ဦးရွှေရိုးအကကို မူလပထမ တီထွင်သွားသူ ဦးရွှေရိုးကြီး (သို့) မြန်မာနိုင်ငံ၏ ပထမဆုံး ကာတွန်းပညာရွင် ဦးဘကေလး (ခ) ရွှေတေလး

ကာတွန်း ဦးဘကလေးကို ၉၊ဖေဖော်ဝါရီ ၊ ၁၈၉၀တွင် ပုသိမ်မြို့၊ ထောင်ကုန်းရပ်၊ အရက်ဖိုလမ်း အမှတ်၃ နေအိမ်တွင် အလယ်တန်းပြဆရာ ဦးဘိုးသင်း နှင့် ဒေါ်သဲမှုန်တို့က ဖွားမြင်သည်။

မွေးချင်း အစ်ကိုတစ်ဦးရှိပြီး မောင်ဘကြီးဟုခေါ်သည်။ ဦးဘကလေးသည် ငယ်စဉ်ကတည်းက ဉာဏ်ကောင်းသူလည်းဖြစ်ပြီး

အသက် ၁၆နှစ်အရွယ်တွင် အင်္ဂလိပ်မြန်မာအထက်တန်းကျောင်းမှ သင်္ချာ၊အင်္ဂလိပ် နှစ်ဘာသာဂုဏ်ထူးဖြင့် အောင်မြင်သည်။

ကျောင်းသားဘဝက ပန်းချီပြိုင်ပွဲ တွင် ဘုရင်ခံ၏ဆုတံဆိပ် ချီးမြှင့်ခံခဲ့ရဖူးသည်။ ဆယ်တန်းအောင်မြင်ပြီးနောက်တွင် ရန်ကုန်ကောလိပ်သို့ တက်ရောက်ခဲ့သည်။

ဥပစာတန်းအောင်မြင်ပြီး ဘီအေတန်းအရောက် ၁၉၁၆တွင် ဖခင်ဆုံးပါးသွားသဖြင့် ကျောင်းမှထွက်လိုက်ရသည်။

မိမိပညာဆည်းပူးခဲ့သည့် အထက်တန်းကျောင်းတွင် ကျောင်းဆရာ အဖြစ် အသက်မွေးခဲ့သော်လည်း မျက်နှာဖြူပညာဝန်ကို ဘုရားထူးရသည့် အလုပ်ကို မနှစ်မြို့သဖြင့် နောက်ဆုံးတွင် အလုပ်မှထွက်ကာ ရန်ကုန်သို့ပြောင်းရွေ့နေထိုင်သည်။

ဦးဘကလေးသည် အားလပ်ချိန်များတွင် ပန်းချီဆွဲရင်း ကောလိပ်ကျောင်းသားဘဝ ၁၉၁၅တွင် ကာတွန်းလက်ရာ တစ်ခုကို စမ်းသပ်ရေးဆွဲကြည့်ခဲ့သည်။

သူ၏ကာတွန်းမှာ မြို့အုပ်လုပ်ရန် ရည်ရွယ်ပြီးကောလိပ်တက်နေသောကောလိပ်ကျောင်း သားအချို့အား ပျက်ရယ်ပြုရေးဆွဲထားခြင်းဖြစ်သည်။

အနောက်နိုင်ငံများတွင် ၁၈၆၀ပြည့်နှစ်များမှစကာကာတွန်းရုပ်ပြောင်များပေါ်ပေါက်လာသည့် နည်းတူ မြန်မာ့ကာတွန်းလောကတွင်လည်း ၁၉၁၅တွင် ဦးဘကလေးဆွဲသည့် လက်ရာမှာ ပထမဆုံးသော ကာတွန်းလက်ရာဖြစ်သည် ဟုဆိုကြသည်။

ဦးဘကလေးသည် အင်္ဂလိပ်စာကျွမ်းကျင်သဖြင့် သူ၏ကာတွန်းကို အင်္ဂလိပ်ဘာသာဖြင့် ရေးသားဖော်ပြခဲ့ရာ ရန်ကုန်တိုင်း အင်္ဂလိပ်သတင်းစာ အယ်ဒီတာ မစ္စတာနော်လင်က များစွာနှစ်ခြိုက်ခဲ့သည်။

သို့ဖြင့် ခရစ်စမတ်နေ့ အထူးထုတ် ရန်ကုန်တိုင်းစာစောင်တွင် ကာတွန်းပုံရေးဆွဲစေရာ ၎င်းကာတွန်းလက်ရာမှာ နိုင်ငံရပ်ခြားသို့ပင် ပြန့်နှံခဲ့သည်။

ထိုနောက် ၁၉၁၇ မတ်လထုတ် သူရိယမဂ္ဂဇင်းတွင် ရှေးရိုးအဒေါ်ပျိုကြီးနှင့် ခေတ်ဆန်ဆန်တူမပျိုတို့ စကားပြောဆိုနေဟန်ကို

ပထမဆုံးမြန်မာဘာသာ ကာတွန်းလက်ရာအဖြစ် ရေးဆွဲခဲ့သည်။ နောက်ပိုင်းတွင်လည်း သူရိယတွင်ပင် ကုန်ပစ္စည်းကြော်ငြာအချို့ကို ရေးဆွဲပေးခဲ့သေးသည်။ (ဦးဗကလေးနဲ့ ဦးဘကလေးနဲ့ မှားနေပီဗျို့)

မြန်မာအဆွေကုမ္ပဏီမန်နေဂျာ
ကိုလိုနီခေတ်ဦးကာလက ရန်ကုန်တွင် မြန်မာအဆွေအမည်ရှိ မြန်မာကုမ္ပဏီကြီးတစ်ခုရှိခဲ့ဖူးပါသည်။ ပြည်မြို့စစ်ကဲကြီး၏ အဆက်အနွယ်ဖြစ်သူ

ဒေါ်ဆင်ကလေးက ပြည်မြို့တွင် တည်ထောင်ခဲ့ခြင်းဖြစ်ရာ တိုးတက်ကြီးပွားလာသဖြင့် ရန်ကုန်သို့ ပြောင်းရွေ့ဖွင့်လှစ်ခဲ့သည်။

ဒေါ်ဆင်ကလေး ကွယ်လွန်သွားပြီးနောက် ညီမဒေါ်ငြိမ်းရှင် နှင့် မတ်ဖြစ်သူ စက်ရှင်ရုံးစာရေးကြီးဟောင်း ဦးဘညွှန့်တို့ ကုမ္ပဏီကို ဆက်ခံခဲ့ကြသည်။

၂၊ဖေဖော်ဝါရီ ၊ ၁၉၁၈တွင် ဆူးလေဘုရားခြေရင်းတွင် မြန်မာအဆွေကုမ္ပဏီကို ဖွင့်လှစ်သောအခါ ဦးဘကလေး က ကုမ္ပဏီ ကြော်ငြာမန်နေဂျာအဖြစ် အလုပ်ရသည်။

အလုပ်တစ်ဖက်ဖြင့် ကာတွန်းများမပြတ်ရေးဆွဲခဲ့သည်။ အစ်ကို ဦးဘကြီးကိုလည်း ကုမ္ပဏီစာရေးအဖြစ် ခန့်ထားခဲ့သည်။

မြန်မာအဆွေတွင် အလုပ်လုပ်နေစဉ်အတွင်း ကုမ္ပဏီအတွက် ကြော်ငြာများအပြင် အိန်အန်တောင်ဆေးတိုက်မှ ထုတ်လုပ်သော ဗလရှင်ဆေးပြားနှင့်

ကျားဘမ်းပရုပ်ဆီ ၊ဘုံဘေဘားမားအိမ်ထောင်ပရိဘောဂတိုက်တို့အတွက် ကြော်ငြာများ ရေးဆွဲပေးခဲ့သေးသည်။

ထို့ပြင် သူရိယ၊ ပညာအလင်း၊ လန်ဒန်အတ်၊ ဗန္ဓုလ၊ ဒီးဒုတ် အစရှိသည့် ဂျာနယ်၊ မဂ္ဂဇင်းများတွင်လည်း ဘကြီးမေတ္တာတုံ၊ရွှေတလေး၊ဘကလေး အစရှိသော နာမည်များဖြင့်

ကာတွန်းများရေးဆွဲပေးခဲ့သည်။ မြန်မာအဆွေကုမ္ပဏီ ပိုင်ရှင်သမီး ဒေါ်ခင်ခင် နှင့် ဖူးစာဆုံကာ ၁၉၁၉၊ဇွန်လတွင် အိမ်ထောင်ကျသည်။

ဦးရွှေရိုးအက
၁၉၂၁တွင် ယောက်ဖဖြစ်သူ ဦးတင်နွယ်က ဘားမားဖလင်းအမည်ဖြင့် ကုမ္ပဏီထောင်ကာ ရုပ်ရှင်လောကသို့ ဝင်ရောက်သည်။ ၁၉၂၃တွင် တောမြိုင်စွန်းက လွမ်းအောင်ဖန် အမည် (အင်္ဂလိပ်ဘာသာဖြင့် Echo From The Wilds)ဖြင့် ရုပ်ရှင်ဇာတ်ကား တစ်ကားကို ထုတ်လုပ်ခဲ့သည်။

ထိုဇာတ်ကားတွင် ဦးဘကလေးက မင်းသားမောင်ဘဌေး(ဦးညီပု)၏ လူယုံတော်အဖိုးကြီး ဦးရွှေရိုးအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သည်။ ဇာတ်ရံအဖြစ်သရုပ်ဆောင်ခဲ့သော်လည်း သရုပ်ဆောင်ကောင်းလှသဖြင့် နာမည်ကျော်ကြားလာပြီး

“အဘရေ” ၊ “တောသားလေးရွှေရိုး” ၊ “ရွှေမင်းဝင်” ၊“တစ်ခိုင်လုံးရွှေ” ၊“တစ်ခိုင်လုံးစိန်” ၊ “ပလုပ်တုပ်တုပ်”၊ “မှိုင်းဝေဝေ”၊ “ရွှေတလေး” ၊ “ရွှေရိုးဘယ်မလဲ” ၊ “ကြင်စဦး” ၊ “ဝေလွင်လွင်”၊ “ကိုလူပျို” ၊“သုံးပွင့်ဆိုင်”၊ “ခင်မောင်ကြီး” ၊ “ရွှေပေလွှာ” အစရှိသည့် ဇာတ်ကားများစွာတွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။

အဘရေ ဇာတ်ကားတွင် အဘဦးရွှေရိုးအဖြစ် သရုပ်ဆောင်ရာတွင် ပုသိမ်ထီးဆောင်းကာ ခြေထောက်ဆက်ကာဆက်ကာဖြင့် ကပြသည့်ပုံစံမှာ အလွန်လူကြိုက်များသွားပြီးနောက် ထိုအကမှာ မြန်မာလူမှုအသိုင်းအဝိုင်းအတွင်း လျင်မြန်စွာပြန့်နှံ့ခဲ့သည်။

ထိုခေတ်ကာလများက ဦးရွှေရိုးအဖြစ် သရုပ်ဆောင်သူ ဦးဘကလေးအား မြန်မာ့ချာလီချက်ပလင်ဟုပင် တင်စားရေးသားခဲ့ပြီး၊ နိုင်ငံခြားဇာတ်ကားများကို ယှဉ်နိုင်ကြောင်း ချီးမွမ်းရေးသားခဲ့ကြသည်။

စာပေလက်ရာ
ဦးဘကလေးသည် သူ၏ကာတွန်းများတွင် ပါဝင်သည့် ကဗျာများကိုလည်း ကိုယ်တိုင် ရေးဖွဲ့လေ့ရှိသည်။ မြောင်းမြသို့ အလည်အပတ်ရောက်သွားစဉ် ဘုရင်ခံသစ် ဆာဟရူးလင်းစဒေါင်းစတီဗင်ဆင် လာရောက်မည်ဆို၍

ကမ်းလုံးညွှတ်မျှ ကြီးကျယ်ခမ်းနားစွာ ကြိုဆိုနေသည့်ဟန်ကို ကာတွန်းရေးဆွဲပြီး ၁၆.၂.၁၉၃၂ ရက်စွဲပါ ဗန္ဓုလဂျာနယ်တွင် ထည့်သွင်းဖော်ပြခဲ့သည်။

ထိုကာတွန်းပါ “မြောင်းမြသွား၊များလိုက်တဲ့ အကြိုတော်၊ ကရဝိတ်ဖောင်ဟင်္သာမကရ်းတွေနဲ့၊ စိမ်းနီပြာမီးရောင် လွှမ်းပါလို့၊ ကမ်းညွှတ်လုနော်” အစချီ လေးဆစ်ကဗျာမှာ ဦးဘကလေး၏ စာပေလက်ရာဖြစ်သည်။

ဦးဘကလေးသည် ဆောင်းပါအချို့ကိုလည်းရေးဖွဲ့ခဲ့ရာတွင် ၁၉၃၉၊မတ်လ ထုတ်ကြီးပွားရေးမဂ္ဂဇင်း၌ ဖော်ပြခဲ့သည့် “ဦးဟိန်စွန်း၊ နာမည်ကျော် ကာတွန်းဆရာကြီး” ဟူသောဆောင်းပါးမှာ ထင်ရှားသည်။

ထိုဆောင်းပါးတွင် “ကိုဟိန်စွန်းမှာ ဗာစီတီကောလိပ်ကျောင်းတွင် စာအုပ်ဂျပိုး ထိုးနေသည့်အခါ ကျွန်တော်မှာ ရုပ်ရှင်နှင့် ကာတွန်းဂျပိုးလုပ်နေပါသည်။ ကျွန်တော်တို့ နှစ်ယောက်လုံး၏ ဝါသနာမှာ

ပန်းချီဘက်ကဖြစ်သည့်အတိုင်း တောင်ခြစ်မြောက်ခြစ်နှင့် ကာတွန်းဟု အမည်ပေးပြီး မလှိမ့်တပတ်နှင့် သတင်းစာများသို့ ပေးပို့ပါကြောင်း” ဟူ၍ရေးသားခဲ့သည်။

ရုပ်ရှင်နယ်
ဥိးဘကလေးသည် ကာတွန်းဘက်တွင် ထင်ရှားသကဲ့သို့ ရုပ်ရှင်နယ်၌လည်း လူသိများခဲ့သည်။ မိမိသရုပ်ဆောင်ရမည့် လူ့သဘာဝစရိုက်ဟန်ပန်တို့ကို စနစ်တကျလေ့လာသည်။ ကိုယ်တိုင်အချိန်ယူလေ့ကျင့်သည်။

“မှိုင်းဝေဝေ”ဇာတ်ကားအတွက် ဘုန်းကြီးကျောင်းသား သာဂိအဖြစ် သရုပ်ဆောင်ရန် သရက်တောကျောင်းတိုက်ဝမှ နေ၍ ဘုန်းကြီးကျောင်းသားများ၏ ဝတ်စားဆင်ယင်ပုံ၊ ပြောပုံဆိုပုံများကို အသေးစိတ် သွားရောက်လေ့လာခဲ့သည်။

ကျရာဇာတ်ရုပ်ကိုလည်း ပီပြင်စွာ သရုပ်ဆောင် နိုင်သည်။ “ပလုပ်တုတ်တုတ်” ဇာတ်ကားတွင် မိုးကျမယ်အမျိုးသမီး အဖြစ်လည်းကောင်း၊ “ရွှေတလေး”ဇာတ်ကားတွင် လန်ချားသမား ရန်ကနား အဖြစ်လည်းကောင်း၊

မှိုင်းဝေဝေဇာတ်ကားတွင် ကောလိပ်ကျောင်းသား မောင်သက်ဖေ၊အဖိုးကြီးဦးသက်ဖေ အဖြစ်လည်းကောင်း၊ ဘုန်းကြီးကျောင်းသား သာဂိ၊ ဆွံအနေသူ ငဆွံတို့အဖြစ် အမျိုးမျိုးသော ဇာတ်ရုပ်များကို ရုပ်ဖျက်ပြီး ပီပြင်စွာ သရုပ်ဆောင်နိုင်ခဲ့သည်။

မြန်မာအဆွေ နှင့် ရုပ်ရှင်ဇာတ်ကား ရှစ်ကားရိုက်ကူးခဲ့ပြီးနောက် ဇနီးဒေါ်ခင်ခင်နှင့် သဘောထားခြင်းမတိုက်ဆိုင်သောကြောင့် အလုပ်မှထွက်ခဲ့သည်။

ဒုတိယအိမ်ထောင်
ဒေါ်ခင်ခင်နှင့် ခုနှစ်နှစ်ကြာ ပေါင်းသင်းပြီးနောက် ကွာရှင်းပြတ်စဲခဲ့သည်။ ထို့နောက်မြန်မာလူမျိုးများထဲတွင် ပထမဆုံး အရေးပိုင်ဖြစ်ခဲ့သည့် ဦးဖေ၏ သမီး ဒေါ်ခင်ထားနှင့် အကြောင်းပါသည်။ ဒေါ်ခင်ထားမှာ အင်္ဂလန်တွင် ပညာဆည်းပူးခဲ့သူ ဖြစ်သည်။

လက်ထပ်ပြီးနောက် ရွှေရိုးပစ်ချား အမည်ရှိ ရုပ်ရှင်ကုမ္ပဏီ ကိုတည်ထောင်ကာ သရုပ်ဆောင် မင်းသားအဖြစ်သာမက ၊ ဇာတ်ညွှန်းဆရာ၊ ဒါရိုက်တာအဖြစ်ပါ လုပ်ကိုင်ခဲ့သည်။ ဝေလွင်လွင်(၁၉၂၈) နှင့် ကြင်ဦးစ(၁၉၂၉) ဇာတ်ကားများတွင် ကိုယ်တိုင်ပါဝင် သရုပ်ဆောင်ခဲ့သည်။

ဒုတိယအိမ်ထောင်ကျပြီး မကြာမှီ ဦးဘကလေးသည် အရက်ကို စွဲမြဲစွာသောက်တတ်လာ၏။ ဇနီးဖြစ်သူ ဒေါ်ခင်ထားက သူ့အားစိတ်ရှည်လက်ရှည် ပြုစုပေးခဲ့သည် ဟုဆိုသည်။

၁၉၃၀ ကမ္ဘာ့စီးပွားပျက်ကပ်ဆိုက်စဉ် မြန်မာရုပ်ရှင်ကုမ္ပဏီများ အားလုံးနီးပါး ရပ်ဆိုင်းသွားရာ ဦးဘကလေးလည်း အလုပ်လက်မဲ့ဘဝသို့ ရောက်ရရှာသည်။

ဘဝနိဂုံး
ဦးဘကလေးသည် လွစ္စလမ်း(ယနေ့ ဆိပ်ကမ်းသာလမ်း) ၌နေထိုင်စဉ်အတွင်း ၁၉၃၈ခုနှစ် ဇွန်လတွင် နောက်ဖေးဆောင်ပြိုကျကာ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ ဆေးရုံသုံးလကျော် တက်ရောက်ကုသမှုခံယူခဲ့ပြီးနောက် ၁၉၃၉တွင် ပုသိမ်သို့ပြောင်းရွှေ့နေထိုင်ခဲ့သည်။

ထိုစဉ်အတွင်း စိတ္တဇဝေဒနာကို ခံစားနေရကာ ဆင်းရဲဒုက္ခလည်းကြုံနေရသောကြောင့် ကာတွန်းဦးဟိန်စွန်းက ရန်ကုန်ရှိ အပေါင်းအသင်းများထံမှ ငွေကြေးကောက်ခံ၍ သွားရောက်ထောက်ပံ့ပေးခဲ့သေးသည်။

ဒုတိယ ကမ္ဘာစစ်ဖြစ်ပွားသောအခါ ဦးဘကလေးတို့သည် ပုသိမ်မှ ဟင်္သာတသို့လည်းကောင်း၊ ဟင်္သာတမှ ဒေါင့်ကြီးနယ်သို့လည်းကောင်း ပြောင်းရွှေ့နေထိုင်ခဲ့သည်။

၅ ၊ဇွန်၊ ၁၉၄၅တွင် ဦးဘကလေး ကွယ်လွန်သည်။ အစ္စလာမ်ဘာသာဝင် တစ်ဦးဖြစ်သည့်အတွက် ဘာသာအယူအတိုင်း သင်္ဂြိုဟ်ခဲ့ကြသည်။Crd, ဝီကီပီးဒီးယား

မူရင်းရေးသားသူအား လေစားစွာဖြင့် ခရက်ဒစ်ပေးပါသည်။

zawgyi..

ကာတြန္း ဦးဘကေလးကို ၉၊ေဖေဖာ္ဝါရီ ၊ ၁၈၉၀တြင္ ပုသိမ္ၿမိဳ႕၊ ေထာင္ကုန္းရပ္၊ အရက္ဖိုလမ္း အမွတ္၃ ေနအိမ္တြင္ အလယ္တန္းျပဆရာ ဦးဘိုးသင္း ႏွင့္ ေဒၚသဲမႈန္တို႔က ဖြားျမင္သည္။

ေမြးခ်င္း အစ္ကိုတစ္ဦးရွိၿပီး ေမာင္ဘႀကီးဟုေခၚသည္။ ဦးဘကေလးသည္ ငယ္စဥ္ကတည္းက ဉာဏ္ေကာင္းသူလည္းျဖစ္ၿပီး

အသက္ ၁၆ႏွစ္အရြယ္တြင္ အဂၤလိပ္ျမန္မာအထက္တန္းေက်ာင္းမွ သခၤ်ာ၊အဂၤလိပ္ ႏွစ္ဘာသာဂုဏ္ထူးျဖင့္ ေအာင္ျမင္သည္။

ေက်ာင္းသားဘဝက ပန္းခ်ီၿပိဳင္ပြဲ တြင္ ဘုရင္ခံ၏ဆုတံဆိပ္ ခ်ီးျမႇင့္ခံခဲ့ရဖူးသည္။ ဆယ္တန္းေအာင္ျမင္ၿပီးေနာက္တြင္ ရန္ကုန္ေကာလိပ္သို႔ တက္ေရာက္ခဲ့သည္။

ဥပစာတန္းေအာင္ျမင္ၿပီး ဘီေအတန္းအေရာက္ ၁၉၁၆တြင္ ဖခင္ဆုံးပါးသြားသျဖင့္ ေက်ာင္းမွထြက္လိုက္ရသည္။

မိမိပညာဆည္းပူးခဲ့သည့္ အထက္တန္းေက်ာင္းတြင္ ေက်ာင္းဆရာ အျဖစ္ အသက္ေမြးခဲ့ေသာ္လည္း မ်က္ႏွာျဖဴပညာဝန္ကို ဘုရားထူးရသည့္ အလုပ္ကို မႏွစ္ၿမိဳ႕သျဖင့္ ေနာက္ဆုံးတြင္ အလုပ္မွထြက္ကာ ရန္ကုန္သို႔ေျပာင္းေရြ႕ေနထိုင္သည္။

ဦးဘကေလးသည္ အားလပ္ခ်ိန္မ်ားတြင္ ပန္းခ်ီဆြဲရင္း ေကာလိပ္ေက်ာင္းသားဘဝ ၁၉၁၅တြင္ ကာတြန္းလက္ရာ တစ္ခုကို စမ္းသပ္ေရးဆြဲၾကည့္ခဲ့သည္။

သူ၏ကာတြန္းမွာ ၿမိဳ႕အုပ္လုပ္ရန္ ရည္ရြယ္ၿပီးေကာလိပ္တက္ေနေသာေကာလိပ္ေက်ာင္း သားအခ်ိဳ႕အား ပ်က္ရယ္ျပဳေရးဆြဲထားျခင္းျဖစ္သည္။

အေနာက္နိုင္ငံမ်ားတြင္ ၁၈၆၀ျပည့္ႏွစ္မ်ားမွစကာကာတြန္း႐ုပ္ေျပာင္မ်ားေပၚေပါက္လာသည့္ နည္းတူ ျမန္မာ့ကာတြန္းေလာကတြင္လည္း ၁၉၁၅တြင္ ဦးဘကေလးဆြဲသည့္ လက္ရာမွာ ပထမဆုံးေသာ ကာတြန္းလက္ရာျဖစ္သည္ ဟုဆိုၾကသည္။

ဦးဘကေလးသည္ အဂၤလိပ္စာကၽြမ္းက်င္သျဖင့္ သူ၏ကာတြန္းကို အဂၤလိပ္ဘာသာျဖင့္ ေရးသားေဖာ္ျပခဲ့ရာ ရန္ကုန္တိုင္း အဂၤလိပ္သတင္းစာ အယ္ဒီတာ မစၥတာေနာ္လင္က မ်ားစြာႏွစ္ၿခိဳက္ခဲ့သည္။

သို႔ျဖင့္ ခရစ္စမတ္ေန႔ အထူးထုတ္ ရန္ကုန္တိုင္းစာေစာင္တြင္ ကာတြန္းပုံေရးဆြဲေစရာ ၎ကာတြန္းလက္ရာမွာ နိုင္ငံရပ္ျခားသို႔ပင္ ျပန႔္ႏွံခဲ့သည္။

ထိုေနာက္ ၁၉၁၇ မတ္လထုတ္ သူရိယမဂၢဇင္းတြင္ ေရွးရိုးအေဒၚပ်ိဳႀကီးႏွင့္ ေခတ္ဆန္ဆန္တူမပ်ိဳတို႔ စကားေျပာဆိုေနဟန္ကို

ပထမဆုံးျမန္မာဘာသာ ကာတြန္းလက္ရာအျဖစ္ ေရးဆြဲခဲ့သည္။ ေနာက္ပိုင္းတြင္လည္း သူရိယတြင္ပင္ ကုန္ပစၥည္းေၾကာ္ျငာအခ်ိဳ႕ကို ေရးဆြဲေပးခဲ့ေသးသည္။ (ဦးဗကေလးနဲ႔ ဦးဘကေလးနဲ႔ မွားေနပီဗ်ိဳ႕)

ျမန္မာအေဆြကုမၸဏီမန္ေနဂ်ာ
ကိုလိုနီေခတ္ဦးကာလက ရန္ကုန္တြင္ ျမန္မာအေဆြအမည္ရွိ ျမန္မာကုမၸဏီႀကီးတစ္ခုရွိခဲ့ဖူးပါသည္။ ျပည္ၿမိဳ႕စစ္ကဲႀကီး၏ အဆက္အႏြယ္ျဖစ္သူ

ေဒၚဆင္ကေလးက ျပည္ၿမိဳ႕တြင္ တည္ေထာင္ခဲ့ျခင္းျဖစ္ရာ တိုးတက္ႀကီးပြားလာသျဖင့္ ရန္ကုန္သို႔ ေျပာင္းေရြ႕ဖြင့္လွစ္ခဲ့သည္။

ေဒၚဆင္ကေလး ကြယ္လြန္သြားၿပီးေနာက္ ညီမေဒၚၿငိမ္းရွင္ ႏွင့္ မတ္ျဖစ္သူ စက္ရွင္႐ုံးစာေရးႀကီးေဟာင္း ဦးဘညႊန႔္တို႔ ကုမၸဏီကို ဆက္ခံခဲ့ၾကသည္။

၂၊ေဖေဖာ္ဝါရီ ၊ ၁၉၁၈တြင္ ဆူးေလဘုရားေျခရင္းတြင္ ျမန္မာအေဆြကုမၸဏီကို ဖြင့္လွစ္ေသာအခါ ဦးဘကေလး က ကုမၸဏီ ေၾကာ္ျငာမန္ေနဂ်ာအျဖစ္ အလုပ္ရသည္။

အလုပ္တစ္ဖက္ျဖင့္ ကာတြန္းမ်ားမျပတ္ေရးဆြဲခဲ့သည္။ အစ္ကို ဦးဘႀကီးကိုလည္း ကုမၸဏီစာေရးအျဖစ္ ခန႔္ထားခဲ့သည္။

ျမန္မာအေဆြတြင္ အလုပ္လုပ္ေနစဥ္အတြင္း ကုမၸဏီအတြက္ ေၾကာ္ျငာမ်ားအျပင္ အိန္အန္ေတာင္ေဆးတိုက္မွ ထုတ္လုပ္ေသာ ဗလရွင္ေဆးျပားႏွင့္

က်ားဘမ္းပ႐ုပ္ဆီ ၊ဘုံေဘဘားမားအိမ္ေထာင္ပရိေဘာဂတိုက္တို႔အတြက္ ေၾကာ္ျငာမ်ား ေရးဆြဲေပးခဲ့ေသးသည္။

ထို႔ျပင္ သူရိယ၊ ပညာအလင္း၊ လန္ဒန္အတ္၊ ဗႏၶဳလ၊ ဒီးဒုတ္ အစရွိသည့္ ဂ်ာနယ္၊ မဂၢဇင္းမ်ားတြင္လည္း ဘႀကီးေမတၱာတုံ၊ေရႊတေလး၊ဘကေလး အစရွိေသာ နာမည္မ်ားျဖင့္

ကာတြန္းမ်ားေရးဆြဲေပးခဲ့သည္။ ျမန္မာအေဆြကုမၸဏီ ပိုင္ရွင္သမီး ေဒၚခင္ခင္ ႏွင့္ ဖူးစာဆုံကာ ၁၉၁၉၊ဇြန္လတြင္ အိမ္ေထာင္က်သည္။

ဦးေရႊရိုးအက
၁၉၂၁တြင္ ေယာက္ဖျဖစ္သူ ဦးတင္ႏြယ္က ဘားမားဖလင္းအမည္ျဖင့္ ကုမၸဏီေထာင္ကာ ႐ုပ္ရွင္ေလာကသို႔ ဝင္ေရာက္သည္။ ၁၉၂၃တြင္ ေတာၿမိဳင္စြန္းက လြမ္းေအာင္ဖန္ အမည္ (အဂၤလိပ္ဘာသာျဖင့္ Echo From The Wilds)ျဖင့္ ႐ုပ္ရွင္ဇာတ္ကား တစ္ကားကို ထုတ္လုပ္ခဲ့သည္။

ထိုဇာတ္ကားတြင္ ဦးဘကေလးက မင္းသားေမာင္ဘေဌး(ဦးညီပု)၏ လူယုံေတာ္အဖိုးႀကီး ဦးေရႊရိုးအျဖစ္ ပါဝင္သ႐ုပ္ေဆာင္ခဲ့သည္။ ဇာတ္ရံအျဖစ္သ႐ုပ္ေဆာင္ခဲ့ေသာ္လည္း သ႐ုပ္ေဆာင္ေကာင္းလွသျဖင့္ နာမည္ေက်ာ္ၾကားလာၿပီး

“အဘေရ” ၊ “ေတာသားေလးေရႊရိုး” ၊ “ေရႊမင္းဝင္” ၊“တစ္ခိုင္လုံးေရႊ” ၊“တစ္ခိုင္လုံးစိန္” ၊ “ပလုပ္တုပ္တုပ္”၊ “မွိုင္းေဝေဝ”၊ “ေရႊတေလး” ၊ “ေရႊရိုးဘယ္မလဲ” ၊ “ၾကင္စဦး” ၊ “ေဝလြင္လြင္”၊ “ကိုလူပ်ိဳ” ၊“သုံးပြင့္ဆိုင္”၊ “ခင္ေမာင္ႀကီး” ၊ “ေရႊေပလႊာ” အစရွိသည့္ ဇာတ္ကားမ်ားစြာတြင္ ပါဝင္သ႐ုပ္ေဆာင္ခဲ့သည္။

အဘေရ ဇာတ္ကားတြင္ အဘဦးေရႊရိုးအျဖစ္ သ႐ုပ္ေဆာင္ရာတြင္ ပုသိမ္ထီးေဆာင္းကာ ေျခေထာက္ဆက္ကာဆက္ကာျဖင့္ ကျပသည့္ပုံစံမွာ အလြန္လူႀကိဳက္မ်ားသြားၿပီးေနာက္ ထိုအကမွာ ျမန္မာလူမႈအသိုင္းအဝိုင္းအတြင္း လ်င္ျမန္စြာျပန႔္ႏွံ့ခဲ့သည္။

ထိုေခတ္ကာလမ်ားက ဦးေရႊရိုးအျဖစ္ သ႐ုပ္ေဆာင္သူ ဦးဘကေလးအား ျမန္မာ့ခ်ာလီခ်က္ပလင္ဟုပင္ တင္စားေရးသားခဲ့ၿပီး၊ နိုင္ငံျခားဇာတ္ကားမ်ားကို ယွဥ္နိုင္ေၾကာင္း ခ်ီးမြမ္းေရးသားခဲ့ၾကသည္။

စာေပလက္ရာ
ဦးဘကေလးသည္ သူ၏ကာတြန္းမ်ားတြင္ ပါဝင္သည့္ ကဗ်ာမ်ားကိုလည္း ကိုယ္တိုင္ ေရးဖြဲ႕ေလ့ရွိသည္။ ေျမာင္းျမသို႔ အလည္အပတ္ေရာက္သြားစဥ္ ဘုရင္ခံသစ္ ဆာဟ႐ူးလင္းစေဒါင္းစတီဗင္ဆင္ လာေရာက္မည္ဆို၍

ကမ္းလုံးညႊတ္မၽွ ႀကီးက်ယ္ခမ္းနားစြာ ႀကိဳဆိုေနသည့္ဟန္ကို ကာတြန္းေရးဆြဲၿပီး ၁၆.၂.၁၉၃၂ ရက္စြဲပါ ဗႏၶဳလဂ်ာနယ္တြင္ ထည့္သြင္းေဖာ္ျပခဲ့သည္။

ထိုကာတြန္းပါ “ေျမာင္းျမသြား၊မ်ားလိုက္တဲ့ အႀကိဳေတာ္၊ ကရဝိတ္ေဖာင္ဟသၤာမကရ္းေတြနဲ႔၊ စိမ္းနီျပာမီးေရာင္ လႊမ္းပါလို႔၊ ကမ္းညႊတ္လုေနာ္” အစခ်ီ ေလးဆစ္ကဗ်ာမွာ ဦးဘကေလး၏ စာေပလက္ရာျဖစ္သည္။

ဦးဘကေလးသည္ ေဆာင္းပါအခ်ိဳ႕ကိုလည္းေရးဖြဲ႕ခဲ့ရာတြင္ ၁၉၃၉၊မတ္လ ထုတ္ႀကီးပြားေရးမဂၢဇင္း၌ ေဖာ္ျပခဲ့သည့္ “ဦးဟိန္စြန္း၊ နာမည္ေက်ာ္ ကာတြန္းဆရာႀကီး” ဟူေသာေဆာင္းပါးမွာ ထင္ရွားသည္။

ထိုေဆာင္းပါးတြင္ “ကိုဟိန္စြန္းမွာ ဗာစီတီေကာလိပ္ေက်ာင္းတြင္ စာအုပ္ဂ်ပိုး ထိုးေနသည့္အခါ ကၽြန္ေတာ္မွာ ႐ုပ္ရွင္ႏွင့္ ကာတြန္းဂ်ပိုးလုပ္ေနပါသည္။ ကၽြန္ေတာ္တို႔ ႏွစ္ေယာက္လုံး၏ ဝါသနာမွာ

ပန္းခ်ီဘက္ကျဖစ္သည့္အတိုင္း ေတာင္ျခစ္ေျမာက္ျခစ္ႏွင့္ ကာတြန္းဟု အမည္ေပးၿပီး မလွိမ့္တပတ္ႏွင့္ သတင္းစာမ်ားသို႔ ေပးပို႔ပါေၾကာင္း” ဟူ၍ေရးသားခဲ့သည္။

႐ုပ္ရွင္နယ္
ဥိးဘကေလးသည္ ကာတြန္းဘက္တြင္ ထင္ရွားသကဲ့သို႔ ႐ုပ္ရွင္နယ္၌လည္း လူသိမ်ားခဲ့သည္။ မိမိသ႐ုပ္ေဆာင္ရမည့္ လူ႔သဘာဝစရိုက္ဟန္ပန္တို႔ကို စနစ္တက်ေလ့လာသည္။ ကိုယ္တိုင္အခ်ိန္ယူေလ့က်င့္သည္။

“မွိုင္းေဝေဝ”ဇာတ္ကားအတြက္ ဘုန္းႀကီးေက်ာင္းသား သာဂိအျဖစ္ သ႐ုပ္ေဆာင္ရန္ သရက္ေတာေက်ာင္းတိုက္ဝမွ ေန၍ ဘုန္းႀကီးေက်ာင္းသားမ်ား၏ ဝတ္စားဆင္ယင္ပုံ၊ ေျပာပုံဆိုပုံမ်ားကို အေသးစိတ္ သြားေရာက္ေလ့လာခဲ့သည္။

က်ရာဇာတ္႐ုပ္ကိုလည္း ပီျပင္စြာ သ႐ုပ္ေဆာင္ နိုင္သည္။ “ပလုပ္တုတ္တုတ္” ဇာတ္ကားတြင္ မိုးက်မယ္အမ်ိဳးသမီး အျဖစ္လည္းေကာင္း၊ “ေရႊတေလး”ဇာတ္ကားတြင္ လန္ခ်ားသမား ရန္ကနား အျဖစ္လည္းေကာင္း၊

မွိုင္းေဝေဝဇာတ္ကားတြင္ ေကာလိပ္ေက်ာင္းသား ေမာင္သက္ေဖ၊အဖိုးႀကီးဦးသက္ေဖ အျဖစ္လည္းေကာင္း၊ ဘုန္းႀကီးေက်ာင္းသား သာဂိ၊ ဆြံအေနသူ ငဆြံတို႔အျဖစ္ အမ်ိဳးမ်ိဳးေသာ ဇာတ္႐ုပ္မ်ားကို ႐ုပ္ဖ်က္ၿပီး ပီျပင္စြာ သ႐ုပ္ေဆာင္နိုင္ခဲ့သည္။

ျမန္မာအေဆြ ႏွင့္ ႐ုပ္ရွင္ဇာတ္ကား ရွစ္ကားရိုက္ကူးခဲ့ၿပီးေနာက္ ဇနီးေဒၚခင္ခင္ႏွင့္ သေဘာထားျခင္းမတိုက္ဆိုင္ေသာေၾကာင့္ အလုပ္မွထြက္ခဲ့သည္။

ဒုတိယအိမ္ေထာင္
ေဒၚခင္ခင္ႏွင့္ ခုႏွစ္ႏွစ္ၾကာ ေပါင္းသင္းၿပီးေနာက္ ကြာရွင္းျပတ္စဲခဲ့သည္။ ထို႔ေနာက္ျမန္မာလူမ်ိဳးမ်ားထဲတြင္ ပထမဆုံး အေရးပိုင္ျဖစ္ခဲ့သည့္ ဦးေဖ၏ သမီး ေဒၚခင္ထားႏွင့္ အေၾကာင္းပါသည္။ ေဒၚခင္ထားမွာ အဂၤလန္တြင္ ပညာဆည္းပူးခဲ့သူ ျဖစ္သည္။

လက္ထပ္ၿပီးေနာက္ ေရႊရိုးပစ္ခ်ား အမည္ရွိ ႐ုပ္ရွင္ကုမၸဏီ ကိုတည္ေထာင္ကာ သ႐ုပ္ေဆာင္ မင္းသားအျဖစ္သာမက ၊ ဇာတ္ညႊန္းဆရာ၊ ဒါရိုက္တာအျဖစ္ပါ လုပ္ကိုင္ခဲ့သည္။ ေဝလြင္လြင္(၁၉၂၈) ႏွင့္ ၾကင္ဦးစ(၁၉၂၉) ဇာတ္ကားမ်ားတြင္ ကိုယ္တိုင္ပါဝင္ သ႐ုပ္ေဆာင္ခဲ့သည္။

ဒုတိယအိမ္ေထာင္က်ၿပီး မၾကာမွီ ဦးဘကေလးသည္ အရက္ကို စြဲျမဲစြာေသာက္တတ္လာ၏။ ဇနီးျဖစ္သူ ေဒၚခင္ထားက သူ႔အားစိတ္ရွည္လက္ရွည္ ျပဳစုေပးခဲ့သည္ ဟုဆိုသည္။

၁၉၃၀ ကမၻာ့စီးပြားပ်က္ကပ္ဆိုက္စဥ္ ျမန္မာ႐ုပ္ရွင္ကုမၸဏီမ်ား အားလုံးနီးပါး ရပ္ဆိုင္းသြားရာ ဦးဘကေလးလည္း အလုပ္လက္မဲ့ဘဝသို႔ ေရာက္ရရွာသည္။

ဘဝနိဂုံး
ဦးဘကေလးသည္ လြစၥလမ္း(ယေန႔ ဆိပ္ကမ္းသာလမ္း) ၌ေနထိုင္စဥ္အတြင္း ၁၉၃၈ခုႏွစ္ ဇြန္လတြင္ ေနာက္ေဖးေဆာင္ၿပိဳက်ကာ ထိခိုက္ဒဏ္ရာ ရရွိခဲ့သည္။ ေဆး႐ုံသုံးလေက်ာ္ တက္ေရာက္ကုသမႈခံယူခဲ့ၿပီးေနာက္ ၁၉၃၉တြင္ ပုသိမ္သို႔ေျပာင္းေရႊ႕ေနထိုင္ခဲ့သည္။

ထိုစဥ္အတြင္း စိတၱဇေဝဒနာကို ခံစားေနရကာ ဆင္းရဲဒုကၡလည္းၾကဳံေနရေသာေၾကာင့္ ကာတြန္းဦးဟိန္စြန္းက ရန္ကုန္ရွိ အေပါင္းအသင္းမ်ားထံမွ ေငြေၾကးေကာက္ခံ၍ သြားေရာက္ေထာက္ပံ့ေပးခဲ့ေသးသည္။

ဒုတိယ ကမၻာစစ္ျဖစ္ပြားေသာအခါ ဦးဘကေလးတို႔သည္ ပုသိမ္မွ ဟသၤာတသို႔လည္းေကာင္း၊ ဟသၤာတမွ ေဒါင့္ႀကီးနယ္သို႔လည္းေကာင္း ေျပာင္းေရႊ႕ေနထိုင္ခဲ့သည္။

၅ ၊ဇြန္၊ ၁၉၄၅တြင္ ဦးဘကေလး ကြယ္လြန္သည္။ အစၥလာမ္ဘာသာဝင္ တစ္ဦးျဖစ္သည့္အတြက္ ဘာသာအယူအတိုင္း သၿဂႋဳဟ္ခဲ့ၾကသည္။Crd, ဝီကီပီးဒီးယား

မူရင္းေရးသားသူအား ေလစားစြာျဖင့္ ခရက္ဒစ္ေပးပါသည္။

Be the first to comment

Leave a Reply

Your email address will not be published.


*