အိမ်မှာ တောင်ပို့ပေါက်ရင် နိမိတ်ကောင်းလား? နိမိတ်ဆိုးလား…?

နေအိမ်အောက်မှာ တောင်ပို့ပေါက်တဲ့အခါ လူတွေက အိမ်ကို ဖျက်ဆီးမယ်ဆိုပြီး တူးထုတ်ပစ်တတ်ကြပါတယ်။ အချို့လူတွေကတော့ ကောင်းတဲ့နိမိတ်လို့ ယူဆကြပါတယ်။

ရာဇမတ် လေးဖက်လေးတန် ကာပြီး တံခွန်၊ ကုက္ကား၊ မုလေးပွားစိုက်၊ အမွှေးနံ့သာများ ပက်ဖျန်းကြတာလည်း ရှိပါသေးတယ်။

ဖယောင်းတိုင်၊ အမွှေးတိုင်တွေ ထွန်းပြီး ပူဇော်တတ်ကြပါတယ်။ အချို့ဆိုရင် အိမ်က ဆင့်တန်းဖြုတ်၊ ခင်းထားတဲ့ပျဉ် ခွာပြီးတဲ့အထိ ယုံယုံကြည်ကြည် ကိုးစားကြတာ တွေ့ရတယ်။

တစ်ခါကမိတ်ဆွေတစ်ယောက်က သူ့အိမ်အောက်မှာ တောင်ပို့ပေါက်လာလို့ ဖယ်ရမလား၊ ထားရမလား မေးဖူးပါတယ်။လူတော်တော်များများက တောင်ပို့ပေါက်တာ ကောင်းတယ် ကြီးပွားတိုးတက်လိမ့်မယ်လို့ ယူဆကြတာ များပါတယ်။

ဒါပေမယ့် ရှေးလူကြီးတွေ ပြောခဲ့တာကတော့ တောင်ပို့ပေါက်တယ်ဆိုတာ ကောင်းတာ ရှိသလို၊ မကောင်းတာလည်း ရှိတယ်လို့ ဆိုပါတယ်။ ရှေးလူကြီးတွေဟာ အကြားအမြင် ဗဟုသုတများတာကြောင့် ကဗျာလင်္ကာနဲ့ စပ်ဆိုထားခဲ့တာမို့ မှတ်သားစရာ ဖော်ပြလိုက်ပါတယ်။

(၁) အရှေ့တောင်ခွင်၊ တောင်ပို့ထင်၊ မီးလျှင် လောင်တတ်စွ။

(၂) အနောက်ပေါက်ငြား၊ အောက်လူများ နာဖျား ဘေးဒဏ်ရ။

(၃) အနောက်တောင်တွင်၊ တောင်ပို့မြင်၊ သူလျှင် ခိုးတတ်လှ။

(၄) ကျန်ငါးရပ်မှာ၊ ပေါက်ရောက်လာ၊ မှန်စွာ ချမ်းကြည်မြ။

(၅) မကောင်းရပ်နေ၊ ပေါက်လာပေ၊ ရွှေရည်လောင်း လေကြ။

ဤသို့ယတြာ ၊ ပြုသောခါ ၊ ရောဂါရန်ကွယ်ပ။ ။

အဋ္ဌလဂ်ခွင်အရအရပ်ရှစ်ပါးရှိတာမှာ (၁) အရှေ့မြောက်အရပ်၊ (၂) အရှေ့အရပ်၊ (၃) အရှေ့တောင်အရပ်၊ (၄) တောင်အရပ်၊

(၅) အနောက်တောင်အရပ်၊ (၆) အနောက်အရပ်၊ (၇) အနောက်မြောက်အရပ်၊ (၈) မြောက်အရပ်လို့ ရှိပါတယ်။

အိမ်အတွင်း၊ ခြံဝင်းအတွင်း တောင်ပို့ပေါက်တဲ့အရပ်ဟာ ဘယ်အရပ်ဆိုတာကို တိတိကျကျ သိဖို့လိုတယ်။

💢…ရှေးလူကြီးသူမတို့ မိန့်ဆိုခဲ့တဲ့ ကဗျာလင်္ကာအရတောင်ပို့ပေါက်တဲ့အရပ်ဟာ အရှေ့တောင် ထောင့်အရပ်ဖြစ်ရင် အိမ်ကို မီးလောင်တတ်တယ်။

အနောက်အရပ်ဖြစ်ရင် လူငယ်လူရွယ်တွေ နာဖျားတတ်တယ်။ ဘေးရန်သင့်တတ်တယ်။

အနောက်တောင်အရပ်ဖြစ်ရင် နေအိမ်မှာ သူခိုးခိုးခံ ရတတ်တယ်။

ကျန်တဲ့ အရပ်ငါးမျိုးမှာ တောင်ပို့ပေါက်ရင် စည်းစိမ်ဥစ္စာ ကြီးပွားတိုးတက်ချမ်းသာမယ်လို ဆိုတယ်။

မကောင်းတဲ့ အရပ်မှာ တောင်ပို့ပေါက်ရင် ဘယ်လိုလုပ်ရမလဲ ရှေးဗေဒကဝိတို့က ယတြာထားခဲ့ကြတယ်။ ယတြာကတော့ မိမိအိမ်သောက်ရေအိုးထဲကရေကို ခပ်ပြီး ဘေးအန္တရာယ်ကင်းရှင်းပါစေလို့ ဆုတောင်းပြီး ပေါက်လာသည့်တောင်ပို့ပေါ်ကို နောက်ပြန်လောင်းရမယ်။

နေအိမ် (ဒါမှမဟုတ်) ခြံဝင်းထဲမှာ တောင်ပို့ပေါက်ရင် အမှုမဲ့အမှတ်မဲ့ မနေဘဲ ကောင်းကျိုးလား၊ မကောင်းကျိုးလား ဆိုတာကို အထက်ပါအတိုင်း လင်္ကာအရဆန်းစစ်ကာ မကောင်းကျိုးဖြစ်ပါက ယတြာချေရုံသာ ရှိပါတယ် ။ ။

Crd,မူရင်းရေးသားသူအားလေးစားစွာဖြင့်

Zawgyi. .

ေနအိမ္ေအာက္မွာ ေတာင္ပို႔ေပါက္တဲ့အခါ လူေတြက အိမ္ကို ဖ်က္ဆီးမယ္ဆိုၿပီး တူးထုတ္ပစ္တတ္ၾကပါတယ္။ အခ်ိဳ႕လူေတြကေတာ့ ေကာင္းတဲ့နိမိတ္လို႔ ယူဆၾကပါတယ္။

 

ရာဇမတ္ ေလးဖက္ေလးတန္ ကာၿပီး တံခြန္၊ ကုကၠား၊ မုေလးပြားစိုက္၊ အေမႊးနံ႕သာမ်ား ပက္ဖ်န္းၾကတာလည္း ရွိပါေသးတယ္။

 

ဖေယာင္းတိုင္၊ အေမႊးတိုင္ေတြ ထြန္းၿပီး ပူေဇာ္တတ္ၾကပါတယ္။ အခ်ိဳ႕ဆိုရင္ အိမ္က ဆင့္တန္းျဖဳတ္၊ ခင္းထားတဲ့ပ်ဥ္ ခြာၿပီးတဲ့အထိ ယုံယုံၾကည္ၾကည္ ကိုးစားၾကတာ ေတြ႕ရတယ္။

 

တစ္ခါကမိတ္ေဆြတစ္ေယာက္က သူ႕အိမ္ေအာက္မွာ ေတာင္ပို႔ေပါက္လာလို႔ ဖယ္ရမလား၊ ထားရမလား ေမးဖူးပါတယ္။လူေတာ္ေတာ္မ်ားမ်ားက ေတာင္ပို႔ေပါက္တာ ေကာင္းတယ္ ႀကီးပြားတိုးတက္လိမ့္မယ္လို႔ ယူဆၾကတာ မ်ားပါတယ္။

 

ဒါေပမယ့္ ေရွးလူႀကီးေတြ ေျပာခဲ့တာကေတာ့ ေတာင္ပို႔ေပါက္တယ္ဆိုတာ ေကာင္းတာ ရွိသလို၊ မေကာင္းတာလည္း ရွိတယ္လို႔ ဆိုပါတယ္။ ေရွးလူႀကီးေတြဟာ အၾကားအျမင္ ဗဟုသုတမ်ားတာေၾကာင့္ ကဗ်ာလကၤာနဲ႕ စပ္ဆိုထားခဲ့တာမို႔ မွတ္သားစရာ ေဖာ္ျပလိုက္ပါတယ္။

 

(၁) အေရွ႕ေတာင္ခြင္၊ ေတာင္ပို႔ထင္၊ မီးလွ်င္ ေလာင္တတ္စြ။

 

(၂) အေနာက္ေပါက္ျငား၊ ေအာက္လူမ်ား နာဖ်ား ေဘးဒဏ္ရ။

 

(၃) အေနာက္ေတာင္တြင္၊ ေတာင္ပို႔ျမင္၊ သူလွ်င္ ခိုးတတ္လွ။

 

(၄) က်န္ငါးရပ္မွာ၊ ေပါက္ေရာက္လာ၊ မွန္စြာ ခ်မ္းၾကည္ျမ။

 

(၅) မေကာင္းရပ္ေန၊ ေပါက္လာေပ၊ ေ႐ႊရည္ေလာင္း ေလၾက။

 

ဤသို႔ယၾတာ ၊ ျပဳေသာခါ ၊ ေရာဂါရန္ကြယ္ပ။ ။

 

အ႒လဂ္ခြင္အရအရပ္ရွစ္ပါးရွိတာမွာ (၁) အေရွ႕ေျမာက္အရပ္၊ (၂) အေရွ႕အရပ္၊ (၃) အေရွ႕ေတာင္အရပ္၊ (၄) ေတာင္အရပ္၊

 

(၅) အေနာက္ေတာင္အရပ္၊ (၆) အေနာက္အရပ္၊ (၇) အေနာက္ေျမာက္အရပ္၊ (၈) ေျမာက္အရပ္လို႔ ရွိပါတယ္။

 

အိမ္အတြင္း၊ ၿခံဝင္းအတြင္း ေတာင္ပို႔ေပါက္တဲ့အရပ္ဟာ ဘယ္အရပ္ဆိုတာကို တိတိက်က် သိဖို႔လိုတယ္။

 

…ေရွးလူႀကီးသူမတို႔ မိန႔္ဆိုခဲ့တဲ့ ကဗ်ာလကၤာအရေတာင္ပို႔ေပါက္တဲ့အရပ္ဟာ အေရွ႕ေတာင္ ေထာင့္အရပ္ျဖစ္ရင္ အိမ္ကို မီးေလာင္တတ္တယ္။

 

အေနာက္အရပ္ျဖစ္ရင္ လူငယ္လူ႐ြယ္ေတြ နာဖ်ားတတ္တယ္။ ေဘးရန္သင့္တတ္တယ္။

 

အေနာက္ေတာင္အရပ္ျဖစ္ရင္ ေနအိမ္မွာ သူခိုးခိုးခံ ရတတ္တယ္။

 

က်န္တဲ့ အရပ္ငါးမ်ိဳးမွာ ေတာင္ပို႔ေပါက္ရင္ စည္းစိမ္ဥစၥာ ႀကီးပြားတိုးတက္ခ်မ္းသာမယ္လို ဆိုတယ္။

 

မေကာင္းတဲ့ အရပ္မွာ ေတာင္ပို႔ေပါက္ရင္ ဘယ္လိုလုပ္ရမလဲ ေရွးေဗဒကဝိတို႔က ယၾတာထားခဲ့ၾကတယ္။ ယၾတာကေတာ့ မိမိအိမ္ေသာက္ေရအိုးထဲကေရကို ခပ္ၿပီး ေဘးအႏၱရာယ္ကင္းရွင္းပါေစလို႔ ဆုေတာင္းၿပီး ေပါက္လာသည့္ေတာင္ပို႔ေပၚကို ေနာက္ျပန္ေလာင္းရမယ္။

 

ေနအိမ္ (ဒါမွမဟုတ္) ၿခံဝင္းထဲမွာ ေတာင္ပို႔ေပါက္ရင္ အမႈမဲ့အမွတ္မဲ့ မေနဘဲ ေကာင္းက်ိဳးလား၊ မေကာင္းက်ိဳးလား ဆိုတာကို အထက္ပါအတိုင္း လကၤာအရဆန္းစစ္ကာ မေကာင္းက်ိဳးျဖစ္ပါက ယၾတာေခ်႐ုံသာ ရွိပါတယ္ ။ ။

 

Crd,မူရင္းေရးသားသူအားေလးစားစြာျဖင့္

Be the first to comment

Leave a Reply

Your email address will not be published.


*