တစ်ခါတလေ အချစ်ဆိုတာက တန်ဖိုးမသိတဲ့သူလက်ထဲမှာ စျေးပေါသွားတတ်တယ်
တစ်ခါက ချစ်သူနှစ်ဦးရှိတယ် သူတို့ နှစ်ဦးကအရမ်းချစ်ကြပြီး လိုက်ဖက်လွန်းတဲ့အတွဲလို့ လူတွေရဲ့အမြင်မှာ ထင်ကြေးပေးခံရသလောက်ကို လိုက်ဖက်ပြီး ချစ်စရာကောင်းတဲ့ Couple လေးပါပဲ။
တစ်ကယ်တမ်းအပြင်ဘက်က အမြင်ထက်အတွင်းကျကျ သိလိုက်ရတဲ့အချိန်မှာတော့ ကောင်မလေးက အရမ်းသနားစရာကောင်းမှန်းသိရသလို အရမ်းချစ်တဲ့သူက ပိုပြီးအနစ်နာခံ၊နာကျင်ရပါလားဆိုတာသိလိုက်ရတယ်။
အချစ်ဆိုတာ နှစ်ဦးနှစ်ဖတ်မျှတနေမှ အချစ်ညီမျှခြင်း အချစ်ဖြစ်မှာပါ သို့ပေမယ့် ဒီအတွဲလေးမှာတော့ ကောင်မလေးဖက်ကပဲ တစ်ဖတ်သက်ကြီး လိုက်ချစ်နေရသလိုမျိုး ကောင်လေးကဘယ်တော့မှ ကောင်မလေးအပေါ် ဂရုစိုက်မှုကျင်နာမှုတွေ အလေးထားမှုတွေရှိမနေပါဘူး ဒါကိုဘာကြောင့် ချစ်နေရတာလဲလို့ကောင်မလေးကိုမေးတော့ သူသိပ်ချစ်လို့ပါတဲ့။
တစ်ခါတစ်လေ အချစ်ဆိုတာက တန်ဖိုးမသိတဲ့သူလက်ထဲမှာ စျေးပေါသွားတတ်ပြီး တန်ဖိုးသိတဲ့သူလက်ထဲမှာ စျေးကြီးပါတယ် စျေးဆိုလို့ အချစ်ကိုငွေနဲ့တိုင်းတာ တာမဟုတ်ပါဘူး တန်ဖိုးမထားတဲ့သူရဲ့လက်ထဲမှာ ကိုယ့်ရဲ့တန်ဖိုးရှိတဲ့ချစ်ခြင်းမေတ္တာတွေစျေးမပေါဖို့ လူမှားမပေးရအောင် နှလုံးသားကို ဦးစားမပေးမိစေဖို့ ညွှန်းလိုက်တာပါ။
တန်ဖိုးမသိရင် လှည့်ထွက်သွားလိမ်းမယ် လိုက်ဆွဲထားစရာမလိုဘူး ကိုယ်နဲ့ထိုက်တန်တဲ့သူကတော့ ကမ္ဘာမြေရဲ့ တစ်နေရာရာကနေ ကိုယ့်ဆီကိုရောက်လာအုံးမှာပါ။ဒါကြောင့် တန်ဖိုးမသိတဲ့သူရဲ့လက်ထဲမှာ ကိုယ့်နှလုံးသားတွေကိုစျေးပေါပေါနဲ့ နင်းချေမခံလိုက်ပါနဲ့ တန်ဖိုးထားတတ်ပါစေ။
credit ;လေးစားစွာဖြင့် မေဆု-ရာမညမြေ
တစ်ခါတစ်လေ အချစ်ဆိုတာက တန်ဖိုးမသိတဲ့သူလက်ထဲမှာ ဈေးပေါသွားတတ်ပြီး တန်ဖိုးသိတဲ့သူလက်ထဲမှာ ဈေးကြီးပါတယ် ဈေးဆိုလို့ အချစ်ကိုငွေနဲ့တိုင်းတာ တာမဟုတ်ပါဘူး တန်ဖိုးမထားတဲ့သူရဲ့လက်ထဲမှာ ကိုယ့်ရဲ့တန်ဖိုးရှိတဲ့ချစ်ခြင်းမေတ္တာတွေဈေးမပေါဖို့ လူမှားမပေးရအောင် နှလုံးသားကို ဦးစားမပေးမိစေဖို့ ညွှန်းလိုက်တာပါ။
Be the first to comment
Leave a Reply
Your email address will not be published.
*