လူသိနည်းသေးတဲ့ လောက်သေရွက်၏ ဆေးဖက်ဝင်အသုံးများ

လန်းဆန်းစေသောလောက်သေရွက် အသုပ်တစ်ခွက်

လောက်သေရွက်များအားရေဖြင့်စင်အောင်ဆေးပြီးဓါးဖြင့်ပါးပါး လှီ၍ ကြက်သွန် ကြော်၊ နှမ်းလှော်၊ပုဇွန်ခြောက်တို့ ကိုထည့်ပြီး သံပုရာရည်ဆမ်းကာ လောက်သေ ရွက်ကို သုပ်ကျွေးခြင်းဖြစ်သည်ဟုဆိုလေသည်။

အဒေါ်၏ ပြောပြ ချက်အရ ချွေးငုတ် သူများ ချွေးပုပ်များထွက်ပြီး လူခန္ဓာ အား လန်းဆန်းစေကြောင်း၊ အမှန်ဆိုလျှင် ထားဝယ်မှိုင်း ပင်ပါ ထည့်သွင်းပြီးသုပ်ကြကြောင်းနှင့်လက်ဖက်ရည်ဝိုင်း တွင်တည် ခင်းသော ရိုးရာဓလေ့တစ်ခုလည်းဖြစ်သည်ဆို လေသည်။

လောက်သေပင်၏ ထားဝယ်အမည်မှာ မုဆိုးလှံဟု ခေါ်ဆိုပါသည်။ ထားဝယ်မြို့တွင် အစိုးရတာဝန်ထမ်းဆောင်ခဲ့စဉ် လောက်သေရွက်အားလက်ဖက် ခြောက် အဖြစ် ရေနွေးကြမ်းသောက်ကြသည်လည်း တွေ့ဖူးခဲ့ပါသည်။

ဆေးလိပ်မဖြတ်သူတို့အတွက် လောက်သေရွက်

အချို့လူအများ ဆေးလိပ်ကို အလွန်နှစ်ခြိုက်ကြပါသည်။ ဆေးလိပ်သောက်ခြင်း၏ ဆိုးကြိုးကို ထိုသူတို့ သိကြပါ သော်လည်း ဆေးလိပ်ကိုမဖြတ်နိုင်ဘဲ ဖြစ်ချင်ရာဖြစ် ဆက်၍သောက်သုံးသူများရှိနေကြသလို ဆေးလိပ်ကို ကျန်းမာရေးအသိ အမှန်ရှိစွာ ဖြတ်တောက်သူများလည်း ရှိလေသည်။

ဆေးလိပ်မဖြတ်နိုင်သည့်သူများအတွက်အဆုတ်ကောင်းမွန် စေရန် လောက်သေ ရွက်ကို အသုံးပြုကြပြန်သည်။ လောက်သေရွက်(၁၀)ဆယ်သားအား သန့်စင်စွာ ဆေးကြောပြီး ရေတစ်ဖလားခန့်ဖြင့် ပြုတ်ကျိုရန်ဖြစ်ပါ သည်။

ထိုသို့ပြုတ်ကျိုစဉ် ဆားအနည်းငယ်နှင့် သံပုရာသီးတစ်ခြမ်းခန့်ထည့်၍ ပြုတ်သည်လည်း ရှိလေ သည်။ ရရှိသော လောက်သေရွက်ပြုတ်ဆေးရည်ကို နံနက်၊နေ့လည်၊ည ငါးကြင်းဖန်ခွက်ဖြင့် နေ့စဉ်သောက် သုံးခြင်းဖြစ်လေသည်။

(၇)ရက်မြောက်နေ့တွင် ဆေးလိပ် ဆေးဂျိုး(ချိုး)များ ကွာကျလာပြီး အသက်ရှူလမ်း ကြောင်းသိသာစွာ ကောင်းမွန် လာပါသည်။ထိုကြောင့် ဆေးလိပ်မဖြတ်နိုင်သူတို့အတွက် ဘေးထွက်ဆိုးကျိုး မရှိသည့် လောက်သေရွက်ကို အဆုတ်ကောင်းစေရန် အမှတ်တရသုံးစွဲသင့်ပေ သည်။

လောက်သေရွက်နှင့်ပန်းသေရောဂါ

ပန်းသေဖြစ်က ဝမ်းမသာရသည်က အမျိုးသားတို့၏ ဘဝသာဖြစ်သည်။ အမျိုး သားတို့ဖြစ်တတ်ကြသော ပန်းသေရောဂါတွင်လည်း လောက်သေပင်၏ အစွမ်း အံ့မခန်းပါဝင်ပြန်သည်။ လက်တွေ့ပန်းသေရောဂါခံစားခဲ့ဖူးသူ မိတ်ဆွေတစ်ဦးက လောက်သေပင်သည်ဆေးအဖြစ်အသုံးပြုသောဟင်းလျာ ဖြစ်ပါကြောင်း ယုံကြည် သူတို့ အတွက် အမှန်ပင် ပန်းသေရောဂါကို ပျောက်ကင်းစေသည် ဟုဆိုပါသည်။

စားဖွယ်အဖြစ် လောက်သေရွက်၊လယ်ပတူရွက်၊ ငရံ့ပတူ ရွက်နှင့် ဆီးဖြူသီးတို့ကို ရေနွေးဖြင့်ဖျော၍အစားသွပ်ပြီး ပုံမှန်သုပ်စားခြင်းပင်ဖြစ်သည်ဟုဆိုပါသည်။

ထိုသို့သုပ်စား ပေးခြင်းဖြင့် ပန်းသေရောဂါကိုပျောက်ကင်းစေသည့် အပြင် ပန်းနာ၊ ချောင်း ဆိုး၊ ဆီးအောင့် ၊ခေါင်းကိုက်၊ ကလေးချွဲထခြင်း၊ကလေးနှာပိတ်ခြင်း၊အမျိုးသမီးများမီးယပ်သွေးမမှန်သောရောဂါ၊ ဝမ်းသက်ခြင်းနှင့်လန့်တတ် ခြင်း တို့ကိုပါကာကွယ်ပေးနိုင်လေသည်။

ဦးရေပြားနှင့်လောက်သေရွက်

(၁၀)နှစ်တာကာလ မတွေ့ရသည့် သူငယ်ချင်းတစ်ဦးနှင့် အမှတ်မထင်တွေ့ဆုံစဉ် ယခင်နှင့်မတူ တစ်ခေါင်းလုံး ပြောင်နေလေသည်။ စိတ်ထဲတွင်ရင်နှီးသော သူငယ် ချင်းအား နောက်ပြောင်၍ ပြောင်ကြီးဟု ခေါ်ချင်စိတ် ရှိခဲ့သော်လည်း မခေါ်ဖြစ် ခဲ့ပါ။

ထိုနောက်နောက်တစ်ကြိမ် မှတ်မှတ်ရရ ရန်ကုန်မြို့၊ဆူးလေစေတီတော် တွင်ဆုံပြန် ရာ အံ့သြစရာကောင်းစွာ သူငယ်ချင်း၏ဆံပင်များပြန် လည်နက်မှောင်သန်စွမ်းနေကြောင်းတွေ့ရ၍ ဆေးနည်း အားမေးမိရာ ဆရာကြီးကျော်တင့် ဆွေ၏ ဆေးသိပ္ပံ အမြင်နှင့်တိုင်းရင်းဆေး သဘာဝကုထုံးများအား စာအုပ်ထဲက နည်းအတိုင်းဖေါ်စပ်အသုံးပြုခဲ့ကြောင်း ဆိုပါသည်။

ဆေးနည်းမှာ လောက်သေ ရွက်ခြောက်၊ စံကားစိမ်းပွင့်ခြောက်တို့ကို နှမ်းဆီစစ်စစ်ဖြင့်စိမ်း၍ နံက်တစ်ကြိမ်၊ ညတစ်ကြိမ် နေ့စဉ်ဦးရေပြားထဲ စိမ့်ဝင်အောင်လိမ်းပေးခြင်း ဖြစ်သည်ဟု ဆိုလေသည်။

ထိုသို့လိမ်းပေးခြင်းဖြင့် ခေါင်းကိုက်ခြင်း ၊ဦးရေပြားပူခြင်း၊ ဗောက် ထခြင်း၊သန်းရောဂါတို့ကင်းရှင်းကာ ဆံပင်ကို သန်စွမ်းပြီး ဦးနှောက်ကိုကြည်လင်စေ သည်ဟုဆိုပါ သည်။ လောက်သေပင်ကို ရုက္ခဗေဒအမည်အရ(Desmodium triquetrum DC)ဟု ခေါ်ပါသည်။

မြန်မာဆေးကျမ်းများအလိုအရလောက် သေပင်သည်လေ၊ သလိပ်၊သည်းခြေကိုနိုင်၏။အသက်ကို ရှည်စေကာ ကာမအားကိုတိုးစေ၏။ ရောဂါပိုးကိုပယ် တတ်၏။အဆီကိုတိုးပွါးစေ၏။ အူတို့ကိုတွန့်ရှုံ့စေတတ်၏။

အဖျားရောဂါတို့ကြောင့် ဖြစ်တတ်သောလေရောဂါ၊မြင်းသရိုက်၊ဖေါရောင်ခြင်း၊ ပန်းနာ၊ ချောင်ဆိုး ၊အန်ခြင်း စသည်တို့ကို ပျောက်ကင်း သက်သာ စေနိုင်ပါသည်။လောက်သေရွက်ကို လက်ဖက် ခြောက်ကဲ့သို့သောက်သုံးခြင်းဖြင့် ဆီးပူ၊ဆီးအောင့်နှင့် အရေပြားရောဂါတို့ပျောက် ကင်းစေကြောင်း မှတ်သားမိ သမျှရေးသားလိုက်ရပါသည်။

ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ကြီးအား အာရုံဖြင့်ဦးခိုက်လျှက်

Credit – ရဲမျိုးသူ(ဗောဓိမြိုင်)

zawgyi..

လန္းဆန္းေစေသာေလာက္ေသရြက္ အသုပ္တစ္ခြက္

ေလာက္ေသရြက္မ်ားအားေရျဖင့္စင္ေအာင္ေဆးၿပီးဓါးျဖင့္ပါးပါး လွီ၍ ၾကက္သြန္ ေၾကာ္၊ ႏွမ္းေလွာ္၊ပုဇြန္ေျခာက္တို႔ ကိုထည့္ၿပီး သံပုရာရည္ဆမ္းကာ ေလာက္ေသ ရြက္ကို သုပ္ေကၽြးျခင္းျဖစ္သည္ဟုဆိုေလသည္။

အေဒၚ၏ ေျပာၿပ ခ်က္အရ ေခၽြးငုတ္ သူမ်ား ေခၽြးပုပ္မ်ားထြက္ၿပီး လူခႏၶာ အား လန္းဆန္းေစေၾကာင္း၊ အမွန္ဆိုလၽွင္ ထားဝယ္မွိုင္း ပင္ပါ ထည့္သြင္းၿပီးသုပ္ၾကေၾကာင္းႏွင့္လက္ဖက္ရည္ဝိုင္း တြင္တည္ ခင္းေသာ ရိုးရာဓေလ့တစ္ခုလည္းျဖစ္သည္ဆို ေလသည္။

ေလာက္ေသပင္၏ ထားဝယ္အမည္မွာ မုဆိုးလွံဟု ေခၚဆိုပါသည္။ ထားဝယ္ၿမိဳ႕တြင္ အစိုးရတာဝန္ထမ္းေဆာင္ခဲ့စဥ္ ေလာက္ေသရြက္အားလက္ဖက္ ေျခာက္ အျဖစ္ ေရေႏြးၾကမ္းေသာက္ၾကသည္လည္း ေတြ႕ဖူးခဲ့ပါသည္။

ေဆးလိပ္မျဖတ္သူတို႔အတြက္ ေလာက္ေသရြက္

အခ်ိဳ႕လူအမ်ား ေဆးလိပ္ကို အလြန္ႏွစ္ၿခိဳက္ၾကပါသည္။ ေဆးလိပ္ေသာက္ျခင္း၏ ဆိုးႀကိဳးကို ထိုသူတို႔ သိၾကပါ ေသာ္လည္း ေဆးလိပ္ကိုမျဖတ္နိုင္ဘဲ ျဖစ္ခ်င္ရာျဖစ္ ဆက္၍ေသာက္သုံးသူမ်ားရွိေနၾကသလို ေဆးလိပ္ကို က်န္းမာေရးအသိ အမွန္ရွိစြာ ျဖတ္ေတာက္သူမ်ားလည္း ရွိေလသည္။

ေဆးလိပ္မျဖတ္နိုင္သည့္သူမ်ားအတြက္အဆုတ္ေကာင္းမြန္ ေစရန္ ေလာက္ေသ ရြက္ကို အသုံးျပဳၾကျပန္သည္။ ေလာက္ေသရြက္(၁၀)ဆယ္သားအား သန႔္စင္စြာ ေဆးေၾကာၿပီး ေရတစ္ဖလားခန႔္ျဖင့္ ျပဳတ္က်ိဳရန္ျဖစ္ပါ သည္။

ထိုသို႔ျပဳတ္က်ိဳစဥ္ ဆားအနည္းငယ္ႏွင့္ သံပုရာသီးတစ္ျခမ္းခန႔္ထည့္၍ ျပဳတ္သည္လည္း ရွိေလ သည္။ ရရွိေသာ ေလာက္ေသရြက္ျပဳတ္ေဆးရည္ကို နံနက္၊ေန႔လည္၊ည ငါးၾကင္းဖန္ခြက္ျဖင့္ ေန႔စဥ္ေသာက္ သုံးျခင္းျဖစ္ေလသည္။

(၇)ရက္ေျမာက္ေန႔တြင္ ေဆးလိပ္ ေဆးဂ်ိဳး(ခ်ိဳး)မ်ား ကြာက်လာၿပီး အသက္ရႉလမ္း ေၾကာင္းသိသာစြာ ေကာင္းမြန္ လာပါသည္။ထိုေၾကာင့္ ေဆးလိပ္မျဖတ္နိုင္သူတို႔အတြက္ ေဘးထြက္ဆိုးက်ိဳး မရွိသည့္ ေလာက္ေသရြက္ကို အဆုတ္ေကာင္းေစရန္ အမွတ္တရသုံးစြဲသင့္ေပ သည္။

ေလာက္ေသရြက္ႏွင့္ပန္းေသေရာဂါ

ပန္းေသျဖစ္က ဝမ္းမသာရသည္က အမ်ိဳးသားတို႔၏ ဘဝသာျဖစ္သည္။ အမ်ိဳး သားတို႔ျဖစ္တတ္ၾကေသာ ပန္းေသေရာဂါတြင္လည္း ေလာက္ေသပင္၏ အစြမ္း အံ့မခန္းပါဝင္ျပန္သည္။ လက္ေတြ႕ပန္းေသေရာဂါခံစားခဲ့ဖူးသူ မိတ္ေဆြတစ္ဦးက ေလာက္ေသပင္သည္ေဆးအျဖစ္အသုံးျပဳေသာဟင္းလ်ာ ျဖစ္ပါေၾကာင္း ယုံၾကည္ သူတို႔ အတြက္ အမွန္ပင္ ပန္းေသေရာဂါကို ေပ်ာက္ကင္းေစသည္ ဟုဆိုပါသည္။

စားဖြယ္အျဖစ္ ေလာက္ေသရြက္၊လယ္ပတူရြက္၊ ငရံ့ပတူ ရြက္ႏွင့္ ဆီးျဖဴသီးတို႔ကို ေရေႏြးျဖင့္ေဖ်ာ၍အစားသြပ္ၿပီး ပုံမွန္သုပ္စားျခင္းပင္ျဖစ္သည္ဟုဆိုပါသည္။

ထိုသို႔သုပ္စား ေပးျခင္းျဖင့္ ပန္းေသေရာဂါကိုေပ်ာက္ကင္းေစသည့္ အျပင္ ပန္းနာ၊ ေခ်ာင္း ဆိုး၊ ဆီးေအာင့္ ၊ေခါင္းကိုက္၊ ကေလးခၽြဲထျခင္း၊ကေလးႏွာပိတ္ျခင္း၊အမ်ိဳးသမီးမ်ားမီးယပ္ေသြးမမွန္ေသာေရာဂါ၊ ဝမ္းသက္ျခင္းႏွင့္လန႔္တတ္ ျခင္း တို႔ကိုပါကာကြယ္ေပးနိုင္ေလသည္။

ဦးေရျပားႏွင့္ေလာက္ေသရြက္

(၁၀)ႏွစ္တာကာလ မေတြ႕ရသည့္ သူငယ္ခ်င္းတစ္ဦးႏွင့္ အမွတ္မထင္ေတြ႕ဆုံစဥ္ ယခင္ႏွင့္မတူ တစ္ေခါင္းလုံး ေျပာင္ေနေလသည္။ စိတ္ထဲတြင္ရင္ႏွီးေသာ သူငယ္ ခ်င္းအား ေနာက္ေျပာင္၍ ေျပာင္ႀကီးဟု ေခၚခ်င္စိတ္ ရွိခဲ့ေသာ္လည္း မေခၚျဖစ္ ခဲ့ပါ။

ထိုေနာက္ေနာက္တစ္ႀကိမ္ မွတ္မွတ္ရရ ရန္ကုန္ၿမိဳ႕၊ဆူးေလေစတီေတာ္ တြင္ဆုံျပန္ ရာ အံ့ၾသစရာေကာင္းစြာ သူငယ္ခ်င္း၏ဆံပင္မ်ားျပန္ လည္နက္ေမွာင္သန္စြမ္းေနေၾကာင္းေတြ႕ရ၍ ေဆးနည္း အားေမးမိရာ ဆရာႀကီးေက်ာ္တင့္ ေဆြ၏ ေဆးသိပၸံ အျမင္ႏွင့္တိုင္းရင္းေဆး သဘာဝကုထုံးမ်ားအား စာအုပ္ထဲက နည္းအတိုင္းေဖၚစပ္အသုံးျပဳခဲ့ေၾကာင္း ဆိုပါသည္။

ေဆးနည္းမွာ ေလာက္ေသ ရြက္ေျခာက္၊ စံကားစိမ္းပြင့္ေျခာက္တို႔ကို ႏွမ္းဆီစစ္စစ္ျဖင့္စိမ္း၍ နံက္တစ္ႀကိမ္၊ ညတစ္ႀကိမ္ ေန႔စဥ္ဦးေရျပားထဲ စိမ့္ဝင္ေအာင္လိမ္းေပးျခင္း ျဖစ္သည္ဟု ဆိုေလသည္။

ထိုသို႔လိမ္းေပးျခင္းျဖင့္ ေခါင္းကိုက္ျခင္း ၊ဦးေရျပားပူျခင္း၊ ေဗာက္ ထျခင္း၊သန္းေရာဂါတို႔ကင္းရွင္းကာ ဆံပင္ကို သန္စြမ္းၿပီး ဦးေႏွာက္ကိုၾကည္လင္ေစ သည္ဟုဆိုပါ သည္။ ေလာက္ေသပင္ကို ႐ုကၡေဗဒအမည္အရ(Desmodium triquetrum DC)ဟု ေခၚပါသည္။

ျမန္မာေဆးက်မ္းမ်ားအလိုအရေလာက္ ေသပင္သည္ေလ၊ သလိပ္၊သည္းေျခကိုနိုင္၏။အသက္ကို ရွည္ေစကာ ကာမအားကိုတိုးေစ၏။ ေရာဂါပိုးကိုပယ္ တတ္၏။အဆီကိုတိုးပြါးေစ၏။ အူတို႔ကိုတြန႔္ရႈံ႔ေစတတ္၏။

အဖ်ားေရာဂါတို႔ေၾကာင့္ ျဖစ္တတ္ေသာေလေရာဂါ၊ျမင္းသရိုက္၊ေဖါေရာင္ျခင္း၊ ပန္းနာ၊ ေခ်ာင္ဆိုး ၊အန္ျခင္း စသည္တို႔ကို ေပ်ာက္ကင္း သက္သာ ေစနိုင္ပါသည္။ေလာက္ေသရြက္ကို လက္ဖက္ ေျခာက္ကဲ့သို႔ေသာက္သုံးျခင္းျဖင့္ ဆီးပူ၊ဆီးေအာင့္ႏွင့္ အေရျပားေရာဂါတို႔ေပ်ာက္ ကင္းေစေၾကာင္း မွတ္သားမိ သမၽွေရးသားလိုက္ရပါသည္။

ေက်းဇူးေတာ္ရွင္ မဟာေဗာဓိၿမိဳင္ဆရာေတာ္ႀကီးအား အာ႐ုံျဖင့္ဦးခိုက္လၽွက္

Credit – ရဲမ်ိဳးသူ(ေဗာဓိၿမိဳင္)

Be the first to comment

Leave a Reply

Your email address will not be published.


*