြစ်ပါတယ်။

(၂) သင့်ဝင်ငွေရဲ့ ၃၀ ရာခိုင်နှုန်းကို လိုအပ်တာတွေ သုံးစွဲဖို့အတွက် သုံးပါ

သင့်လစဉ်ဝင်ငွေရဲ့ ၃၀ ရာခိုင်နှုန်းကိုတော့ သင်လိုအပ်တဲ့ အရာတွေကို ဝယ်ယူဖို့အတွက် သုံးစွဲနိုင်မှာ ဖြစ်ပါတယ်။ ဒီနေရာမှာပြောချင်တာက Need ဆိုတဲ့ လိုအပ်ချက်အတွက် မဟုတ်ဘဲ Want ဆိုတဲ့ သင့်ရဲ့လိုအင်ဆန္ဒကို ဖြည့်ဆည်းတဲ့နေရာမှာ သုံးစွဲဖို့ကို ဆိုလိုတာပါ။

သင်လိုချင်တဲ့ အဝတ်အစား၊ အလှကုန်၊ စားချင်တဲ့ အစားအစာတွေ ဝယ်စားတာ စတဲ့ လုပ်လိုက်ရမှ၊ ဝယ်လိုက်ရမှ ကျေနပ်မယ်ဆိုတဲ့ အရာမျိုးတွေကို သုံးစွဲတဲ့နေရာမှာ အသုံးပြုရမှာ ဖြစ်ပါတယ်။

(၃) ဝင်ငွေရဲ့ ၂၀ ရာခိုင်နှုန်းကိုတော့ စုရမှာပါ

ဒါကတော့ သင့်ဝင်ငွေရဲ့ ၂၀ ရာခိုင်နှုန်းကို သွားမထိဘဲ အမှန်အကန် စုရမှာ ဖြစ်ပါတယ်။ တလတာ ဝင်ငွေရဲ့ ၂၀ ရာခိုင်နှုန်းကို သက်သက် ဖယ်ထားပြီး ဘဏ်စုငွေစာရင်းထဲ ထည့်တာ ဒါမှမဟုတ် စုဘူးထဲ ထည့်တာ စတဲ့ ပြန်ထုတ်

မသုံးမိစေနိုင်မယ့် နည်းလမ်းတခုခုကို ရွေးချယ်ပြီး စုရမှာပါ။ ဝင်ငွေရဲ့ ၂၀ ရာခိုင်နှုန်းဟာ နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ အချိန်ကြာလာတာနဲ့အမျှတော့ စုငွေက သိသိသာသာ တိုးလာမှာဖြစ်ပါတယ်။

Credit..

zawgyi..

ဝန္ထမ္းပဲျဖစ္ျဖစ္၊ ကိုယ္ပိုင္စီးပြားေရး လုပ္ကိုင္ေနသူေတြပဲျဖစ္ျဖစ္ မိမိရဲ့ေနာင္ေရးအတြက္ တလတလကို ေငြစုဖို႔အတြက္ေတာ့ ေခါင္းထဲရွိၾကမယ့္ ကိစၥတခုပါ။

ေငြေၾကးစီမံခန႔္ခြဲမႈဆိုတာကလည္း ထင္သေလာက္ မလြယ္ကူတဲ့ ကိစၥျဖစ္တာေၾကာင့္ အေၾကာင္းရင္းအမ်ိဳးမ်ိဳးနဲ႔ ေငြမစုမိလိုက္တာမ်ိဳးေတြလည္း ရွိေနၾကမွာပါ။

မသုံးမျဖစ္ သုံးလိုက္ရတဲ့ အသုံးစရိတ္ေတြနဲ႔ မိမိလိုခ်င္တာ၊ လိုအပ္တာေတြကို သုံးစြဲလိုက္ရတာေၾကာင့္ ေငြမစုမိလိုက္တာမ်ိဳးက လစဥ္လိုလို ျဖစ္ေနၿပီဆိုရင္ေတာ့ အခုေဖာ္ျပေပးမယ့္ နည္းလမ္းက သင့္ကို အေထာက္အကူျဖစ္ေစနိုင္မွာ ျဖစ္ပါတယ္။

(၁) လစဥ္ဝင္ေငြရဲ့ ၅၀ ရာခိုင္ႏႈန္းကို မျဖစ္မေန အသုံးစရိတ္ထဲ ထည့္ပါ

ဒီနည္းလမ္းမွာ ပထမဦးဆံုံးအေနနဲ႔ သင့္ဝင္ေငြရဲ့ ၅၀ ရာခိုင္ႏႈန္းကို မျဖစ္မေန ကုန္က်စရိတ္ေတြ ျဖစ္တဲ့ အိမ္လခ၊ ေရဖိုး၊ မီတာခနဲ႔ စားစရိတ္ထဲကို ထည့္ရမွာ ျဖစ္ပါတယ္။

တကယ္လို႔ သင္က တစုံတေယာက္ဆီက ေငြေခ်းထားတယ္ဆိုရင္လည္း ျပန္ေပးရမယ့္ ေငြပမာဏကို ဒီမျဖစ္မေန အသုံးစရိတ္ထဲကို ထည့္ရမွာ ျဖစ္ပါတယ္။

(၂) သင့္ဝင္ေငြရဲ့ ၃၀ ရာခိုင္ႏႈန္းကို လိုအပ္တာေတြ သုံးစြဲဖို႔အတြက္ သုံးပါ

သင့္လစဥ္ဝင္ေငြရဲ့ ၃၀ ရာခိုင္ႏႈန္းကိုေတာ့ သင္လိုအပ္တဲ့ အရာေတြကို ဝယ္ယူဖို႔အတြက္ သုံးစြဲနိုင္မွာ ျဖစ္ပါတယ္။ ဒီေနရာမွာေျပာခ်င္တာက Need ဆိုတဲ့ လိုအပ္ခ်က္အတြက္ မဟုတ္ဘဲ Want ဆိုတဲ့ သင့္ရဲ့လိုအင္ဆႏၵကို ျဖည့္ဆည္းတဲ့ေနရာမွာ သုံးစြဲဖို႔ကို ဆိုလိုတာပါ။

သင္လိုခ်င္တဲ့ အဝတ္အစား၊ အလွကုန္၊ စားခ်င္တဲ့ အစားအစာေတြ ဝယ္စားတာ စတဲ့ လုပ္လိုက္ရမွ၊ ဝယ္လိုက္ရမွ ေက်နပ္မယ္ဆိုတဲ့ အရာမ်ိဳးေတြကို သုံးစြဲတဲ့ေနရာမွာ အသုံးျပဳရမွာ ျဖစ္ပါတယ္။

(၃) ဝင္ေငြရဲ့ ၂၀ ရာခိုင္ႏႈန္းကိုေတာ့ စုရမွာပါ

ဒါကေတာ့ သင့္ဝင္ေငြရဲ့ ၂၀ ရာခိုင္ႏႈန္းကို သြားမထိဘဲ အမွန္အကန္ စုရမွာ ျဖစ္ပါတယ္။ တလတာ ဝင္ေငြရဲ့ ၂၀ ရာခိုင္ႏႈန္းကို သက္သက္ ဖယ္ထားၿပီး ဘဏ္စုေငြစာရင္းထဲ ထည့္တာ ဒါမွမဟုတ္ စုဘူးထဲ ထည့္တာ စတဲ့ ျပန္ထုတ္

မသုံးမိေစနိုင္မယ့္ နည္းလမ္းတခုခုကို ေရြးခ်ယ္ၿပီး စုရမွာပါ။ ဝင္ေငြရဲ့ ၂၀ ရာခိုင္ႏႈန္းဟာ နည္းသည္ျဖစ္ေစ၊ မ်ားသည္ျဖစ္ေစ အခ်ိန္ၾကာလာတာနဲ႔အမၽွေတာ့ စုေငြက သိသိသာသာ တိုးလာမွာျဖစ္ပါတယ္။

Credit

Be the first to comment

Leave a Reply

Your email address will not be published.


*