ဒေါ်အောင်ဆန်းစုကြည်အတွက် ပထမဆုံးစီရင်ချက် ချတော့မည်

ဖမ္းဆီးခံ ေဒၚေအာင္ဆန္းစုၾကည္ကို စြပ္စြဲထားသည့္ ဆူပူေအာင္လႈံ႔ေဆာ္မႈအတြက္ စီရင္ခ်က္ကို နိုဝင္ဘာလ ၃၀ ရက္ေန႔တြင္ ခ်မွတ္မည္ဟု ေမၽွာ္လင့္ရၿပီး ဆယ္စုႏွစ္မ်ားစြာ ေထာင္က်နိုင္သည့္ စစ္ေကာင္စီတရား႐ုံး၏ ဆုံးျဖတ္ခ်က္ အမ်ားအျပားအနက္ ပထမဆုံး ဆုံးျဖတ္ခ်က္ျဖစ္သည္။

အာဏာသိမ္း စစ္တပ္ကို ဆန္႔က်င္သည့္ ဆူပူေအာင္လႈံေဆာ္မႈတြင္ အျပစ္ရွိေၾကာင္း ဆုံးျဖတ္ပါက ေဒၚေအာင္ဆန္းစုၾကည္သည္ ေထာင္ ၃ ႏွစ္အထိ က်န္ိုင္ၿပီး ထိုအမႈသည္ ဒီမိုကေရစီေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္ကို နိုင္ငံေရးေလာကမွ အၿပီးတိုင္ ဖယ္ရွားရန္ ရည္ရြယ္သည့္ စြပ္စြဲခ်က္မ်ားအနက္ တခုမၽွသာျဖစ္သည္။

နိုဘယ္ဆုရွင္ေဒၚေအာင္ဆန္းစုၾကည္ကို ေဖေဖၚဝါရီလ ၁ ရက္ေန႔က စစ္ဗိုလ္ခ်ဳပ္မ်ားက သူ၏အစိုးရကို ျဖဳတ္ခ်ၿပီး ျမန္မာနိုင္ငံ၏ ဒီမိုကေရစီနိဒါန္းကို အဆုံးသတ္လိုက္ခ်ိန္မွ စတင္ဖမ္းဆီးထားသည္။

စစ္တပ္က တည္ေဆာက္ထားေသာ ေနျပည္ေတာ္ရွိ အထူးတရား႐ုံးတခုမွ ေဒၚေအာင္ဆန္းစုၾကည္၏ တရားခြင္မ်ားသို႔ သတင္းသမားမ်ားကို သြားေရာက္ခြင့္မေပဘဲ သူ၏ ေရွ႕ေနမ်ားကိုလည္း မီဒီယာႏွင့္ စကားေျပာခြင့္မေပးေပ။

အာဏာသိမ္းၿပီးေနာက္ ရက္အတန္ၾကာေသာအခါ ေဒၚေအာင္ဆန္းစုၾကည္ကို တရားမဝင္လမ္းေလၽွာက္ စကားေျပာစက္ ပိုင္ဆိုင္မႈႏွင့္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (NLD) အနိုင္ရသည့္ ေရြးေကာက္ပြဲအတြင္း ကိုရိုနာ ဗိုင္းရပ္စ္ ထိန္းခ်ဳပ္ေရး စည္းမ်ဥ္း ခ်ိဳးေဖါက္မႈစသည့္ မေရရာေသာ စြပ္စြဲခ်က္မ်ားျဖင့္ စြဲခ်က္တင္ခဲ့သည္။

ထို႔ေနာက္ စစ္ေကာင္စီသည္ နိုင္ငံေတာ္ လၽွို႔ဝွက္ခ်က္ဥပေဒခ်ိဳးေဖါက္မႈ၊ အဂတိလိုက္စားမႈႏွင့္ ေရြးေကာက္ပြဲ မသမာမႈ အပါအဝင္ အျခားစြဲခ်က္အမ်ားအျပားျဖင့္လည္း ေဒၚေအာင္ဆန္းစုၾကည္ကို ထပ္မံ စြပ္စြဲထားသည္။

“ေဒၚေအာင္ဆန္းစုၾကည္ကို ျပင္းထန္တဲ့ ေထာင္ဒဏ္ခ်မယ္ဆိုတာ ေသခ်ာတယ္” ဟု ျမန္မာနိုင္ငံတြင္ ယခင္က အေျခခ်ခဲ့ေသာ သုေတသီ ေဒါက္တာ ေဒးဗစ္ မက္သီဆြန္က AFP သတင္းဌာနကို ေျပာသည္။

ေမးစရာရွိတာက သူ႔ကို ဘယ္လိုပုံစံနဲ႔ေထာင္ခ်မွာလဲ ဆိုတာပဲ။ သာမန္အက်ဥ္းသားတေယာက္လို လူက်ပ္တဲ့ အမ်ိဳးသမီးေထာင္ တိုက္ထဲမွာ ထားမွာလား နိုင္ငံေတာ္ အထူးပုဂၢိဳလ္ေတြလို အိမ္မွာ ထားမွာလားဆိုတာပဲ” ဟု သူ ေျပာသည္။

ယခင္စစ္အုပ္စုလက္ထက္က ေဒၚေအာင္ဆန္းစုၾကည္ကို ရန္ကုန္ရွိ မိသားစုပိုင္ ကိုလိုနီေခတ္ေနအိမ္တြင္ ကာလ ၾကာျမင့္စြာ ဖမ္းဆီးခဲ့သည္။ လြတ္ေျမာက္လာခ်ိန္တိုင္း ေဒၚေအာင္ဆန္းစုၾကည္သည္ ၿခံစည္းရိုးတဘက္မွ ျပည္သူမ်ားစြာေရွ႕တြင္ မိန္႔ခြန္းေျပာခဲ့ဖူးသည္။

တခ်ိန္တည္းတြင္ ေဒၚေအာင္ဆန္းစုၾကည္ဦးေဆာင္ေသာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ အဆင့္ျမင့္အဖြဲ႕ဝင္မ်ား၏ တရားခြင္မ်ားကိုလည္း လၽွို႔ဝွက္လုပ္ၿပီး စစ္ေကာင္စီက ျပင္းထန္ေသာ ေထာင္ဒဏ္မ်ား ခ်ေနသည္။

ကရင္ျပည္နယ္ ဝန္ႀကီးခ်ဳပ္ နန္းခင္ေထြးျမင့္ကို ယခုလအေစာပိုင္းက ေထာင္ ၇၅ ႏွစ္ခ်ၿပီး ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ ရင္းႏွီးသည့္ ပါတီေခါင္းေဆာင္ ဦးဝင္းထိန္ကို ေထာင္ႏွစ္ ၂၀ ခ်သည္။

irrawaddy news

unicode..

ဖမ်းဆီးခံ ဒေါ်အောင်ဆန်းစုကြည်ကို စွပ်စွဲထားသည့် ဆူပူအောင်လှုံ့ဆော်မှုအတွက် စီရင်ချက်ကို နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ချမှတ်မည်ဟု မျှော်လင့်ရပြီး ဆယ်စုနှစ်များစွာ ထောင်ကျနိုင်သည့် စစ်ကောင်စီတရားရုံး၏ ဆုံးဖြတ်ချက် အများအပြားအနက် ပထမဆုံး ဆုံးဖြတ်ချက်ဖြစ်သည်။

အာဏာသိမ်း စစ်တပ်ကို ဆန့်ကျင်သည့် ဆူပူအောင်လှုံဆော်မှုတွင် အပြစ်ရှိကြောင်း ဆုံးဖြတ်ပါက ဒေါ်အောင်ဆန်းစုကြည်သည် ထောင် ၃ နှစ်အထိ ကျန်ိုင်ပြီး ထိုအမှုသည် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးလောကမှ အပြီးတိုင် ဖယ်ရှားရန် ရည်ရွယ်သည့် စွပ်စွဲချက်များအနက် တခုမျှသာဖြစ်သည်။

နိုဘယ်ဆုရှင်ဒေါ်အောင်ဆန်းစုကြည်ကို ဖေဖေါ်ဝါရီလ ၁ ရက်နေ့က စစ်ဗိုလ်ချုပ်များက သူ၏အစိုးရကို ဖြုတ်ချပြီး မြန်မာနိုင်ငံ၏ ဒီမိုကရေစီနိဒါန်းကို အဆုံးသတ်လိုက်ချိန်မှ စတင်ဖမ်းဆီးထားသည်။

စစ်တပ်က တည်ဆောက်ထားသော နေပြည်တော်ရှိ အထူးတရားရုံးတခုမှ ဒေါ်အောင်ဆန်းစုကြည်၏ တရားခွင်များသို့ သတင်းသမားများကို သွားရောက်ခွင့်မပေဘဲ သူ၏ ရှေ့နေများကိုလည်း မီဒီယာနှင့် စကားပြောခွင့်မပေးပေ။

အာဏာသိမ်းပြီးနောက် ရက်အတန်ကြာသောအခါ ဒေါ်အောင်ဆန်းစုကြည်ကို တရားမဝင်လမ်းလျှောက် စကားပြောစက် ပိုင်ဆိုင်မှုနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အနိုင်ရသည့် ရွေးကောက်ပွဲအတွင်း ကိုရိုနာ ဗိုင်းရပ်စ် ထိန်းချုပ်ရေး စည်းမျဉ်း ချိုးဖေါက်မှုစသည့် မရေရာသော စွပ်စွဲချက်များဖြင့် စွဲချက်တင်ခဲ့သည်။

ထို့နောက် စစ်ကောင်စီသည် နိုင်ငံတော် လျှို့ဝှက်ချက်ဥပဒေချိုးဖေါက်မှု၊ အဂတိလိုက်စားမှုနှင့် ရွေးကောက်ပွဲ မသမာမှု အပါအဝင် အခြားစွဲချက်အများအပြားဖြင့်လည်း ဒေါ်အောင်ဆန်းစုကြည်ကို ထပ်မံ စွပ်စွဲထားသည်။

“ဒေါ်အောင်ဆန်းစုကြည်ကို ပြင်းထန်တဲ့ ထောင်ဒဏ်ချမယ်ဆိုတာ သေချာတယ်” ဟု မြန်မာနိုင်ငံတွင် ယခင်က အခြေချခဲ့သော သုတေသီ ဒေါက်တာ ဒေးဗစ် မက်သီဆွန်က AFP သတင်းဌာနကို ပြောသည်။

မေးစရာရှိတာက သူ့ကို ဘယ်လိုပုံစံနဲ့ထောင်ချမှာလဲ ဆိုတာပဲ။ သာမန်အကျဉ်းသားတယောက်လို လူကျပ်တဲ့ အမျိုးသမီးထောင် တိုက်ထဲမှာ ထားမှာလား နိုင်ငံတော် အထူးပုဂ္ဂိုလ်တွေလို အိမ်မှာ ထားမှာလားဆိုတာပဲ” ဟု သူ ပြောသည်။

ယခင်စစ်အုပ်စုလက်ထက်က ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန်ရှိ မိသားစုပိုင် ကိုလိုနီခေတ်နေအိမ်တွင် ကာလ ကြာမြင့်စွာ ဖမ်းဆီးခဲ့သည်။ လွတ်မြောက်လာချိန်တိုင်း ဒေါ်အောင်ဆန်းစုကြည်သည် ခြံစည်းရိုးတဘက်မှ ပြည်သူများစွာရှေ့တွင် မိန့်ခွန်းပြောခဲ့ဖူးသည်။

တချိန်တည်းတွင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဆင့်မြင့်အဖွဲ့ဝင်များ၏ တရားခွင်များကိုလည်း လျှို့ဝှက်လုပ်ပြီး စစ်ကောင်စီက ပြင်းထန်သော ထောင်ဒဏ်များ ချနေသည်။

ကရင်ပြည်နယ် ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်ကို ယခုလအစောပိုင်းက ထောင် ၇၅ နှစ်ချပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ရင်းနှီးသည့် ပါတီခေါင်းဆောင် ဦးဝင်းထိန်ကို ထောင်နှစ် ၂၀ ချသည်။

irrawaddy news

Be the first to comment

Leave a Reply

Your email address will not be published.


*