သင္ဟာ ဒီ ၅ ခ်က္ကို ပုံမွန္လုပ္မိေနရင္ ဆံပင္ေတြ ပါးလာပါလိမ့္မယ္

ကြၽန္မတို႔ ဆံပင္က ပုံမွန္အားျဖင့္ တစ္ေန႔ကို အပင္ ၅၀ကေန ၁၀၀အထိ ကြၽတ္ေလ့ရွိပါတယ္။

ဒီလိုကြၽတ္တာက ပုံမွန္ပဲျဖစ္ၿပီး ကြၽန္မတို႔ရဲ႕ ဦးေရျပားမွာ hair follicles ေလးေတြ တစ္သိန္းေက်ာ္ရွိတာေၾကာင့္ သိပ္မသိသာပါဘူး။

သို႔ေသာ္ တစ္ခါတစ္ရံမွာ အေၾကာင္းရင္းအမ်ိဳးမ်ိဳးေၾကာင့္ ဆံပင္အရမ္းကြၽတ္တာေတြ၊ အရမ္းပါးတာေတြ ႀကဳံရပါတယ္။

ကြၽန္မတို႔မိန္းကေလးအားလုံးက ဆံေကသာကို ႏူးညံ့ေတာက္ပၿပီး က်န္းမာခ်င္ၾကပါတယ္။

ဒါ့ေၾကာင့္ ဒီရည္မွန္းခ်က္ကို သြားတဲ့ခရီးမွာ ေရွာင္ရွားႏိုင္မယ့္ အရာေတြကို ခ်စ္တို႔အတက္ မွ်ေဝေပးခ်င္ပါတယ္။

၁။ မနက္စာကို ေက်ာ္သြားတာ….

သင့္မွာ ကယ္လိုရီအလုံအေလာက္မရွိဘူးဆိုရင္ သင့္ခႏၶာကိုယ္က စြမ္းအင္အားလုံးကို (သင့္ႏွလုံးနဲ႔ ဦးေႏွာက္က ဆံပင္နဲ႔ ဦးေရျပားကို ေနာက္ကြယ္မွာ ခ်န္ထားခဲ့ျခင္းကဲ့သို႔ေသာ)

မျဖစ္မေနလိုအပ္တဲ့ လုပ္ငန္းေဆာင္တာမ်ားဆီသို႔ ဦးတည္ရာ ေျပာင္းသြားပါတယ္။

အတိုင္းအခ်င့္နဲ႔စားျခင္းက သင့္ေဟာ္မုန္းေတြကို shock ရေစႏိုင္ၿပီး ဆံပင္အသစ္ အစားထိုးမေပါက္ေသးခင္မွာ ဆံပင္ပါးတာကို ျဖစ္ေစပါတယ္။

ပ႐ိုတိန္းနဲ႔အဆီမ်ားစြာ ပါဝင္ေသာ က်န္းမာေသာ အစားအစာကို စားပါ။

ဆံပင္က အမ်ားအားျဖင့္ ပ႐ိုတင္း (Keratin) နဲ႔လုပ္ထားပါတယ္။

အဲဒါအလုံအေလာက္မရရွိရင္ က်ိဳးပဲ့ပ်က္စီးတဲ့ သေဘာရွိပါတယ္။

တေန႔လွ်င္ ကယ္လိုရီ ၄၆ ဂရမ္ (သို႔) ၁၀% မွ ၃၅% ကိုရည္႐ြယ္ပါတယ္။

၂။ အလြန္အကြၽံ ေနပူခံတာ…

အျပင္ထြက္တဲ့အခါ ေနရဲ႕ခရမ္းလြန္ေရာင္ျခည္က သင့္ဆံပင္ရဲ႕ ခိုင္ခံမႈနဲ႔ elasticity ကိုလုံးပါးပါးေစပါတယ္။

အခ်ိန္အၾကာႀကီး အပူနဲ႔ ေနေရာင္ျခည္ထိေတြ႕မႈက ဆံပင္နဲ႔ ဦးေရျပားကို ေျခာက္ေသြ႕ေစၿပီး cuticle နဲ႔ဆံပင္အမွ်င္ေတြကို ပ်က္စီးေစပါတယ္။

ရလဒ္ကေတာ့ ဆံပင္ကြၽတ္ျခင္းကို ျဖစ္ေပၚေစပါတယ္။

ျဖစ္ႏိုင္ရင္ အျပင္ထြက္တိုင္း ေခါင္းေဆာင္းပါ။ ေနေရာင္ကာကြယ္ေဆးပါတဲ့ အလွကုန္ေတြကို သုံးစြဲပါ။

ေန႔စဥ္ ဆီလိမ္းေပးျခင္းျဖင့္ သင္ဦးေရျပားကို စိုစြတ္ေစပါ။

၃။ ဆံပင္တင္းတင္းစီးျခင္း…

က်စ္ဆံၿမီးက်စ္တာ၊ ထုံးတာနဲ႔ အျမင့္စီးတာက ဆံခ်ည္မွ်င္ေလးေတြကို ဆြဲဆုတ္ထားသလို တင္းမာေနေစပါတယ္။

ဒါက အခ်ိန္မတိုင္ခင္ ဆံပင္ကြၽတ္ေစၿပီး ဆံပင္ကို ပါးလာေစပါတယ္။

ဆံပင္သန္ဖို႔ မျဖစ္ႏိုင္တဲ့အတြက္ ဆံပင္က အားနည္းလာၿပီး မေပါက္ႏိုင္ေတာ့တဲ့အေျခအေနကိုေတာင္ ျဖစ္ေပၚေစပါတယ္။

အထူးသျဖင့္ အိပ္ေနစဥ္မွာ ေခါင္းအုံးေပၚလွိမ့္ျခင္းက ဆံပင္ကို ပိုၿပီးေတာ့ေတာင္ က်ိဳးပဲ့ႏိုင္ပါတယ္၊၊

ျဖစ္ႏိုင္ရင္ ဆံထုံးျမင့္ျမင့္ကို ဖြဖြေလးထုံးထားတာမ်ိဳး၊ စည္းထားတာမ်ိဳးလုပ္ေပးပါ။

၄။ ဆံပင္ကို အလုံအေလာက္မေလွ်ာ္တာ…

တစ္ပတ္မွာ ဘယ္ႏွစ္ခါေခါင္းေလွ်ာ္ပါသလဲ? ဦးေရျပားေပၚမွာ အဆီေတြ စုေဆာင္းျခင္း၊ ဖုန္မႈန႔္ေတြ တည္ေဆာက္ျခင္းႏွင့္ ဆံပင္အလွကုန္ေတြ က်န္ရွိျခင္းက hair follicles ေတြကို ပိတ္ေစႏိုင္တာေၾကာင့္ ဆံပင္ေပါက္ဖို႔ ခက္ခဲေစပါတယ္၊၊

ကုသမႈမလုပ္ဘူးဆိုရင္ ဆံပင္ပါးလႊာျခင္းနဲ႔ ကြၽတ္ျခင္းကို ျဖစ္ေပၚေစပါတယ္။

သင့္ဆံပင္အမ်ိဳးအစားေပၚမူတည္ၿပီး တစ္ပတ္ကို တစ္ႀကိမ္မွ ၂ႀကိမ္ေခါင္းေလွ်ာ္ပါ။

ေျခာက္ေသြ႕မႈမွ ကာကြယ္ဖို႔ ဆာလဖိတ္မပါတဲ့ ေခါင္းေလွ်ာ္ရည္ကို သုံးပါ။

၅။ ဆံပင္ ပုံမွန္မညႇပ္တာ….

ဆံပင္ကို မွန္မွန္တိေပးျခင္းက ႀကီးထြားမႈျဖစ္စဥ္ကို အေထာက္အကူျပဳၿပီး ပါးလႊာမႈကို ကာကြယ္ေပးႏိုင္ပါတယ္၊၊

ဆံပင္အဖ်ားကို ပုံမွန္တိေပးတာက ႂကြပ္ဆက္ေျခာက္ေသြ႕တဲ့ ဆံဖ်ားေတြကို ဖယ္ရွားေပးပါတယ္။

ဆံပင္အရွည္လည္း ျမန္ေစပါတယ္။ ၁၂ပတ္လွ်င္တစ္ခါေလာက္ ပုံမွန္တိေပးပါ။

unicode..

ကျွန်မတို့ ဆံပင်က ပုံမှန်အားဖြင့် တစ်နေ့ကို အပင် ၅ဝကနေ ၁ဝဝအထိ ကျွတ်လေ့ရှိပါတယ်။

ဒီလိုကျွတ်တာက ပုံမှန်ပဲဖြစ်ပြီး ကျွန်မတို့ရဲ့ ဦးရေပြားမှာ hair follicles လေးတွေ တစ်သိန်းကျော်ရှိတာကြောင့် သိပ်မသိသာပါဘူး။

သို့သော် တစ်ခါတစ်ရံမှာ အကြောင်းရင်းအမျိုးမျိုးကြောင့် ဆံပင်အရမ်းကျွတ်တာတွေ၊ အရမ်းပါးတာတွေ ကြုံရပါတယ်။

ကျွန်မတို့မိန်းကလေးအားလုံးက ဆံကေသာကို နူးညံ့တောက်ပပြီး ကျန်းမာချင်ကြပါတယ်။

ဒါ့ကြောင့် ဒီရည်မှန်းချက်ကို သွားတဲ့ခရီးမှာ ရှောင်ရှားနိုင်မယ့် အရာတွေကို ချစ်တို့အတက် မျှဝေပေးချင်ပါတယ်။

၁။ မနက်စာကို ကျော်သွားတာ….

သင့်မှာ ကယ်လိုရီအလုံအလောက်မရှိဘူးဆိုရင် သင့်ခန္ဓာကိုယ်က စွမ်းအင်အားလုံးကို (သင့်နှလုံးနဲ့ ဦးနှောက်က ဆံပင်နဲ့ ဦးရေပြားကို နောက်ကွယ်မှာ ချန်ထားခဲ့ခြင်းကဲ့သို့သော)

မဖြစ်မနေလိုအပ်တဲ့ လုပ်ငန်းဆောင်တာများဆီသို့ ဦးတည်ရာ ပြောင်းသွားပါတယ်။

အတိုင်းအချင့်နဲ့စားခြင်းက သင့်ဟော်မုန်းတွေကို shock ရစေနိုင်ပြီး ဆံပင်အသစ် အစားထိုးမပေါက်သေးခင်မှာ ဆံပင်ပါးတာကို ဖြစ်စေပါတယ်။

ပရိုတိန်းနဲ့အဆီများစွာ ပါဝင်သော ကျန်းမာသော အစားအစာကို စားပါ။

ဆံပင်က အများအားဖြင့် ပရိုတင်း (Keratin) နဲ့လုပ်ထားပါတယ်။

အဲဒါအလုံအလောက်မရရှိရင် ကျိုးပဲ့ပျက်စီးတဲ့ သဘောရှိပါတယ်။

တနေ့လျှင် ကယ်လိုရီ ၄၆ ဂရမ် (သို့) ၁၀% မှ ၃၅% ကိုရည်ရွယ်ပါတယ်။

၂။ အလွန်အကျွံ နေပူခံတာ…

အပြင်ထွက်တဲ့အခါ နေရဲ့ခရမ်းလွန်ရောင်ခြည်က သင့်ဆံပင်ရဲ့ ခိုင်ခံမှုနဲ့ elasticity ကိုလုံးပါးပါးစေပါတယ်။

အချိန်အကြာကြီး အပူနဲ့ နေရောင်ခြည်ထိတွေ့မှုက ဆံပင်နဲ့ ဦးရေပြားကို ခြောက်သွေ့စေပြီး cuticle နဲ့ဆံပင်အမျှင်တွေကို ပျက်စီးစေပါတယ်။

ရလဒ်ကတော့ ဆံပင်ကျွတ်ခြင်းကို ဖြစ်ပေါ်စေပါတယ်။

ဖြစ်နိုင်ရင် အပြင်ထွက်တိုင်း ခေါင်းဆောင်းပါ။ နေရောင်ကာကွယ်ဆေးပါတဲ့ အလှကုန်တွေကို သုံးစွဲပါ။

နေ့စဉ် ဆီလိမ်းပေးခြင်းဖြင့် သင်ဦးရေပြားကို စိုစွတ်စေပါ။

၃။ ဆံပင်တင်းတင်းစီးခြင်း…

ကျစ်ဆံမြီးကျစ်တာ၊ ထုံးတာနဲ့ အမြင့်စီးတာက ဆံချည်မျှင်လေးတွေကို ဆွဲဆုတ်ထားသလို တင်းမာနေစေပါတယ်။

ဒါက အချိန်မတိုင်ခင် ဆံပင်ကျွတ်စေပြီး ဆံပင်ကို ပါးလာစေပါတယ်။

ဆံပင်သန်ဖို့ မဖြစ်နိုင်တဲ့အတွက် ဆံပင်က အားနည်းလာပြီး မပေါက်နိုင်တော့တဲ့အခြေအနေကိုတောင် ဖြစ်ပေါ်စေပါတယ်။

အထူးသဖြင့် အိပ်နေစဉ်မှာ ခေါင်းအုံးပေါ်လှိမ့်ခြင်းက ဆံပင်ကို ပိုပြီးတော့တောင် ကျိုးပဲ့နိုင်ပါတယ်၊၊

ဖြစ်နိုင်ရင် ဆံထုံးမြင့်မြင့်ကို ဖွဖွလေးထုံးထားတာမျိုး၊ စည်းထားတာမျိုးလုပ်ပေးပါ။

၄။ ဆံပင်ကို အလုံအလောက်မလျှော်တာ…

တစ်ပတ်မှာ ဘယ်နှစ်ခါခေါင်းလျှော်ပါသလဲ? ဦးရေပြားပေါ်မှာ အဆီတွေ စုဆောင်းခြင်း၊ ဖုန်မှုန့်တွေ တည်ဆောက်ခြင်းနှင့် ဆံပင်အလှကုန်တွေ ကျန်ရှိခြင်းက hair follicles တွေကို ပိတ်စေနိုင်တာကြောင့် ဆံပင်ပေါက်ဖို့ ခက်ခဲစေပါတယ်၊၊

ကုသမှုမလုပ်ဘူးဆိုရင် ဆံပင်ပါးလွှာခြင်းနဲ့ ကျွတ်ခြင်းကို ဖြစ်ပေါ်စေပါတယ်။

သင့်ဆံပင်အမျိုးအစားပေါ်မူတည်ပြီး တစ်ပတ်ကို တစ်ကြိမ်မှ ၂ကြိမ်ခေါင်းလျှော်ပါ။

ခြောက်သွေ့မှုမှ ကာကွယ်ဖို့ ဆာလဖိတ်မပါတဲ့ ခေါင်းလျှော်ရည်ကို သုံးပါ။

၅။ ဆံပင် ပုံမှန်မညှပ်တာ….

ဆံပင်ကို မှန်မှန်တိပေးခြင်းက ကြီးထွားမှုဖြစ်စဉ်ကို အထောက်အကူပြုပြီး ပါးလွှာမှုကို ကာကွယ်ပေးနိုင်ပါတယ်၊၊

ဆံပင်အဖျားကို ပုံမှန်တိပေးတာက ကြွပ်ဆက်ခြောက်သွေ့တဲ့ ဆံဖျားတွေကို ဖယ်ရှားပေးပါတယ်။

ဆံပင်အရှည်လည်း မြန်စေပါတယ်။ ၁၂ပတ်လျှင်တစ်ခါလောက် ပုံမှန်တိပေးပါ။

Shar by (TarTay Media)

Be the first to comment

Leave a Reply

Your email address will not be published.


*