
မႏၲေလးသား စစ္စစ္ေတြေတာင္မွ မသိၾကတဲ့ တျပဆိုတာ
“မႏၲေလး တစ္ျပ”
မႏၲေလးသူ မႏၲေလးသားေတြက ေျမျပင္ေပၚက ခရီးအကြာအေဝးကို ေျပာတဲ့အခါျဖစ္ျဖစ္၊ လမ္းညႊန္တဲ့အခါ ျဖစ္ျဖစ္ ၁ ျပ၊ ၂ ျပ၊ ၃ ျပ…. စသျဖင့္ ေျပာတတ္ၾကတယ္။
မႏၲေလးနဲ႔ စိမ္းတဲ့သူေတြက အဲ့ဒီ တစ္ျပႏွစ္ျပေတြကို ဘာေျပာမွန္း မသိၾကဘူး။
တခ်ိဳ့က ၾကားဖူးနားဝနဲ႔ နားလည္မွုလြဲၾကတယ္…
မႏၲေလး တစ္ျပဆိုတာ မေရမရာႀကီးလိုလိုအတိုင္းအဆမဲ့ေနသလိုလို၊ အရမ္းႀကီး ေဝးေန သလိုလို။
မသိေသးသူေတြ သိသြားေအာင္ က်ေနာ္ဖတ္မွတ္သိရွိခဲ့တာေလးေတြကို ျပန္လည္ ေဖာက္သည္ခ်ပါမယ္။
“မည္သူမဆို (မွားတာရွိရင္ ျပင္ေပးခဲ့ပါ)
မႏၲေလး ၁ ျပ ဟာ တာ ၅၀ ရွိပါတယ္။
အတိအက်ကို တာ ၅၀ ရွိတာပါ။
ေရွးျမန္မာအတိုင္းအတာအရ ‘တာ ၅၀’ ပါ။
၁ တာ မွာ ၇ ေတာင္ ရွိပါတယ္။
ျမန္မာအတိုင္းအတာ ၁ ေတာင္ဟာ အဂၤလိပ္အတိုင္းအတာ ၁၉လက္မခန္႔ နဲ႔ ညီမၽွပါတယ္။ (တခ်ိဳ့က ၁၈လက္မလို့ ယူၾကတယ္) ဆိုေတာ့…
တာ ၅၀ = အေတာင္ ၃၅၀ = ၆၆၅၀ လက္မ = ၅၅၄.၁ ေပ ၁ ျပ = ၅၅၄ ေပ ေပါ့ (အနီးစပ္ဆုံး)
အဲ့ဒီ တစ္ျပကို တာ ၅၀ က ဘယ္က လာတာလဲ…?
ၿမိဳ့ရိုးကေန လာတာပါ”မႏၲေလးနန္းၿမိဳ့ရိုးဟာ ေလးေထာင့္စပ္စပ္ပုံသ႑န္ ရွိပါတယ္။
ၿမိဳ့ရိုးကို ပစၥင္ ျပအိုး သူရဲခို သူရဲေျပး ရင္းတား စတာေတြနဲ႔ ဖြဲစည္း တည္ေဆာက္ထားၾကတယ္။
ၿမိဳ့ရိုးတစ္ဖက္ဟာ ‘တာ၆၀၀’ ရွည္ပါတယ္။
တာ ၅၀ တိုင္းမွာ ျပအိုးတစ္ခု ရွိပါတယ္။
အဲ့ဒီ ျပအိုးနဲ႔ တည့္တည့္ကို ဦးတိုက္ၿပီး မႏၲေလးလမ္းေတြကို ေဖာက္ထားတာပါ။
(Google map မွာ ၾကည့္ရင္ သိပါမယ္)
” ဒါေၾကာင့္…”
တစ္ျပဟာ တစ္လမ္း ပါ”ၿမိဳ့ရိုးေပၚက တစ္ျပနဲ႔တစ္ျပ အကြာအေဝးဟာ တစ္လမ္းနဲ႔တစ္လမ္း အကြာအေဝးပဲေပါ့။
တစ္လမ္းႏွစ္လမ္းမေျပာဘူး တစ္ျပႏွစ္ျပပဲ ေျပာတာ မႏၲေလးသား။ (အတူတူကိုး)ၿမိဳ့ရိုးတစ္ဖက္မွာ ၁၂ လမ္း ( ၁၂ျပ) ရွိပါတယ္။
ၿမိဳ့ရိုးနဲ႔ က်ဳံးၾကားက တာ ၂၀၊ က်ဳံးအက်ယ္က တာ ၂၀ နဲ႔ လမ္းေဘး ပလက္ေဖာင္း ဘာညာသာရကာက ၁၀တာ ေလာက္ ရွိေတာ့ ၿမိဳ့ရိုးကေန ေနာက္ထပ္ တာ၅၀ အကြာမွာ လမ္းတစ္လမ္း ယူထားတယ္။
” အဲ့တာေၾကာင့္…”
က်ဳံးတစ္ဖက္စီဟာ ၁၄ လမ္း (၁၄ျပ) ရွိပါတယ္။
ေျမာက္ဖက္က်ဳံးလမ္းဟာ လမ္းနံပတ္ ၁၂ပါ
ေတာင္ဖက္က်ဳံးဟာ လမ္းနံပတ္ ၂၆ ပါ
၁၄ လမ္း ရွိတယ္။
အေရွ႕က်ဳံးလမ္းဟာ လမ္းနံပတ္ ၆၆ ပါ
အေနာက္က်ဳံးလမ္းဟာ လမ္းနံပတ္ ၈၀ ပါ
၁၄လမ္း ရွိပါတယ္။
(တခ်ိဳ့ထင္သလို က်ဳံးတစ္ဖက္ဟာ ၂ မိုင္ မရွိပါ။ ၁မိုင္ခြဲခန္႔သာ ရွိပါမယ္။)
မႏၲေလးသားေတြက တစ္လမ္း ႏွစ္လမ္း သုံးလမ္းလို့ မေျပာဘဲ တစ္ျပ ႏွစ္ျပ သုံးျပ စသျဖင့္ ေျပာၾကတယ္”လမ္း နဲ႔ ျပ အေခၚ အတူတူပါပဲ။
(ၿမိဳ့ထဲပိုင္း ေျပာတာပါ၊ ၿမိဳ့သစ္ေတြ စက္မွုဇုန္ေတြထဲမေတာ့ လမ္းနံမည္ေတြဟာ ျဖစ္ခ်င္တိုင္း ျဖစ္ေနလိုက္တာမ်ား ခ်ီးပုံ ၾကက္ယက္ထားတဲ့ အတိုင္းပဲ၊ ပန္းနံမယ္ေတြ၊ ရာဇဝင္ထဲက အဘေတြရဲ့ နာမယ္ေတြနဲ႔ ဘယ္လမ္းဟာ ဘယ္နားရွိမွန္း မန္းေလးသားေတြကို မသိေတာ့တာ၊ ဇာတ္ပ်က္တယ္ဆိုတာ ဒါမ်ိဳးကို ေခၚတာေလ)
ခ်ဳပ္ၿပီးေျပာရရင္.မႏၲေလး ၁ ျပ ဟာ တခ်ိဳ့လူေတြထင္သလို မေရမရာ မတိမက် ဗရမ္းဗတာ မဟုတ္ပါဘူး။
၁ျပ = တစ္လမ္း = တာ ၅၀ = ေပ ၅၅၀ခန္႔ပါ”
Orginal writer
unicode..
မန္တလေးသား စစ်စစ်တွေတောင်မှ မသိကြတဲ့ တပြဆိုတာ
“မန္တလေး တစ်ပြ”
မန္တလေးသူ မန္တလေးသားတွေက မြေပြင်ပေါ်က ခရီးအကွာအဝေးကို ပြောတဲ့အခါဖြစ်ဖြစ်၊ လမ်းညွှန်တဲ့အခါ ဖြစ်ဖြစ် ၁ ပြ၊ ၂ ပြ၊ ၃ ပြ…. စသဖြင့် ပြောတတ်ကြတယ်။
မန္တလေးနဲ့ စိမ်းတဲ့သူတွေက အဲ့ဒီ တစ်ပြနှစ်ပြတွေကို ဘာပြောမှန်း မသိကြဘူး။
တချို့က ကြားဖူးနားဝနဲ့ နားလည်မှုလွဲကြတယ်…
မန္တလေး တစ်ပြဆိုတာ မရေမရာကြီးလိုလိုအတိုင်းအဆမဲ့နေသလိုလို၊ အရမ်းကြီး ဝေးနေ သလိုလို။
မသိသေးသူတွေ သိသွားအောင် ကျနော်ဖတ်မှတ်သိရှိခဲ့တာလေးတွေကို ပြန်လည် ဖောက်သည်ချပါမယ်။
“မည်သူမဆို (မှားတာရှိရင် ပြင်ပေးခဲ့ပါ)
မန္တလေး ၁ ပြ ဟာ တာ ၅၀ ရှိပါတယ်။
အတိအကျကို တာ ၅၀ ရှိတာပါ။
ရှေးမြန်မာအတိုင်းအတာအရ ‘တာ ၅၀’ ပါ။
၁ တာ မှာ ၇ တောင် ရှိပါတယ်။
မြန်မာအတိုင်းအတာ ၁ တောင်ဟာ အင်္ဂလိပ်အတိုင်းအတာ ၁၉လက်မခန့် နဲ့ ညီမျှပါတယ်။ (တချို့က ၁၈လက်မလို့ ယူကြတယ်) ဆိုတော့…
တာ ၅၀ = အတောင် ၃၅၀ = ၆၆၅၀ လက်မ = ၅၅၄.၁ ပေ ၁ ပြ = ၅၅၄ ပေ ပေါ့ (အနီးစပ်ဆုံး)
အဲ့ဒီ တစ်ပြကို တာ ၅၀ က ဘယ်က လာတာလဲ…?
မြို့ရိုးကနေ လာတာပါ”မန္တလေးနန်းမြို့ရိုးဟာ လေးထောင့်စပ်စပ်ပုံသဏ္ဍန် ရှိပါတယ်။
မြို့ရိုးကို ပစ္စင် ပြအိုး သူရဲခို သူရဲပြေး ရင်းတား စတာတွေနဲ့ ဖွဲစည်း တည်ဆောက်ထားကြတယ်။
မြို့ရိုးတစ်ဖက်ဟာ ‘တာ၆၀၀’ ရှည်ပါတယ်။
တာ ၅၀ တိုင်းမှာ ပြအိုးတစ်ခု ရှိပါတယ်။
အဲ့ဒီ ပြအိုးနဲ့ တည့်တည့်ကို ဦးတိုက်ပြီး မန္တလေးလမ်းတွေကို ဖောက်ထားတာပါ။
(Google map မှာ ကြည့်ရင် သိပါမယ်)
” ဒါကြောင့်…”
တစ်ပြဟာ တစ်လမ်း ပါ”မြို့ရိုးပေါ်က တစ်ပြနဲ့တစ်ပြ အကွာအဝေးဟာ တစ်လမ်းနဲ့တစ်လမ်း အကွာအဝေးပဲပေါ့။
တစ်လမ်းနှစ်လမ်းမပြောဘူး တစ်ပြနှစ်ပြပဲ ပြောတာ မန္တလေးသား။ (အတူတူကိုး)မြို့ရိုးတစ်ဖက်မှာ ၁၂ လမ်း ( ၁၂ပြ) ရှိပါတယ်။
မြို့ရိုးနဲ့ ကျုံးကြားက တာ ၂၀၊ ကျုံးအကျယ်က တာ ၂၀ နဲ့ လမ်းဘေး ပလက်ဖောင်း ဘာညာသာရကာက ၁ဝတာ လောက် ရှိတော့ မြို့ရိုးကနေ နောက်ထပ် တာ၅၀ အကွာမှာ လမ်းတစ်လမ်း ယူထားတယ်။
” အဲ့တာကြောင့်…”
ကျုံးတစ်ဖက်စီဟာ ၁၄ လမ်း (၁၄ပြ) ရှိပါတယ်။
မြောက်ဖက်ကျုံးလမ်းဟာ လမ်းနံပတ် ၁၂ပါ
တောင်ဖက်ကျုံးဟာ လမ်းနံပတ် ၂၆ ပါ
၁၄ လမ်း ရှိတယ်။
အရှေ့ကျုံးလမ်းဟာ လမ်းနံပတ် ၆၆ ပါ
အနောက်ကျုံးလမ်းဟာ လမ်းနံပတ် ၈၀ ပါ
၁၄လမ်း ရှိပါတယ်။
(တချို့ထင်သလို ကျုံးတစ်ဖက်ဟာ ၂ မိုင် မရှိပါ။ ၁မိုင်ခွဲခန့်သာ ရှိပါမယ်။)
မန္တလေးသားတွေက တစ်လမ်း နှစ်လမ်း သုံးလမ်းလို့ မပြောဘဲ တစ်ပြ နှစ်ပြ သုံးပြ စသဖြင့် ပြောကြတယ်”လမ်း နဲ့ ပြ အခေါ် အတူတူပါပဲ။
(မြို့ထဲပိုင်း ပြောတာပါ၊ မြို့သစ်တွေ စက်မှုဇုန်တွေထဲမတော့ လမ်းနံမည်တွေဟာ ဖြစ်ချင်တိုင်း ဖြစ်နေလိုက်တာများ ချီးပုံ ကြက်ယက်ထားတဲ့ အတိုင်းပဲ၊ ပန်းနံမယ်တွေ၊ ရာဇဝင်ထဲက အဘတွေရဲ့ နာမယ်တွေနဲ့ ဘယ်လမ်းဟာ ဘယ်နားရှိမှန်း မန်းလေးသားတွေကို မသိတော့တာ၊ ဇာတ်ပျက်တယ်ဆိုတာ ဒါမျိုးကို ခေါ်တာလေ)
ချုပ်ပြီးပြောရရင်.မန္တလေး ၁ ပြ ဟာ တချို့လူတွေထင်သလို မရေမရာ မတိမကျ ဗရမ်းဗတာ မဟုတ်ပါဘူး။
၁ပြ = တစ်လမ်း = တာ ၅၀ = ပေ ၅၅ဝခန့်ပါ”
Orginal writer
Leave a Reply