
မိသားစု ဆိုတာ ဝါးရုံလိုပါပဲ…..
ဘယ်နေ့ ဘယ်သူက ဘယ်အလုံးခွဲထွက်ရမယ်ဆိုတာအချိန် အကန့်သတ်မရှိပါဘူး..
အိုမင်းရင့်ရော်တဲ့အထိ အတူတူဆိုတာမဖြစ်နိုင်ပါဘူး.. အချိန်တန်တော့ ဝါးတွေလည်း သူ့မိသားစုကိုခွဲခွာကြရတယ်..
အချို့ အလုံးက ခေါင်မိုးမှာရောက်ချင်ရောက်မယ်အချို့အလုံးကလည်း အဝတ်ကြိုးတန်း အချို့အလုံးကလည်း စည်းရိုး၊အချို့အလုံးကလည်း ဖြာ၊အချို့အလုံးကလည်း နှီး၊အချို့ အလုံးက လည်း တံတား၊အလိုလိုနဲ့ သူ့နေရာနဲ့ သူ ရောက်ကုန်ကြရသလိုပေါ့..
မိသားစုတွေလည်း ဒီလိုပါပဲအချိန်တန် အရွယ်ရောက်လာတော့တစ်နေရာဆီ ရောက်ကြရမှာသဘာဝ ပါ..
အဲ့တာ ကြောင့်အတူရှိနေတုန်းက မမုန်းကြနဲ့ မဆဲကြနဲ့ မရှိတော့မှ ဝေးသွားကြမှချစ်တော့ ဘာထူးလဲ..
တနေရာဆီ မရောက်ခင်ချစ်ကြပါမေတ္တာ ထားပါ မုန်းကြပါနဲ့..မိသားစုဆိုတာ ကံကောင်းလွန်းလို့ မိသားစုဖြစ်ရတာပါ..
အချို့တွေကဝေးသွားမှ တမ်းတမရှိတော့မှ တန်ဖိုးနားလည်တတ်လို့ပါ..အချိန်တန်ရင် မခွဲချင်လည်းခွဲကြရတာမို့တန်ဖိုးထားပါ နော်….
ပျော်ရွင်သောမိသားစုတွေ ဖြစ်ကြပါစေ…။
credit original writer
Zawgyi. .
Leave a Reply