ဆလတ်ရွက် စားပေးသင့်တဲ့အချက် (၁၀)ချက်
ဆလတ်ရွက် ဆိုတာနဲ့ အရွက် ဖားဖားတွေနဲ့ စိမ်းစိုနေတဲ့ အရွက်တစ်မျိူးကို ပြေးမြင်ကြပါလိမ့်မယ်။ဆလတ်ရွက်ဟာ အရသာကောင်းမွန်တဲ့အပြင် ဗီတာမင် နဲ့အာဟာရဓာတ်များစွာလဲ ပါဝင်ပါတယ်။
(၁) ကိုယ်အလေးချိန် ကျစေခြင်း
ဆလတ်ရွက် ၂ ခွက်စာမှာ ကယ်လိုရီ စုစုပေါင်း ၅ကယ်လိုရီသာပါဝင်တာမို့ ကိုယ်အလေးချိန် ကျလိုသူများ စားသင့်သောအရွက်ထဲတွင် ပါဝင်ပါတယ်။
ထို့ပြင် diet လုပ်နေသူများအတွက် လိုအပ်သော အာဟာရဓာတ်များ ကိုလဲ ဆလတ်ရွက် က ပေးစွမ်းနိုင်ပါသေးတယ်။ အဆီဓာတ် မပါရှိတဲ့အပြင် အမျှင်ဓာတ်ကြွယ်ဝတာမို့ သင့်ကို ကြာကြာအဆာခံစေပါလိမ့်မယ်။
(၂) ဦးနှောက် ကျန်းမာရေး ကို ကောင်းမွန်စေခြင်း
ဦးနှောက်ဆဲလ်များ ပျက်စီးသေဆုံးရာကနေ သတိမေ့ရောဂါလို့ အလွယ်တကူ ခေါ်ကြသော အယ်လ်ဇိုင်းမား ကဲ့သို့ ဦးနှောက်ရောဂါများ ဖြစ်ပေါ်လာစေပါတယ်။
ထိုသို့မဖြစ် ရအောင် နေ့စဉ် ဆလတ်ရွက်ကို စားပေးသင့် ပါတယ်။ ဆလတ်ရွက်မှာ နိုက်ထရိတ်ဓာတ် ပါဝင်တာကြောင့် အသက်ကြိးလို့ဖြစ်တဲ့ ဦးနှောက်ရောဂါများနဲ့ မှတ်ဉာဏ် ကျဆင်းခြင်းတို့ကို ကာကွယ်ပေး ပါတယ်။
(၃)နှလုံးကျန်းမာရေး အတွက် အထောက်အကူပြုခြင်း
ဆလတ်ရွက်ဟာ ဖောလိတ်ဓာတ်ပြည့်ဝစွာပါဝင်သော အရွက်တစ်မျိူးဖြစ်တဲ့အတွက် နှလုံးသွေးကြောကို ဖျက်ဆီးသော ဓာတ်ပေါင်းများပေါ်ထွက်ခြင်းမှ ကာကွယ်ပေးပါတယ်။
(၄)ကင်ဆာရောဂါ ကာကွယ်ပေးခြင်း
ဆလတ်ရွက်ပုံမှန်စားပေးခြင်းဖြင့် အစာအိမ်ကင်ဆာရောဂါကို ကာကွယ်နိုင်ပါတယ်။ထို့ပြင် ပါးစပ်ကင်ဆာ၊ အစာရေမျိူကင်ဆာနဲ့ လည်ချောင်းကင်ဆာကိုပါ ကာကွယ်နိုင်ကြောင်း ကင်ဆာသုတေသန အဖွဲ့တစ်ခုက တင်ပြထားပါတယ်။
ဂျပန်နိုင်ငံလေ့လာရေး အဖွဲ့တစ်ခုအရ ဆလတ်ရွက်စားခြင်းဖြင့် အဆုတ်ကင်ဆာ ကို ကာကွယ်နိုင်ကြောင်းတွေ့ရှိရပါတယ်။
(၅)ဆီးချိူရောဂါကို ကာကွယ်ပေးခြင်း
ဆလတ်ရွက်ကို ပုံမှန်စားပေးခြင်းဖြင့် type 2 ဆီးချိူကို ကာကွယ်နိုင်ကြောင်း လေ့လာတွေ့ရှိ ချက်များစွာ ရှိပါတယ်။ ထို့ပြင် ဆလတ်ရွက်၂ ခွက်စာမှာ ၅ ကယ်လိုရီနဲ့ ကစီဓာတ် ၂ ဂရမ်သာပါဝင်တာမို့ ဆီးချိူသမားများ စိတ်ချစွာ စားသုံးနိုင်ပါတယ်။
(၆)အစာချေစနစ် ကောင်းမွန်စေခြင်း
ဆလတ်ရွက်မှာပါသော အမျှင်ဓာတ်များစွာက သင့်ကိုအစာကြေစေပြီး ဝမ်းမှန်စေဖို့ အထောက်အကူပြု ပါလိမ့်မယ်။ လေပွခြင်းနဲ့ အစာအိမ်အနာများ ကိုပါ သက်သာစေမှာပါ။
(၇)မျက်စိအမြင် အာရုံကောင်းမွန်စေခြင်း
ဆလတ်ရွက်တွင် ပါသော ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်မျိူးဖြစ်တဲ့ zeaxanthin ဟာ သင့်မျက်စိ အာရုံကို အားဖြည့်ပေးနိုင်တဲ့ အကောင်းဆုံး ဓာတ်တစ်ခုပဲ ဖြစ်ပါတယ်။ အသက်အရွယ်ကြီး လို့ဖြစ်တဲ့ အမြင်အာရုံ ပျက်စီးခြင်းကိုလဲ ကာကွယ် ပေးနိုင်ပါသေးတယ်။
(၈)အရိုးများ သန်မာစေခြင်း
ဗီတာမင် အေ၊ကေနဲ့စီ ပါဝင်တာမို့အရိုးတွင်း ကော်လဂျင်ထုတ်လုပ်မှုကို တိုးတက် စေပါတယ်။ ဒါကြောင့် အရိုး သိပ်သည်းဆမြင့်မားစေပြီး ကြံ့ခိုင် သန်မာစေပါတယ်။ ထို့ပြင် ဗီတာမင်ကေ က အရိုးနုနဲ့ အရိုးတွယ်ဆက် တစ်ရှူးများ တည်ဆောက်ရာတွင် အားဖြည့်ပေးပါတယ်။ ဗီတာမင် အေ ပါဝင်တာမို့ အရိုးပါးခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။
(၉)ကိုယ်ခံအားကောင်းမွန်စေခြင်း
ဆလတ်ရွက်မှာပါသော ဗီတာမင် အေနဲ့စီက ကိုယ်ခံအားစနစ်ကို ကောင်းစေပါတယ်
(၁၀)ကိုယ်ဝန်ဆောင် ကျန်းမာရေးကောင်းမွန်စေခြင်း
ဖောလိတ်ဓာတ် ပါဝင်မှုများတာမို့ ကိုယ်ဝန်ဆောင်မိခင်နဲ့ သနေသား ကျန်းမာရေးအတွက် အထောက်အကူပြုပါတယ်။မွေးလာမယ့်ကလေးရဲ့ ချိူ့ယွင်းမှုများကို ကာကွယ်နိုင်သော ဓာတ်တစ်မျိူး ဖြစ်ပါတယ်။
ထို့ပြင် ဗီတာမင် ကေ က ကလေးမွေးဖွားစဉ် သွေးအလွန် ထွက်ခြင်းကို ကာကွယ် ပေးနိုင်ပါသေးတယ်။ အမျှင်ဓာတ်ကြွယ်ဝတဲ့ အရွက်ဖြစ်တာကြောင့် ကိုယ်ဝန်ဆောင်စဉ် ဝမ်းချူပ်ခြင်းကို သက်သာစေမှာ ဖြစ်ပါတယ်။
Credit – မူရင်းရေးသားသူ
zawgyi..
ဗီတာမငျ ကေ နဲ့အေ ကႊယ်ဝစွာပါဝင်တဲ့အပြင် ဓာတ်တိုးဆန႔်ကျင်ပစ္စည်းျမားစွာလဲ ပါဝင်နေပါတယ်။ဆလတ်ရွက် ကိုစားခြင်းဖြင့် မည့်သည့် ကျန်းမာေရးေ ေကာင်းႀကိဴးေတွ ရနိုင်မလဲဆိုတာ သိနိုင်ဖို႔ ဖတ်ရႈကြရေအာင်ေနာ်။
ဆလတ်ရွက်ဟာ ဖောလိတ်ဓာတ်ပြည့်ဝစွာပါဝင်သော အရွက်တစ်မျိုးဖြစ်တဲ့အတွက် နှလုံးသွေးကြောကို ဖျက်ဆီးသော ဓာတ်ပေါင်းများပေါ်ထွက်ခြင်းမှ ကာကွယ်ပေးပါတယ်။
ဒါကွောငျ့ နှလုံးသှေးကွောအဆီဖုံးခွငျးနှငျ့နှလုံးသှေးကွောကဉျြးခွငျးကို တားဆီးပေးနိုငျပါတယျ။ထို့ပွငျ ဗီတာမငျအနေဲ့စီပါဝငျတာမို့ နှလုံးသှေးကွောမြားကို သန်မာစေပါတယ်။ ေသွးလွည့်ပတ်မႈကို လဲေ ကာင်းမွန်စေတာမို႔ နှလုံး ရောဂါမြားဖွဈပျေါခွငျးကို လြှော့ခပြေးနိုငျပါတယျ။
(၅)ဆီးချိုရောဂါကို ကာကွယ်ပေးခြင်း
ဆလတ်ရွက်ကို ပုံမှန်စားပေးခြင်းဖြင့် type 2 ဆီးချိုကို ကာကွယ်နိုင်ကြောင်း လေ့လာတွေ့ရှိ ချက်များစွာ ရှိပါတယ်။ ထို့ပြင် ဆလတ်ရွက်၂ ခွက်စာမှာ ၅ ကယ်လိုရီနဲ့ ကစီဓာတ် ၂ ဂရမ်သာပါဝင်တာမို့ ဆီးချိုသမားများ စိတ်ချစွာ စားသုံးနိုင်ပါတယ်။
Be the first to comment
Leave a Reply
Your email address will not be published.
*