ဆောင်းရာသီမှာနှုတ်ခမ်းကွဲအက်တတ်သူတွေအတွက် အိမ်တွင်းသဘာဝထိန်းသိမ်းနည်း (၅) မျိုး

ဆောင်းရာသီမှာနှုတ်ခမ်းကွဲအက်တတ်သူတွေအတွက် အိမ်တွင်းသဘာဝထိန်းသိမ်းနည်း (၅) မျိုး

ဆောင်းလေအေးအေးက အနည်းနဲ့အများ အသားအရေကိုခြောက်သွေ့လာစေပါတယ်။ ဒီလိုရာသီရောက်တိုင်း ပုံမှန်ထက် နှုတ်ခမ်းသားခြောက်ကပ်ပြီး ကွဲအက်တတ်သူတွေအနေနဲ့ Lip Balm အပြင် သဘာဝနည်းလမ်းအချို့နဲ့လည်း ပြန်လည်ထိန်းသိမ်းပေးနိုင်ပါတယ်။

ဒါကြောင့် ပျိုမေတို့အတွက် ဒီတစ်ခေါက်မှာ လုပ်ရလွယ်ကူပြီး ဆောင်းရာသီကာလ နှုတ်ခမ်းကွဲခြောက်ခြင်းကို ထိထိရောက်ရောက်သက်သာစေမယ့် သဘာဝထိန်းသိမ်းနည်းတွေအကြောင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

အမြဲစိုပြေနေတဲ့နှုတ်ခမ်းသားလေးရဖို့အတွက် အောက်မှာဖော်ပြထားတဲ့နည်းလမ်းတွေနဲ့အတူ နေ့စဉ်အနည်းဆုံး ရေနှစ်လီတာခန့်သောက်သုံးပြီး ပေါ့ပေါ့ပါးပါးနဲ့ Watery ဖြစ်တဲ့ Cream အမျိုးအစားနှုတ်ခမ်းနီတွေကို အသုံးပြုပေးဖို့လည်း အကြံပြုချင်ပါတယ်နော်။

၁။ Petroleum Jelly လိမ်းပါ

Petroleum Jelly က နှုတ်ခမ်းသား ခြောက်သွေ့သွားခြင်းမရှိအောင် ကာကွယ်ပေးနိုင်ပါတယ်။ သင့်ရဲ့ကွဲအက်နေတဲ့ နှုတ်ခမ်းသားပေါ်ကို Lip Balm အရင်ဆိုးပေးပါ။ ပြီးနောက် အစိုဓာတ်အမြဲရနေစေဖို့ Petroleum Jelly အနည်းငယ်လိမ်းထားနိုင်ပါတယ်။

၂။ ရှားစောင်းလက်ပတ်အသုံးပြုပါ

ရှားစောင်းလက်ပတ်က နှုတ်ခမ်းကိုအစိုဓာတ်ဖြည့်ပေးနိုင်ပြီး ဆဲလ်သေတွေကိုပါ ဖယ်ရှားပေးနိုင်ပါတယ်။ ကွဲအက်နေတဲ့ နှုတ်ခမ်းသားကိုပြန်လည်သက်သာစေဖို့ ရှားစောင်းလက်ပတ် Gel တစ်မျိုးကို ညအိပ်ရာဝင်ခါနီးအချိန်တွေမှာ လိမ်းပေးနိုင်ပါတယ်။

၃။ ပျားရည်အသုံးပြုပါ

ပျားရည်မှာ ဘက်တီးရီးယားတွေဖယ်ရှားပေးပြီး အနာကျက်စေတဲ့အာနိသင်ပါဝင်တာကြောင့် နှုတ်ခမ်းကွဲအက်ဒဏ်ရာတွေကိုသက်သာစေနိုင်ပါတယ်။ အသုံးပြုရမယ့်နည်းကတော့ လက်အသန့်

ဒါမှမဟုတ် ဝါဂွမ်းစပေါ်မှာ ပျားရည်အနည်းငယ်စွတ်ပြီး နှုတ်ခမ်းပေါ်ခပ်ပါးပါးလိမ်းပေးပါ။ မိနစ် ၂၀ မှ ၃၀ အထိထားပြီးနောက် ပြန်လည်ရေဆေးချပေးနိုင်ပါတယ်။

၄။ အုန်းဆီအနည်းငယ်ပွတ်လိမ်းပါ

အုန်းဆီမှာလည်း ရောင်ရမ်းခြင်းကိုသက်သာစေတဲ့အာနိသင်တွေပါဝင်ပြီး နှုတ်ခမ်းသားကို စိုစိုပြေပြေ ဖြစ်စေပါတယ်။ ဒါကြောင့် သင့်နှုတ်ခမ်းပေါ် အုန်းဆီသီးသန့် ဒါမှမဟုတ် သကြားနဲ့အုန်းဆီ ရောလိမ်းပြီး မလိုအပ်တဲ့ ဆဲလ်သေတွေကိုပုံမှန်ဖယ်ရှားပေးသင့်ပါတယ်။

၅။ သကြားနဲ့ Exfoliate လုပ်ပေးပါ

Sugar Lip Scrub တိုက်ခြင်းကလည်း သင့်နှုတ်ခမ်းကိုပြည့်ပြည့်ဖူးဖူးလေးဖြစ်စေပြီး နှုတ်ခမ်းသားကြမ်းတမ်းခြင်းနဲ့ ညိုမဲခြင်းတွေကိုသက်သာစေနိုင်ပါတယ်။ သကြားတစ်ဇွန်းကို ပျားရည် (သို့) အုန်းဆီတစ်ဇွန်းနဲ့ရောပြီး

နှုတ်ခမ်းသားစိမ့်ဝင်တဲ့အထိ ပွတ်လိမ်းထားပေးပါ။ ပြီးနောက်ရေဆေးချပြီး Vaseline ဒါမှမဟုတ် အုန်းဆီတို့နဲ့ ပြန်လည်အစိုဓာတ်ထိန်းထားနိုင်ပါတယ်။

MyStyle Myanmar

unicode..

ေဆာင္းရာသီမွာႏႈတ္ခမ္းကြဲအက္တတ္သူေတြအတြက္ အိမ္တြင္းသဘာဝထိန္းသိမ္းနည္း (၅) မ်ိဳး

ေဆာင္းေလေအးေအးက အနည္းနဲ႔အမ်ား အသားအေရကိုေျခာက္ေသြ႕လာေစပါတယ္။ ဒီလိုရာသီေရာက္တိုင္း ပုံမွန္ထက္ ႏႈတ္ခမ္းသားေျခာက္ကပ္ၿပီး ကြဲအက္တတ္သူေတြအေနနဲ႔ Lip Balm အျပင္ သဘာဝနည္းလမ္းအခ်ိဳ႕နဲ႔လည္း ျပန္လည္ထိန္းသိမ္းေပးႏိုင္ပါတယ္။

ဒါေၾကာင့္ ပ်ိဳေမတို႔အတြက္ ဒီတစ္ေခါက္မွာ လုပ္ရလြယ္ကူၿပီး ေဆာင္းရာသီကာလ ႏႈတ္ခမ္းကြဲေျခာက္ျခင္းကို ထိထိေရာက္ေရာက္သက္သာေစမယ့္ သဘာဝထိန္းသိမ္းနည္းေတြအေၾကာင္းေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

အၿမဲစိုေျပေနတဲ့ႏႈတ္ခမ္းသားေလးရဖို႔အတြက္ ေအာက္မွာေဖာ္ျပထားတဲ့နည္းလမ္းေတြနဲ႔အတူ ေန႔စဥ္အနည္းဆုံး ေရႏွစ္လီတာခန႔္ေသာက္သုံးၿပီး ေပါ့ေပါ့ပါးပါးနဲ႔ Watery ျဖစ္တဲ့ Cream အမ်ိဳးအစားႏႈတ္ခမ္းနီေတြကို အသုံးျပဳေပးဖို႔လည္း အႀကံျပဳခ်င္ပါတယ္ေနာ္။

၁။ Petroleum Jelly လိမ္းပါ

Petroleum Jelly က ႏႈတ္ခမ္းသား ေျခာက္ေသြ႕သြားျခင္းမရွိေအာင္ ကာကြယ္ေပးႏိုင္ပါတယ္။ သင့္ရဲ႕ကြဲအက္ေနတဲ့ ႏႈတ္ခမ္းသားေပၚကို Lip Balm အရင္ဆိုးေပးပါ။ ၿပီးေနာက္ အစိုဓာတ္အၿမဲရေနေစဖို႔ Petroleum Jelly အနည္းငယ္လိမ္းထားႏိုင္ပါတယ္။

၂။ ရွားေစာင္းလက္ပတ္အသုံးျပဳပါ

ရွားေစာင္းလက္ပတ္က ႏႈတ္ခမ္းကိုအစိုဓာတ္ျဖည့္ေပးႏိုင္ၿပီး ဆဲလ္ေသေတြကိုပါ ဖယ္ရွားေပးႏိုင္ပါတယ္။ ကြဲအက္ေနတဲ့ ႏႈတ္ခမ္းသားကိုျပန္လည္သက္သာေစဖို႔ ရွားေစာင္းလက္ပတ္ Gel တစ္မ်ိဳးကို ညအိပ္ရာဝင္ခါနီးအခ်ိန္ေတြမွာ လိမ္းေပးႏိုင္ပါတယ္။

၃။ ပ်ားရည္အသုံးျပဳပါ

ပ်ားရည္မွာ ဘက္တီးရီးယားေတြဖယ္ရွားေပးၿပီး အနာက်က္ေစတဲ့အာနိသင္ပါဝင္တာေၾကာင့္ ႏႈတ္ခမ္းကြဲအက္ဒဏ္ရာေတြကိုသက္သာေစႏိုင္ပါတယ္။ အသုံးျပဳရမယ့္နည္းကေတာ့ လက္အသန႔္

ဒါမွမဟုတ္ ဝါဂြမ္းစေပၚမွာ ပ်ားရည္အနည္းငယ္စြတ္ၿပီး ႏႈတ္ခမ္းေပၚခပ္ပါးပါးလိမ္းေပးပါ။ မိနစ္ ၂၀ မွ ၃၀ အထိထားၿပီးေနာက္ ျပန္လည္ေရေဆးခ်ေပးႏိုင္ပါတယ္။

၄။ အုန္းဆီအနည္းငယ္ပြတ္လိမ္းပါ

အုန္းဆီမွာလည္း ေရာင္ရမ္းျခင္းကိုသက္သာေစတဲ့အာနိသင္ေတြပါဝင္ၿပီး ႏႈတ္ခမ္းသားကို စိုစိုေျပေျပ ျဖစ္ေစပါတယ္။ ဒါေၾကာင့္ သင့္ႏႈတ္ခမ္းေပၚ အုန္းဆီသီးသန႔္ ဒါမွမဟုတ္ သၾကားနဲ႔အုန္းဆီ ေရာလိမ္းၿပီး မလိုအပ္တဲ့ ဆဲလ္ေသေတြကိုပုံမွန္ဖယ္ရွားေပးသင့္ပါတယ္။

၅။ သၾကားနဲ႔ Exfoliate လုပ္ေပးပါ

Sugar Lip Scrub တိုက္ျခင္းကလည္း သင့္ႏႈတ္ခမ္းကိုျပည့္ျပည့္ဖူးဖူးေလးျဖစ္ေစၿပီး ႏႈတ္ခမ္းသားၾကမ္းတမ္းျခင္းနဲ႔ ညိဳမဲျခင္းေတြကိုသက္သာေစႏိုင္ပါတယ္။ သၾကားတစ္ဇြန္းကို ပ်ားရည္ (သို႔) အုန္းဆီတစ္ဇြန္းနဲ႔ေရာၿပီး

ႏႈတ္ခမ္းသားစိမ့္ဝင္တဲ့အထိ ပြတ္လိမ္းထားေပးပါ။ ၿပီးေနာက္ေရေဆးခ်ၿပီး Vaseline ဒါမွမဟုတ္ အုန္းဆီတို႔နဲ႔ ျပန္လည္အစိုဓာတ္ထိန္းထားႏိုင္ပါတယ္။

MyStyle Myanmar

Be the first to comment

Leave a Reply

Your email address will not be published.


*