သူငယ္ခ်င္းျဖစ္သူ ေျပတီဦးရဲ့ ေမြးေန႔ေလးမွာ အလိုခ်င္ဆုံးဆုတစ္ခုကို စိတ္မေကာင္းစြာ ေတာင္းဆုပန္ေပးခဲ့တဲ့ ညီနႏၵ

အႏုပညာေလာကမွာ ေအာင္ျမင္မႈေတြနဲ႔ ေလၽွာက္လွမ္းေနတဲ့ ေျပတီဦးကေတာ့ လက္ရွိမွာ ျပည္သူပရိသတ္ေတြရဲ့ ခ်စ္ျခင္းေမတၱာေတြကိုအျပည့္အဝရရွိထားၿပီး ေလးစားရတဲ့ အႏုပညာရွင္တစ္ေယာက္ ျဖစ္လာခဲ့ပါၿပီ။

ေျပတီဦး ဟာ ေႏြဦးေတာ္လွန္ေရး လူထုလႈပ္ရွားမႈကာလေတြမွာ ျပည္သူေတြနဲ႔ တစ္သားတည္းရပ္တည္ၿပီး တက္ႂကြစြာ ပါဝင္လႈပ္ရွားမႈေတြေၾကာင့္ ၅၀၅(က) ျဖင့္ အမႈစြဲဆိုခံရၿပီး ဇနီးျဖစ္သူ အိျႏၵာေက်ာ္ဇင္ နဲ႔အတူ ဖမ္းဆီးခ်ဳပ္ေႏွာင္ခံခဲ့ရတာ ျဖစ္ပါတယ္။

လက္ရွိအခ်ိန္ထိ အခ်ဳပ္အေႏွာင္ထဲကေန ျပန္လည္လြတ္ေျမာက္လာျခင္း မရွိေသးတာေၾကာင့္ ျပည္သူ႔ပရိသတ္ေတြကလည္း မ်ားစြာစိတ္မေကာင္းျဖစ္ၿပီး ေန႔စဥ္အမၽွ လြတ္ေျမာက္လာေအာင္ ဆုေတာင္းေပးထားၾကတာ ျဖစ္ပါတယ္။

ဒီကေန႔ နိုဝင္ဘာ (၃၀) ရက္ေန႔မွာေတာ့ ျပည္သူ႔ပရိသတ္ေတြ ခ်စ္ခင္ရတဲ့ ေျပတီဦးရဲ့ အသက္ (၄၃) ႏွစ္ျပည့္ေမြးေန႔ေလးကို က်ေရာက္ခဲ့ၿပီပဲ ျဖစ္ပါတယ္။

ေျပတီဦး ရဲ့ ေမြးေန႔ေလးကိုလည္း ပရိသတ္ေတြနဲ႔ အႏုပညာေမာင္ႏုမတခ်ိဳ႕ကလည္း စိတ္မေကာင္းျဖစ္ေပမယ့္ သတိတရနဲ႔ ေမြးေန႔ဆုေတာင္းေပးထားၾကတာ ေတြ႕ရပါတယ္။

ဒီလို ဆုေတာင္းေပးထားတဲ့ အႏုပညာရွင္ေတြထဲမွာ သူငယ္ခ်င္းျဖစ္သူ ညီနႏၵကလည္း အလိုခ်င္ဆုံး ဆုတစ္ခုကို စိတ္မေကာင္းစြာ ေတာင္းဆုပန္ေပးထားခဲ့ပါတယ္။

ဒါကေတာ့ “သူငယ္ခ်င္းရဲ့ေမြးေန႔မွာ ဝဋ္ေႂကြးေတြအျမန္ေက်ပါေစလို႔ ဆုေတာင္းေပးပါတယ္” ဆိုၿပီး စိတ္မေကာင္းစြာ ေတာင္းဆုပန္ေပးထားတာ ျဖစ္ပါတယ္။

ခ်စ္ပရိသတ္ေတြကလည္း ဖမ္းဆီးခ်ဳပ္ေႏွာင္ခံထားရဆဲျဖစ္တဲ့ ေျပတီဦးကို အျမန္ဆုံးလြတ္ေျမာက္ေအာင္ ဆုေတာင္းစကားေတြလည္း ေျပာေပးခဲ့ပါဦးေနာ္။

သတင္းအရင္းအျမစ္៖ Source – Nyi Nanda

unicode..

အနုပညာလောကမှာ အောင်မြင်မှုတွေနဲ့ လျှောက်လှမ်းနေတဲ့ ပြေတီဦးကတော့ လက်ရှိမှာ ပြည်သူပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာတွေကိုအပြည့်အဝရရှိထားပြီး လေးစားရတဲ့ အနုပညာရှင်တစ်ယောက် ဖြစ်လာခဲ့ပါပြီ။

ပြေတီဦး ဟာ နွေဦးတော်လှန်ရေး လူထုလှုပ်ရှားမှုကာလတွေမှာ ပြည်သူတွေနဲ့ တစ်သားတည်းရပ်တည်ပြီး တက်ကြွစွာ ပါဝင်လှုပ်ရှားမှုတွေကြောင့် ၅၀၅(က) ဖြင့် အမှုစွဲဆိုခံရပြီး ဇနီးဖြစ်သူ အိန္ဒြာကျော်ဇင် နဲ့အတူ ဖမ်းဆီးချုပ်နှောင်ခံခဲ့ရတာ ဖြစ်ပါတယ်။

လက်ရှိအချိန်ထိ အချုပ်အနှောင်ထဲကနေ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးတာကြောင့် ပြည်သူ့ပရိသတ်တွေကလည်း များစွာစိတ်မကောင်းဖြစ်ပြီး နေ့စဉ်အမျှ လွတ်မြောက်လာအောင် ဆုတောင်းပေးထားကြတာ ဖြစ်ပါတယ်။

ဒီကနေ့ နိုဝင်ဘာ (၃၀) ရက်နေ့မှာတော့ ပြည်သူ့ပရိသတ်တွေ ချစ်ခင်ရတဲ့ ပြေတီဦးရဲ့ အသက် (၄၃) နှစ်ပြည့်မွေးနေ့လေးကို ကျရောက်ခဲ့ပြီပဲ ဖြစ်ပါတယ်။

ပြေတီဦး ရဲ့ မွေးနေ့လေးကိုလည်း ပရိသတ်တွေနဲ့ အနုပညာမောင်နုမတချို့ကလည်း စိတ်မကောင်းဖြစ်ပေမယ့် သတိတရနဲ့ မွေးနေ့ဆုတောင်းပေးထားကြတာ တွေ့ရပါတယ်။

ဒီလို ဆုတောင်းပေးထားတဲ့ အနုပညာရှင်တွေထဲမှာ သူငယ်ချင်းဖြစ်သူ ညီနန္ဒကလည်း အလိုချင်ဆုံး ဆုတစ်ခုကို စိတ်မကောင်းစွာ တောင်းဆုပန်ပေးထားခဲ့ပါတယ်။

ဒါကတော့ “သူငယ်ချင်းရဲ့မွေးနေ့မှာ ဝဋ်ကြွေးတွေအမြန်ကျေပါစေလို့ ဆုတောင်းပေးပါတယ်” ဆိုပြီး စိတ်မကောင်းစွာ တောင်းဆုပန်ပေးထားတာ ဖြစ်ပါတယ်။

ချစ်ပရိသတ်တွေကလည်း ဖမ်းဆီးချုပ်နှောင်ခံထားရဆဲဖြစ်တဲ့ ပြေတီဦးကို အမြန်ဆုံးလွတ်မြောက်အောင် ဆုတောင်းစကားတွေလည်း ပြောပေးခဲ့ပါဦးနော်။

သတင်းအရင်းအမြစ်៖ Source – Nyi Nanda

Be the first to comment

Leave a Reply

Your email address will not be published.


*