စစ်မှန်တဲ့အချစ်ဆိုတာ ဒီလိုလေးတွေပါ

စစ္မွန္တဲ့အခ်စ္ဆိုတာ ဒီလိုေလးေတြပါ

ဒီအရာေလးေတြကိုဖတ္ၿပီး ခိုင္ၿမဲတဲ့ Relationship ေတြ တည္ေဆာက္ႏိုင္ၾကပါေစ။

(၁) စိတ္ရွည္သည္းခံတတ္တယ္

ကိစၥတစ္ခုခုျဖစ္တိုင္း ထစ္ခနဲရွိစိတ္တို၊ ထစ္ခနဲရွိစိတ္ေကာက္တာကေတာ့ မျဖစ္သင့္ပါဘူး။ ဒါဟာ ကိုယ္ခ်စ္ေနတဲ့သူကို စိတ္ဒုကၡေပးရာလည္းေရာက္တဲ့အျပင္ အတၱႀကီးရာလည္းေရာက္ပါတယ္။

စစ္မွန္တဲ့ ခ်စ္ခ်င္းေမတၱာဟာ အၿမဲတမ္းစိတ္ရွည္တယ္၊ အၿမဲတမ္းသည္းခံတယ္။

(၂) ၾကင္နာတယ္

ရင္ထဲမွာ အခ်စ္စစ္ရွိခဲ့ရင္ အလိုလိုၾကင္နာတတ္လာပါတယ္။ ခ်စ္ျခင္းေမတၱာဆိုတာ အလြန္သိမ္ေမြ႕တဲ့ ခံစားခ်က္ျဖစ္တာေၾကာင့္ မာေက်ာေနတဲ့ ႏွလုံးသားကိုေတာင္ ႏူးညံ့သြားေစပါတယ္။

တစ္ခ်ိဳ႕ေတြက ခ်စ္ေတာ့ခ်စ္ပါရဲ႕ မၾကင္နာတတ္ၾကပါဘူး။ ဒါဆိုရင္ေတာ့ ေသခ်ာျပန္စဥ္းစားသင့္ပါၿပီ။ ခ်စ္ျခင္းေမတၱာကို ထင္ဟပ္ေစတဲ့ၾကင္နာမႈမ်ိဳး မေပးတတ္ဘူးဆိုရင္ေတာ့ သင့္အခ်စ္က စစ္မွန္ရဲ႕လား။

(၃) မနာလိုျခင္းမရွိဘူး၊ ဝါႂကြားျခင္းမရွိဘူး

တစ္ခါတေလ သူ႔ဘက္ကခ်ည္းပဲ သာေနတဲ့ အခါေတြရွိပါတယ္။ ဒါေပမယ့္ အခ်စ္ဆိုတာ ၿပိဳင္ပြဲမွမဟုတ္ပဲ။
ဘယ္သူကပဲသာသာ အေရးမႀကီးပါဘူးသာတဲ့သူေပ်ာ္ရင္ ကိုယ္လည္းေပ်ာ္တယ္။ သူဝမ္းနည္းရင္ ကိုယ္လည္းဝမ္းနည္းရတယ္ မဟုတ္လား။

(၄) တစ္ကိုယ္ေကာင္းမဆန္ဘူး

အခ်စ္စစ္ဆိုတာ ဘယ္ေတာ့မွတစ္ကိုယ္ေကာင္း မဆန္တတ္ပါဘူး။ ကိုယ္ပဲ အခ်စ္ခံခ်င္၊ အေခ်ာ့ခံခ်င္ေနလို႔ မရပါဘူး။

တစ္ခါတေလ သူ႔မွာလည္း အခက္အခဲေတြအမ်ားႀကီးရွိမယ္။ သူ႔ရဲ႕အားနည္းခ်က္ေတြကို စာနာၿပီး သူ႔ရဲ႕ခ်ိဳ႕ယြင္းခ်က္ေလးေတြကိုလည္း ခြင့္လႊတ္ေပးႏိုင္ရပါမယ္။

(၅) အမွားေတြကိုမွတ္မထားဘူး

တစ္ခါေလးမွားမိတာကို တစ္သက္လုံးအျပစ္မတင္ပါနဲ႔။ လူဆိုတာ အမွားနဲ႔ မကင္းႏိုင္ၾကပါဘူး။

သူ႔အမွားေတြကို ျပင္ဆင္ၿပီး ေနသြားရင္ၿပီးတာပါပဲ။ သင္ပုန္းေခ်ၿပီး သူ႔အမွားေတြကို ခြင့္လႊတ္ေပးလိုက္ပါ။

(၆) အၿမဲကာကြယ္ေပးတယ္

လူတစ္ေယာက္ကို တကယ္ခ်စ္မိသြားရင္ ကာကြယ္ေပးလိုစိတ္ အလိုလိုျဖစ္ေပၚလာပါတယ္။ ကိုယ္က အင္အားႀကီးတာ နည္းတာ အပထား ကိုယ့္ရဲ႕ရွိသမွ်ခြန္အားနဲ႔ ကာကြယ္ေပးခ်င္တာပါ။

တစ္ေလာကလုံးနဲ႔ တစ္ေယာက္ျဖစ္ေနရင္ေတာင္ သူ႔ဘက္ကပဲ ရပ္တည္ေပးမွာပါ။

(၇) ေမွ်ာ္လင့္ခ်က္အၿမဲတမ္းရွိတယ္

အခ်စ္စစ္ဆိုတာ ဘယ္ေတာ့မွစိတ္မကုန္တတ္ပါဘူး။ ကိုယ္ခ်စ္ရတဲ့သူနဲ႔ ပတ္သက္တဲ့ ေကာင္းမြန္တဲ့ေမွ်ာ္လင့္ခ်က္ေတြဟာ ဘယ္ေတာ့မွ အဆုံးသတ္မသြားတတ္ပါဘူး။

Em Em

unicode..

စစ်မှန်တဲ့အချစ်ဆိုတာ ဒီလိုလေးတွေပါ

ဒီအရာလေးတွေကိုဖတ်ပြီး ခိုင်မြဲတဲ့ Relationship တွေ တည်ဆောက်နိုင်ကြပါစေ။

(၁) စိတ်ရှည်သည်းခံတတ်တယ်

ကိစ္စတစ်ခုခုဖြစ်တိုင်း ထစ်ခနဲရှိစိတ်တို၊ ထစ်ခနဲရှိစိတ်ကောက်တာကတော့ မဖြစ်သင့်ပါဘူး။ ဒါဟာ ကိုယ်ချစ်နေတဲ့သူကို စိတ်ဒုက္ခပေးရာလည်းရောက်တဲ့အပြင် အတ္တကြီးရာလည်းရောက်ပါတယ်။

စစ်မှန်တဲ့ ချစ်ချင်းမေတ္တာဟာ အမြဲတမ်းစိတ်ရှည်တယ်၊ အမြဲတမ်းသည်းခံတယ်။

(၂) ကြင်နာတယ်

ရင်ထဲမှာ အချစ်စစ်ရှိခဲ့ရင် အလိုလိုကြင်နာတတ်လာပါတယ်။ ချစ်ခြင်းမေတ္တာဆိုတာ အလွန်သိမ်မွေ့တဲ့ ခံစားချက်ဖြစ်တာကြောင့် မာကျောနေတဲ့ နှလုံးသားကိုတောင် နူးညံ့သွားစေပါတယ်။

တစ်ချို့တွေက ချစ်တော့ချစ်ပါရဲ့ မကြင်နာတတ်ကြပါဘူး။ ဒါဆိုရင်တော့ သေချာပြန်စဉ်းစားသင့်ပါပြီ။ ချစ်ခြင်းမေတ္တာကို ထင်ဟပ်စေတဲ့ကြင်နာမှုမျိုး မပေးတတ်ဘူးဆိုရင်တော့ သင့်အချစ်က စစ်မှန်ရဲ့လား။

(၃) မနာလိုခြင်းမရှိဘူး၊ ဝါကြွားခြင်းမရှိဘူး

တစ်ခါတလေ သူ့ဘက်ကချည်းပဲ သာနေတဲ့ အခါတွေရှိပါတယ်။ ဒါပေမယ့် အချစ်ဆိုတာ ပြိုင်ပွဲမှမဟုတ်ပဲ။
ဘယ်သူကပဲသာသာ အရေးမကြီးပါဘူးသာတဲ့သူပျော်ရင် ကိုယ်လည်းပျော်တယ်။ သူဝမ်းနည်းရင် ကိုယ်လည်းဝမ်းနည်းရတယ် မဟုတ်လား။

(၄) တစ်ကိုယ်ကောင်းမဆန်ဘူး

အချစ်စစ်ဆိုတာ ဘယ်တော့မှတစ်ကိုယ်ကောင်း မဆန်တတ်ပါဘူး။ ကိုယ်ပဲ အချစ်ခံချင်၊ အချော့ခံချင်နေလို့ မရပါဘူး။

တစ်ခါတလေ သူ့မှာလည်း အခက်အခဲတွေအများကြီးရှိမယ်။ သူ့ရဲ့အားနည်းချက်တွေကို စာနာပြီး သူ့ရဲ့ချို့ယွင်းချက်လေးတွေကိုလည်း ခွင့်လွှတ်ပေးနိုင်ရပါမယ်။

(၅) အမှားတွေကိုမှတ်မထားဘူး

တစ်ခါလေးမှားမိတာကို တစ်သက်လုံးအပြစ်မတင်ပါနဲ့။ လူဆိုတာ အမှားနဲ့ မကင်းနိုင်ကြပါဘူး။

သူ့အမှားတွေကို ပြင်ဆင်ပြီး နေသွားရင်ပြီးတာပါပဲ။ သင်ပုန်းချေပြီး သူ့အမှားတွေကို ခွင့်လွှတ်ပေးလိုက်ပါ။

(၆) အမြဲကာကွယ်ပေးတယ်

လူတစ်ယောက်ကို တကယ်ချစ်မိသွားရင် ကာကွယ်ပေးလိုစိတ် အလိုလိုဖြစ်ပေါ်လာပါတယ်။ ကိုယ်က အင်အားကြီးတာ နည်းတာ အပထား ကိုယ့်ရဲ့ရှိသမျှခွန်အားနဲ့ ကာကွယ်ပေးချင်တာပါ။

တစ်လောကလုံးနဲ့ တစ်ယောက်ဖြစ်နေရင်တောင် သူ့ဘက်ကပဲ ရပ်တည်ပေးမှာပါ။

(၇) မျှော်လင့်ချက်အမြဲတမ်းရှိတယ်

အချစ်စစ်ဆိုတာ ဘယ်တော့မှစိတ်မကုန်တတ်ပါဘူး။ ကိုယ်ချစ်ရတဲ့သူနဲ့ ပတ်သက်တဲ့ ကောင်းမွန်တဲ့မျှော်လင့်ချက်တွေဟာ ဘယ်တော့မှ အဆုံးသတ်မသွားတတ်ပါဘူး။

Em Em

Be the first to comment

Leave a Reply

Your email address will not be published.


*