အရမ်းကောင်းလို့ မျှဝေပေးလိုက်ပါတယ် လှေရယ်… မြင်းရယ်… လူရယ်…

အရမ်းကောင်းလို့ မျှဝေပေးလိုက်ပါတယ် လှေရယ်… မြင်းရယ်… လူရယ်…

လှေက ကမ်းမှာကပ်ထားရင် အန္တရာယ်အကင်းဆုံးပဲ ဒါပေမယ့် အဲဒါက လှေတည်ဆောက်ခဲ့တဲ့ ရည်ရွယ်ချက် မဟုတ်ဘူး။

လူက အိမ်မှာနေရင် အသက်သာဆုံးပဲ၊ ဒါပေမယ့် အဲဒါက လူဖြစ်လာရတဲ့ရည်ရွယ်ချက်မဟုတ်ဘူး။

တစ်နေ့ကို မိုင်တစ်ထောင်သွားနိုင်တဲ့ အာဇာနည်မြင်းပျိုလေးတစ်ကောင်ရှိတယ်၊

သူ့ရဲ့အရည်အချင်းကိုဖော်ထုတ်ပြသဖို့အခွင့်အရေးကိုစောင့်နေတယ်။

ကုန်သည်ရောက်လာတယ်၊ မြင်းကိုမေးတယ်၊”မင်းငါနဲ့လိုက်နိုင်မလား”မြင်းကခေါင်းခါပြီးပြောတယ်၊

ငါက တစ်နေ့မိုင်တစ်ထောင်သွားနိုင်တဲ့အာဇာနည်မြင်းကွ… ဘယ်လိုဖြစ်လို့ကုန်သည်နောက်လိုက်ပြီး ကုန်ထမ်းရမှာလဲ”

စစ်သားရောက်လာတယ်၊ မြင်းကိုမေးတယ်၊”မင်းငါနဲ့လိုက်နိုင်မလား”မြင်းကခေါင်းခါပြီးပြောတယ်။

”ငါက တစ်နေ့မိုင်တစ်ထောင်သွားနိုင်တဲ့အာဇာနည်မြင်းကွ.. ဘယ်လိုဖြစ်လို့သာမာန်စစ်သားတစ်ယောက်နောက်လိုက်ပြီး တိုက်ပွဲဝင်ရမှာလဲကွ”

မုဆိုးရောက်လာတယ်၊ မြင်းကိုမေးတယ်၊မင်းငါနဲ့လိုက်နိုင်မလား” မြင်းကခေါင်းခါပြီးပြောတယ်။

‘ငါက တစ်နေ့မိုင်တစ်ထောင်သွားနိုင်တဲ့အာဇာနည်မြင်းကွ…ဘယ်လိုဖြစ်လို မုဆိုးနဲ့အတူတူ ပင်ပန်းဆင်းရဲမှုဒဏ် ခံရမှာလဲကွ”

ဒီလိုနဲ့ တစ်နေ့ပြီးတစ်နေ့ကုန်ဆုံးသွားခဲ့တယ်။မြင်းဟာသူနဲ့တန်တဲ့အလုပ်ကိုရှာမတွေ့သေးဘူး။

တစ်နေ့ ဘုရင်မင်းမြတ်အမိန့်ဖြင့်စစ်သူကြီးတစ်ယောက် အာဇာနည်မြင်းကိုလိုအပ်ကြောင်း နေရာအနှံ့ ကြော်ငြာစာများကပ်ကာလိုက်ရှာလေသည်၊

အာဇာနည်မြင်းက ….စစ်သူကြီးဆီသွားတွေ့ပြီး ပြောတယ်၊”ကျနော်က ခင်ဗျားတို့ရှာနေတဲ့ အာဇာနည်မြင်းပါ”

စစ်သူကြီးက မေးတယ်၊”ဒါဆို မင်းငါတို့တိုင်းပြည်ရဲ့ တောတောင်ရေမြေနဲ့လမ်းတွေကို နှံ့စပ်လား”့ မြင်းက ခေါင်းခါတယ်၊

စစ်သူကြီးက ထပ်မေးတယ်၊”ဒါဆို မင်းစစ်ပွဲဝင်ဖူးသလား..စစ်ပွဲအတွေ့အကြုံရှိသလား”မြင်းက ခေါင်းထပ်ခါတယ်၊

စစ်သူကြီးက ထပ်မေးတယ်၊”ဒါဆို မင်းတောထဲတောင်ထဲမှာ သားကောင်တွေနဲ့တွေ့တဲ့အခါ သခင့်အတွက်ရင်ဆိုင်တိုက်ခိုက်ပြီး ရုန်းထွက်ရဲသလား”မြင်းက ခေါင်းထပ်ခါတယ်၊

စစ်သူကြီးကပြောတယ်။”ဒါဆို မင်းဘာအသုံးကျသေးသလဲ”

မြင်းကပြောတယ်”ကျနော်နေ့ဘက်ဆို မိုင်တစ်ထောင်သွားနိင်ပြီးညဘက်ဆို မိုင်ရှစ်ရာသွားနိုင်တယ်၊လေအဆန်မှာ အစုန်ထက်တောင်မှ.အပြေးမြန်သေးတယ်”

စစ်သူကြီးက မြင်းပေါ်ခွတက်စီးလိုက်တယ်၊မြင်းကအားစိုက်ပြီး တစ်ဟုန်ထိုးပြေးလိုက်တယ်၊ဒါပေမယ့် ၁၀လှမ်းလောက်ပဲပြေးရသေးတယ်၊အမောဟိုက်ပြီး ကျောမှာချွေးတွေပြန်လာတယ်၊

‘မင်းအိုသွားပြီ… မပြေးနိုင်တော့ဘူး” ဟုဆိုကာစစ်သူကြီးပြန်လှည့်ထွက်သွားသည်၊

ဒီနေ့ သင်လုပ်တဲ့ကိစ္စတစ်ခုစီတိုင်းဟာသာမာန်ကြိုးစားနေတယ်ထင်ရပေမယ့်နောင်တစ်ချိန်အတွက်….

အင်အားလေးတစ်ခုဆိုတာ သိထားပါ၊ဒီနေ့သင်ဖြတ်ကျော်ရတဲ့ စိတ်ဆင်းရဲတဲ့အတွေ့အကြုံတိုင်း၊ ငြင်းပယ်မှုတိုင်းဟာ အနာဂတ်အတွက် အုတ်မြစ်ချပ်လေးတွေပါ၊

အိုသွားတဲ့အချိန် မပြေးနိုင်တော့မှမပြေးခဲ့ရပါလားလို့ နောင်တမရပါနဲ့၊

လှေက ကမ်းမှာကပ်ထားရင်အန္တရာယ်အကင်းဆုံးပဲ၊ဒါပေမယ့် အဲဒါကလှေတည်ဆောက်ခဲ့တဲ့ရည်ရွယ်ချက် မဟုတ်ဘူး။

လူက အိမ်မှာနေရင် အသက်သာဆုံးပဲ၊ဒါပေမယ့် အဲဒါက လူဖြစ်လာရတဲ့ရည်ရွယ်ချက် မဟုတ်ဘူး။

ပညာက အရည်အချင်းကို ကိုယ်စားမပြုဘူး၊စာပေက ယဉ်ကျေးမှုကို ကိုယ်စားမပြုဘူး၊

မနေ့ကကျော်ဇောခဲ့တဲ့အရာဟာဒီနေ့မှာ အတိတ်နဲ့ မှတ်ဉာဏ်အချို့ဖြစ်သွားပြီ၊

ဒါ့ကြောင့် အရေးကြီးတာက” မနေ့ကသင်ဘယ်သူလဲမဟုတ်ပါဘူး”” ဒီနေ့သင်ဘယ်သူလဲဆိုတာပါ၊”

ပိုပြီးအရေးကြီးတာက…ဒီနေ့သင်ဘာလုပ်သလဲ..မနက်ဖြန် သင်ဘာဖြစ်မလဲဆိုတာပါ။

Credit original writer.

zawgyi..

အရမ္းေကာင္းလို႔ မၽွေဝေပးလိုက္ပါတယ္ ေလွရယ္… ျမင္းရယ္… လူရယ္…

ေလွက ကမ္းမွာကပ္ထားရင္ အႏၲရာယ္အကင္းဆုံးပဲ ဒါေပမယ့္ အဲဒါက ေလွတည္ေဆာက္ခဲ့တဲ့ ရည္ရြယ္ခ်က္ မဟုတ္ဘူး။

လူက အိမ္မွာေနရင္ အသက္သာဆုံးပဲ၊ ဒါေပမယ့္ အဲဒါက လူျဖစ္လာရတဲ့ရည္ရြယ္ခ်က္မဟုတ္ဘူး။

တစ္ေန႔ကို မိုင္တစ္ေထာင္သြားနိုင္တဲ့ အာဇာနည္ျမင္းပ်ိဳေလးတစ္ေကာင္ရွိတယ္၊

သူ႔ရဲ့အရည္အခ်င္းကိုေဖာ္ထုတ္ျပသဖို႔အခြင့္အေရးကိုေစာင့္ေနတယ္။

ကုန္သည္ေရာက္လာတယ္၊ ျမင္းကိုေမးတယ္၊”မင္းငါနဲ႔လိုက္နိုင္မလား”ျမင္းကေခါင္းခါၿပီးေျပာတယ္၊

ငါက တစ္ေန႔မိုင္တစ္ေထာင္သြားနိုင္တဲ့အာဇာနည္ျမင္းကြ… ဘယ္လိုျဖစ္လို႔ကုန္သည္ေနာက္လိုက္ၿပီး ကုန္ထမ္းရမွာလဲ”

စစ္သားေရာက္လာတယ္၊ ျမင္းကိုေမးတယ္၊”မင္းငါနဲ႔လိုက္နိုင္မလား”ျမင္းကေခါင္းခါၿပီးေျပာတယ္။

”ငါက တစ္ေန႔မိုင္တစ္ေထာင္သြားနိုင္တဲ့အာဇာနည္ျမင္းကြ.. ဘယ္လိုျဖစ္လို႔သာမာန္စစ္သားတစ္ေယာက္ေနာက္လိုက္ၿပီး တိုက္ပြဲဝင္ရမွာလဲကြ”

မုဆိုးေရာက္လာတယ္၊ ျမင္းကိုေမးတယ္၊မင္းငါနဲ႔လိုက္နိုင္မလား” ျမင္းကေခါင္းခါၿပီးေျပာတယ္။

‘ငါက တစ္ေန႔မိုင္တစ္ေထာင္သြားနိုင္တဲ့အာဇာနည္ျမင္းကြ…ဘယ္လိုျဖစ္လို မုဆိုးနဲ႔အတူတူ ပင္ပန္းဆင္းရဲမႈဒဏ္ ခံရမွာလဲကြ”

ဒီလိုနဲ႔ တစ္ေန႔ၿပီးတစ္ေန႔ကုန္ဆုံးသြားခဲ့တယ္။ျမင္းဟာသူနဲ႔တန္တဲ့အလုပ္ကိုရွာမေတြ႕ေသးဘူး။

တစ္ေန႔ ဘုရင္မင္းျမတ္အမိန႔္ျဖင့္စစ္သူႀကီးတစ္ေယာက္ အာဇာနည္ျမင္းကိုလိုအပ္ေၾကာင္း ေနရာအႏွံ့ ေၾကာ္ျငာစာမ်ားကပ္ကာလိုက္ရွာေလသည္၊

အာဇာနည္ျမင္းက ….စစ္သူႀကီးဆီသြားေတြ႕ၿပီး ေျပာတယ္၊”က်ေနာ္က ခင္ဗ်ားတို႔ရွာေနတဲ့ အာဇာနည္ျမင္းပါ”

စစ္သူႀကီးက ေမးတယ္၊”ဒါဆို မင္းငါတို႔တိုင္းျပည္ရဲ့ ေတာေတာင္ေရေျမနဲ႔လမ္းေတြကို ႏွံ့စပ္လား”့ ျမင္းက ေခါင္းခါတယ္၊

စစ္သူႀကီးက ထပ္ေမးတယ္၊”ဒါဆို မင္းစစ္ပြဲဝင္ဖူးသလား..စစ္ပြဲအေတြ႕အၾကဳံရွိသလား”ျမင္းက ေခါင္းထပ္ခါတယ္၊

စစ္သူႀကီးက ထပ္ေမးတယ္၊”ဒါဆို မင္းေတာထဲေတာင္ထဲမွာ သားေကာင္ေတြနဲ႔ေတြ႕တဲ့အခါ သခင့္အတြက္ရင္ဆိုင္တိုက္ခိုက္ၿပီး ႐ုန္းထြက္ရဲသလား”ျမင္းက ေခါင္းထပ္ခါတယ္၊

စစ္သူႀကီးကေျပာတယ္။”ဒါဆို မင္းဘာအသုံးက်ေသးသလဲ”

ျမင္းကေျပာတယ္”က်ေနာ္ေန႔ဘက္ဆို မိုင္တစ္ေထာင္သြားနိင္ၿပီးညဘက္ဆို မိုင္ရွစ္ရာသြားနိုင္တယ္၊ေလအဆန္မွာ အစုန္ထက္ေတာင္မွ.အေျပးျမန္ေသးတယ္”

စစ္သူႀကီးက ျမင္းေပၚခြတက္စီးလိုက္တယ္၊ျမင္းကအားစိုက္ၿပီး တစ္ဟုန္ထိုးေျပးလိုက္တယ္၊ဒါေပမယ့္ ၁၀လွမ္းေလာက္ပဲေျပးရေသးတယ္၊အေမာဟိုက္ၿပီး ေက်ာမွာေခၽြးေတြျပန္လာတယ္၊

‘မင္းအိုသြားၿပီ… မေျပးနိုင္ေတာ့ဘူး” ဟုဆိုကာစစ္သူႀကီးျပန္လွည့္ထြက္သြားသည္၊

ဒီေန႔ သင္လုပ္တဲ့ကိစၥတစ္ခုစီတိုင္းဟာသာမာန္ႀကိဳးစားေနတယ္ထင္ရေပမယ့္ေနာင္တစ္ခ်ိန္အတြက္….

အင္အားေလးတစ္ခုဆိုတာ သိထားပါ၊ဒီေန႔သင္ျဖတ္ေက်ာ္ရတဲ့ စိတ္ဆင္းရဲတဲ့အေတြ႕အၾကဳံတိုင္း၊ ျငင္းပယ္မႈတိုင္းဟာ အနာဂတ္အတြက္ အုတ္ျမစ္ခ်ပ္ေလးေတြပါ၊

အိုသြားတဲ့အခ်ိန္ မေျပးနိုင္ေတာ့မွမေျပးခဲ့ရပါလားလို႔ ေနာင္တမရပါနဲ႔၊

ေလွက ကမ္းမွာကပ္ထားရင္အႏၲရာယ္အကင္းဆုံးပဲ၊ဒါေပမယ့္ အဲဒါကေလွတည္ေဆာက္ခဲ့တဲ့ရည္ရြယ္ခ်က္ မဟုတ္ဘူး။

လူက အိမ္မွာေနရင္ အသက္သာဆုံးပဲ၊ဒါေပမယ့္ အဲဒါက လူျဖစ္လာရတဲ့ရည္ရြယ္ခ်က္ မဟုတ္ဘူး။

ပညာက အရည္အခ်င္းကို ကိုယ္စားမျပဳဘူး၊စာေပက ယဥ္ေက်းမႈကို ကိုယ္စားမျပဳဘူး၊

မေန႔ကေက်ာ္ေဇာခဲ့တဲ့အရာဟာဒီေန႔မွာ အတိတ္နဲ႔ မွတ္ဉာဏ္အခ်ိဳ႕ျဖစ္သြားၿပီ၊

ဒါ့ေၾကာင့္ အေရးႀကီးတာက” မေန႔ကသင္ဘယ္သူလဲမဟုတ္ပါဘူး”” ဒီေန႔သင္ဘယ္သူလဲဆိုတာပါ၊”

ပိုၿပီးအေရးႀကီးတာက…ဒီေန႔သင္ဘာလုပ္သလဲ..မနက္ျဖန္ သင္ဘာျဖစ္မလဲဆိုတာပါ။

Credit original writer.

Be the first to comment

Leave a Reply

Your email address will not be published.


*