၂၀၂၂ ပညာသင်နှစ် အဝေးသင် ကျောင်းအပ်နှံမှုတွေကို ထပ်မံ တိုးမြှင့်ပေးသည် ရက်စွဲ စကစ လက်အောက်ရှိ ပညာရေးဝန်ကြီးဌာနထုတ်ပြန်
crd-
unicode..
၂၀၂၂ ပညာသင်နှစ် အဝေးသင် ကျောင်းအပ်နှံမှုတွေကို ထပ်မံ တိုးမြှင့်ပေးသည် ရက်စွဲ စကစ လက်အောက်ရှိ ပညာရေးဝန်ကြီးဌာနထုတ်ပြန် ( အဝေးသင် ကျောင်းအပ်မည့်သူများသတိ…)
၂၀၂၂ ပညာသင်နှစ်၌ တက္ကသိုလ်အသီးသီး၏အဝေးသင် သင်တန်းများတွင် ဝိဇ္ဇာ၊သိပ္ပံအထူးပြု ဘာသာရပ်များဖြင့်ကျောင်းအပ်နှံရန်ကျန်ရှိသည့် အဝေးသင်ကျောင်းသား/ကျောင်းသူများကျောင်းအပ်မှတ်ပုံတင်ခြင်း
အဆင်ပြေစေရန် ဖေဖော်ဝါရီလ ၂၂ ရက်နေ့အထိတိုးမြှင့်လက်ခံဆောင်ရွက်ပေးမည်ဟုပညာရေးဝန်ကြီးဌာနထုတ်ပြန်ထားပါတယ်။အဝေးသင်တက္ကသိုဘ်များ၏စာစဉ်ပို့ချချက်များကို (၂၄-၁-၂၀၂၂) ရက်နေ့မှ
စတင်ပို့ချနေပြီဖြစ်သဖြင့် သတ်မှတ်ရက်အတွင်းစာစဉ်များကိုတင်သွင်းရမည်ဖြစ်ကြောင်းလည်း အဆင့်မြင့်ပညာဦးစီးဌာန၊ ပညာရေးဝန်ကြီးဌာနကအသိပေးထားသည်။
အလားတူကျန်းမာရေးဝန်ကြီးဌာနအောက်ရှိတက္ကသိုလ်များ၏ (ဘွဲ့ကြို)သင်တန်းများ၂၀၂၂-ခုနှစ်၊ဖေဖော်ဝါရီလ ၈ ရက်တွင်ဖွင့်လှစ်မည်ဖြစ်ကြောင်းလည်း ကျန်းမာရေးဝန်ကြီးဌာနက ကြေညာထားသည်။ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ
ဆေးတက္ကသိုလ်များ၊ ဆေးပညာနှီးနွယ်တက္ကသိုလ်များနှင့်တိုင်းရင်းဆေးတက္ကသိုလ်၊မန္တလေးတွင်အောက်ဖော်ပြပါသင်တန်းများကို ၂၀၂၂-ခုနှစ်၊ဖေဖော်ဝါရီလ ၈ ရက်တွင်ဖွင့်လှစ်မည်ဖြစ်ဖြစ်၍
သက်ဆိုင်ရာတက္ကသိုလ်များ၏ ဖေ့စ်ဘုတ်စာမျက်နှာနှင့် ဝက်ဆိုဒ်တို့တွင် ဝင်ရောက်ကြည့်ရှုခြင်း၊ တက္ကသိုလ်များသို့ တိုက်ရိုက်စုံစမ်းမေးမြန်းခြင်းများဆောင်ရွက်နိုင်ကြောင်းဝန်ကြီးဌာနဘက်က ကြေညာထားပါတယ်။ဖွင့်လှစ်မည့်
သင်တန်းများနှင့်ပတ်သတ်ပြီး ဆေးတက္ကသိုလ်များ၏နောက်ဆုံးနှစ် အမ်ဘီဘီအက်စ် အပိုင်း(ခ)(၂/၂၀၂၂) အတန်းသစ်နှင့်နောက်ဆုံးနှစ် အမ်ဘီဘီအက်စ် အပိုင်း(က)(၂/၂၀၂၂) အတန်းသစ် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များ၏ စတုတ္ထနှစ်ဘီဒီအက်စ်(၁/၂၀၂၀) (ပုံမှန်)သင်တန်းနှင့်
တတိယနှစ်ဘီဒီအက်စ်(၁/၂၀၂၀) (ပုံမှန်)သင်တန်း ၊ ဆေးဝါးတက္ကသိုလ်များ၊ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်များ၊သူနာပြုတက္ကသိုလ်များ၊အခြေခံကျန်းမာရေးတက္ကသိုလ်။
မကွေးနှင့်တိုင်းရင်းဆေးတက္ကသိုလ်၊မန္တလေးတို့၏ တတိယနှစ်(၁/၂၀၂၀)(ပုံမှန်)သင်တန်းများဖြစ်သည်ဟုထုတ်ပြန်ချက်ထဲဖော်ပြထားပါတယ်။
crd-
Be the first to comment
Leave a Reply
Your email address will not be published.
*