ခြေဖနှောင့် ကွဲအက်ရခြင်းရဲ့ နောက်ကွယ်ကအကြောင်းအရင်းများ

ဆောင်းရာသီ ရောက်တိုင်း အသားအရည် ခြောက်သွေ့လာတာကြောင့် ခြေဖနောင့်ကွဲအက်ခြင်းက ဖြစ်လေ့ဖြစ်ထရှိပါတယ်။

အမြဲတမ်း ခြေဖနောင့် ကွဲအက် နေလို့ စိတ်ညစ်နေရတဲ့ သူတွေအတွက် ခြေဖနောင့် ကွဲအက်ရခြင်းရဲ့ နောက်ကွယ်က အကြောင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

ကိုယ်အလေးချိန်များလာလို့

ကျွန်မတို့ရဲ့ ခြေထောက်တွေဟာ ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလေးချိန်ကို ထိန်းထားရတာဖြစ်ပါတယ်။ အရင် ကနှင့်မတူတော့ဘဲ ခန္ဓာကိုယ် အလေးချိန်တွေ တက်လာတဲ့ အခါမှာတော့

ကိုယ်အလေးချိန်ဒဏ်ကို ခြေဖနောင့်က မခံနိုင်တော့ဘဲ အက်ကွဲခြင်းတွေ စတင်ဖြစ်ပေါ်လာရတာပဲဖြစ်ပါတယ်။

ဗီတာမင် ချို့တဲ့ခြင်း

ခန္ဓာကိုယ်က လိုအပ်တဲ့ ဗီတာမင်နှင့် အာဟာရဓာတ်များကို လုံလောက်စွာမရရှိတဲ့ အခါမှာ ခန္ဓာကိုယ်ရဲ့ နေရာအနှံ့ကနေ သတိပေးလေ့ရှိပါတယ်။

ခြေဖနောင့် အက်ကွဲခြင်းဟာလည်း သင့်ရဲ့ ခန္ဓာကိုယ်မှာ ဗီတာမင်ဓာတ်တွေ ချို့တဲ့ နေပြီးဆိုတာကို အသိပေးတာဖြစ်လို့ ဗီတာမင်ဓာတ်တွေကိုလည်း ပြန်လည်ဖြည့်တင်းသင့်ပါတယ်။

ဖိနပ်ရွေးချယ်မှုမှားခြင်း

မကြာခဏ ကြုံဖူးကြမှာပါ။ ဖိနပ်အသစ် ဝယ်လာပြီးမှ ကိုယ့်ရဲ့ ခြေထောက်နှင့် မတော်လို့ နာကျင်မှုကို ခံစားရတတ်ပါတယ်။ဒေါက်ဖိနပ်အမြင့်တွေနှင့် ခြေထောက်ကို ပိတ်လှောင်ထားတဲ့ ဖိနပ်တွေကတော့

ခြေဖနောင့် အက်ကွဲသည်အထိဖြစ်စေနိုင်ပါတယ်။တစ်နေကုန် လှုပ်ရှားသွားလာရမယ့်နေ့မျိုးမှာ ပေါ့ပေါ့ပါးပါး ဖိနပ်ကိုသာ ရွေးစီးသွားသင့်ပါတယ်နော်.

မတ်တပ်အကြာကြီး ရပ်ရခြင်း

တစ်နေကုန် မတ်တပ်ရပ်ရပြီး လှုပ်ရှားသွားလာမှု ရှိတဲ့ သူတွေတိုင်း ခြေဖနောင့် အက်ကွဲလေ့ရှိပါတယ်။ အထူးသဖြင့်

ကိုယ်အလေးချိန်များနေတဲ့ အခါမျိုးတွေမှာ အလေးချိန်ရဲ့ ဒဏ်ကြောင့် ခြေထောက်ကိုက်ခဲခြင်းကိုပါ တွဲပြီး ခံစားရနိုင်တာပဲဖြစ်ပါတယ်.။

ခြေဖနောင့်အက်ကွဲခြင်းကြောင့် နာကျင်ခြင်းနှင့် ခြေထောက်မလှတော့မှာကို စိုးရိမ်နေတဲ့ သူတွေအတွက် ကုသနည်းကတော့ ရေနွေးနွေးလေးနှင့် ခြေထောက်ကို ဆေးကြောပေးပါ။

ထို့နောက် အက်ကွဲနေတဲ့ ခြေဖနောင့် နေရာကို သဘာဝအလှဆီနင့် ဗက်ဆလင်းကဲ့ သို့သော အဆီတွေကို ပုံမှန်လေး လိမ်းပေးသွားလိုက်ရုံပါပဲ။ခန္ဓာကိုယ်မှာ ရေဓာတ်ပြည့်ဝဖို့ကလည်းလိုသေးတာဆိုတော့ ရေများများသောက်ဖို့လည်း လိုအပ်ပါသေးတယ်။

လေးစားစွာဖြင့် Credit – MyanmaPlatform

zawgyi..

ေဆာင္းရာသီ ေရာက္တိုင္း အသားအရည္ ေျခာက္ေသြ႕လာတာေၾကာင့္ ေျခဖေနာင့္ကြဲအက္ျခင္းက ျဖစ္ေလ့ျဖစ္ထရွိပါတယ္။

အျမဲတမ္း ေျခဖေနာင့္ ကြဲအက္ ေနလို႔ စိတ္ညစ္ေနရတဲ့ သူေတြအတြက္ ေျခဖေနာင့္ ကြဲအက္ရျခင္းရဲ့ ေနာက္ကြယ္က အေၾကာင္းေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

ကိုယ္အေလးခ်ိန္မ်ားလာလို႔

ကၽြန္မတို႔ရဲ့ ေျခေထာက္ေတြဟာ ခႏၶာကိုယ္တစ္ခုလုံးရဲ့ အေလးခ်ိန္ကို ထိန္းထားရတာျဖစ္ပါတယ္။ အရင္ ကႏွင့္မတူေတာ့ဘဲ ခႏၶာကိုယ္ အေလးခ်ိန္ေတြ တက္လာတဲ့ အခါမွာေတာ့

ကိုယ္အေလးခ်ိန္ဒဏ္ကို ေျခဖေနာင့္က မခံနိုင္ေတာ့ဘဲ အက္ကြဲျခင္းေတြ စတင္ျဖစ္ေပၚလာရတာပဲျဖစ္ပါတယ္။

ဗီတာမင္ ခ်ိဳ႕တဲ့ျခင္း

ခႏၶာကိုယ္က လိုအပ္တဲ့ ဗီတာမင္ႏွင့္ အာဟာရဓာတ္မ်ားကို လုံေလာက္စြာမရရွိတဲ့ အခါမွာ ခႏၶာကိုယ္ရဲ့ ေနရာအႏွံ့ကေန သတိေပးေလ့ရွိပါတယ္။

ေျခဖေနာင့္ အက္ကြဲျခင္းဟာလည္း သင့္ရဲ့ ခႏၶာကိုယ္မွာ ဗီတာမင္ဓာတ္ေတြ ခ်ိဳ႕တဲ့ ေနၿပီးဆိုတာကို အသိေပးတာျဖစ္လို႔ ဗီတာမင္ဓာတ္ေတြကိုလည္း ျပန္လည္ျဖည့္တင္းသင့္ပါတယ္။

ဖိနပ္ေရြးခ်ယ္မႈမွားျခင္း

မၾကာခဏ ၾကဳံဖူးၾကမွာပါ။ ဖိနပ္အသစ္ ဝယ္လာၿပီးမွ ကိုယ့္ရဲ့ ေျခေထာက္ႏွင့္ မေတာ္လို႔ နာက်င္မႈကို ခံစားရတတ္ပါတယ္။ေဒါက္ဖိနပ္အျမင့္ေတြႏွင့္ ေျခေထာက္ကို ပိတ္ေလွာင္ထားတဲ့ ဖိနပ္ေတြကေတာ့

ေျခဖေနာင့္ အက္ကြဲသည္အထိျဖစ္ေစနိုင္ပါတယ္။တစ္ေနကုန္ လႈပ္ရွားသြားလာရမယ့္ေန႔မ်ိဳးမွာ ေပါ့ေပါ့ပါးပါး ဖိနပ္ကိုသာ ေရြးစီးသြားသင့္ပါတယ္ေနာ္.

မတ္တပ္အၾကာႀကီး ရပ္ရျခင္း

တစ္ေနကုန္ မတ္တပ္ရပ္ရၿပီး လႈပ္ရွားသြားလာမႈ ရွိတဲ့ သူေတြတိုင္း ေျခဖေနာင့္ အက္ကြဲေလ့ရွိပါတယ္။ အထူးသျဖင့္

ကိုယ္အေလးခ်ိန္မ်ားေနတဲ့ အခါမ်ိဳးေတြမွာ အေလးခ်ိန္ရဲ့ ဒဏ္ေၾကာင့္ ေျခေထာက္ကိုက္ခဲျခင္းကိုပါ တြဲၿပီး ခံစားရနိုင္တာပဲျဖစ္ပါတယ္.။

ေျခဖေနာင့္အက္ကြဲျခင္းေၾကာင့္ နာက်င္ျခင္းႏွင့္ ေျခေထာက္မလွေတာ့မွာကို စိုးရိမ္ေနတဲ့ သူေတြအတြက္ ကုသနည္းကေတာ့ ေရေႏြးေႏြးေလးႏွင့္ ေျခေထာက္ကို ေဆးေၾကာေပးပါ။

ထို႔ေနာက္ အက္ကြဲေနတဲ့ ေျခဖေနာင့္ ေနရာကို သဘာဝအလွဆီနင့္ ဗက္ဆလင္းကဲ့ သို႔ေသာ အဆီေတြကို ပုံမွန္ေလး လိမ္းေပးသြားလိုက္႐ုံပါပဲ။ခႏၶာကိုယ္မွာ ေရဓာတ္ျပည့္ဝဖို႔ကလည္းလိုေသးတာဆိုေတာ့ ေရမ်ားမ်ားေသာက္ဖို႔လည္း လိုအပ္ပါေသးတယ္။

ေလးစားစြာျဖင့္ Credit – MyanmaPlatform

Be the first to comment

Leave a Reply

Your email address will not be published.


*